ကမ္ဘာတဝှမ်းအကြီး အကျယ်အောင်မြင်ခဲ့တဲ့ Clash of Clans ဂိမ်းရဲ့အဆက်ဂိမ်းလို့ပြောနိုင်တဲ့ Clash Royal ဂိမ်းဟာစထွက်ခဲ့တဲ့အချိန်ကနေ ခြောက်နှစ်ပြည့်သွားပြီဖြစ်ပါတယ်။Clash Royal ကလည်းစစထွက်ခဲ့ကတည်းက တော်တော်လေးအောင်မြင်ခဲ့တဲ့ဂိမ်းဖြစ်ပါတယ်။အခုခြောက်နှစ်ပြည့်ကိုတော့ ဂိမ်းပရိသတ်တွေနဲ့အတူ အောင်ပွဲခံနေပြီး ဂိမ်းထဲမှာ အခမဲ့ In Game Item တွေပေးနေပါတယ်။

Clash Royal ကိုမတ်လ ၆ ရက် ၂၀၁၆ ခုနှစ်ကစတင်ဖြန့်ချီခဲ့ပြီး Clash of Clans ဂိမ်းရဲ့အဆက်ဖြစ်ပါတယ်။Supercell ကပဲထုတ်လုပ်ပေးထားတာဖြစ်ပြီး တခြား Clash Quest,Clash Minis,Clash Heros ဆိုပြီးတခြားဂိမ်းတွေထပ်ထွက်ဖို့ ကြေညာထားပေမဲ့ ခုချိန်ထိတော့အဲ့ဂိမ်းတွေမထွက်လာသေးပါဘူး။

Photo via Gamingonphone

Clash of Clans နဲ့ Clash Royals နှစ်ခုလုံက Real time Streagy ဂိမ်းတွေဖြစ်ပေမဲ့ Clash Royal ကကဒ်တွေနဲ့ကစားရတဲ့ဂိမ်းဖြစ်တာကြောင့် နည်းနည်းပိုပြီးရိုးရိုးရှင်းရှင်းနဲ့ထူးခြားပါတယ်။စထွက်ကတည်းက Review  ကောင်းတွေအများအပြားရရှိခဲ့ပြီး Supercell ရဲ့အကောင်းဆုံးဂိမ်းတွေထဲမှာတစ်ခုအပါအဝင်ပါပဲ။

 Photo via Supercell

ဂိမ်းခြောက်နှစ်ပြည့်ကိုအောင်ပွဲခံတဲ့အနေနဲ့ ကစားသမားတွေကို လက်ဆောင်တွေပေးအပ်သွားမယ်လို့သိရပါတယ်။ပထမဆုံးလက်ဆောင်ကတော့  Emote တစ်ခုဖြစ်ပြီးဂိမ်းထဲဝင်လိုက်တာနဲ့ ချက်ချင်းရရှိနိုင်ပါတယ်။တခြားလက်ဆောင်တွေမကြေညာသေးပေမဲ့ ထပ်ရှိနိုင်သေးတာမလို့ ခုပဲဂိမ်းထဲဝင်ပြီးဝင်စစ်ကြည့်လိုက်ကြပါဦး။

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။