FREE Fire ဟာမကြာသေးမှီက Legendary ဂိမ်းတစ်ခုဖြစ်တဲ့ Assassin’s Creed  နဲ့ Colleboration  ပြုလုပ်ထားပါတယ်။ဒီ Event ကိုဂိမ်းရဲ့ Event Calendar ထဲမှာတော့ကြေညာထားတာကြာပါပြီ။ဖေဖော်ဝါရီလ ၂၈ ရက်နေ့ကစတင်ခဲ့ပြီး မတ်လ ၁၃ ရက်နေ့မှာအဆုံးသတ်မှာဖြစ်ပါတယ်။The Creed of Fire ဆိုတဲ့ခေါင်းစဥ်အောက်ကနေ ကစားသူတွေကို ဆုလက်ဆောင်တွေပေးသွားမယ်လို့လည်းသိရပါတယ်။

Photo via Gurugamer

 Event ထဲမှာပါဝင်တဲ့ လက်ဆောင်တွေကတော့ pet skin တွေ၊သေနတ်စကင်တွေနဲ့ Bundle Outfit တွေဖြစ်ပါတယ်။ကစားသူတွေဟာ Assassin’s Coin တွေကို Battle Royal ပွဲတွေ၊CS mode နဲ့  Lone Wolf Mode တွေကိုဆော့ကစားရင်းရရှိနိုင်ပါတယ်။

Photo via Gamingguru

အဲ့ဒီ Coin တွေကိုအသုံးပြုပြီး ကစားသူတွေဟာ အဆင့် ၇ ခုကိုဖွင့်ရမှာပါ။အဆင့်တစ်ခုဖွင့်ပြီးမှ နောက်တစ်ခု၊အဲ့လိုပုံစံနဲ့အကုန်လုံးကိုဖွင့်သွားရမှာဖြစ်ပါတယ်။Assassin’s Creed Top-Up မှာဆိုရင် ကစားသူကဖြည့်တဲ့စိန်အလုံးရေအလိုက် ဓားမြှောင်စကင်တွေနဲ့ Emote တွေရရှိမှာဖြစ်ပါတယ်။

Photo via Gutugamer

နောက်တစ်ပိုင်းဖြစ်တဲ့ Assassin’s Traning part မှာတော့ ကစားသူဟာကိုယ်ရရှိတဲ့ Kill အရဆုလက်ဆောင်တွေရရှိမှာပါ။ဘောက်ချာတွေကနေပြီး Outfit skin တွေအထိပါဝင်ပါတယ်။Assassin’s Traning Part 2 မှာတော့ ဘောက်ချာတွေအပြင် သေနတ်စကင်တွေပါရရှိမှာဖြစ်ပြီး ဒီအပိုင်းမှာရရှိမဲ့လက်ဆောင်တွေက ပိုများပါတယ်။

Photo via SPIN Esports

Assassin’s Creed Royal မှာတော့ကစားသူဟာ စိန်အလုံး ၄၀ အသုံးပြုပြီး Spin တစ်ခါလှည့်နိုင်မှာဖြစ်ပါတယ်။ဒီအပိုင်းက ဆုလက်ဆောင်တွေကတော့ Outfit တွေ၊သေနတ်စကင်တွေဖြစ်ပြီး တခြားအဆင့်တွေထက် ဆုတွေကပိုကြီးပါတယ်။

Event ကပြီးဆုံးဖို့သိပ်မလိုတော့တဲ့အပြင် ကြားထဲကအဆင့်တစ်ခုစီကလည်း ပြီးဆုံးချိန်တွေမတူညီကြတာကြောင့် Free Fire ဆော့ကစားသူတွေ ခုချက်ချင်းပဲ Event ထဲကိုဝင်စစ်ကြည့်လိုက်ကြပါဦး။

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။