Call of Duty မိုဘိုင်းဟာ ကစားသူပရိသတ်တွေအတွက် စိတ်လှုပ်ရှားစရာသတင်းတစ်ခုကို ကြေညာလိုက်ပါတယ်။အဆိုပါသတင်းကတော့ AK 47 သေနတ်စကင်တစ်ခုကို လွယ်လွယ်လေးရရှိမဲ့သတင်းဖြစ်ပါတယ်။စကင်ရရှိဖို့လုပ်ရမှာကလည်း Event တွေဘာတွေဝင်ပြိုင်ရမှာမဟုတ်ပဲ Call of Duty Mobile ကချပေးထားတဲ့ စစ်တမ်းတစ်ခုကိုဝင်ရောက်ဖြေဆိုယုံနဲ့ ရရှိမှာပါ။အဆိုပါ စစ်တမ်းကိုတော့ COD Mobile ရဲ့တွစ်တာမှာတင်ပေးထားပါတယ်။

စစ်တမ်းဖြေရမဲ့ link နဲ့ Tweet

ရရှိမဲ့စကင်ကတော့ AK 47 Playmaker စကင်ဖြစ်ပြီး ဂိမ်းထဲမှာအသုံးများတဲ့သေနတ်အတွက် နာမည်ကြီးစကင်တစ်ခုဖြစ်ပါတယ်။စကင်ပုံစံကဘာမှထူးထူးခြားခြားမပြောင်းလဲသွားပဲ အရောင်နည်းနည်းတောက်လာတာကလွဲလို့ ဘာမှသိပ်မထူးခြားပေမဲ့ အခမဲ့စကင်တစ်ခုအနေနဲ့ တော်တော်လေးကိုမိုက်ပါတယ်။၊အဲ့အပြင် ကိုယ်ကဘာမှထူးထူးခြားခြားလုပ်စရာမလိုပဲ စစ်တမ်းဖြေယုံနဲ့ရှိမှာဖြစ်တာကြောင့် ယူထားသင့်တဲ့စကင်တစ်ခုပါ။ဒီစကင်ဟာ သေနတ်ရဲ့  Epic skin လည်းဖြစ်ပါတယ်။

Photo via Gamingonphone

စစ်တမ်းကိုဝင်ဖြေပြီးခါနီးမှာပဲ ကစားသူရဲ့ In Game ID နံပါတ်ကိုတောင်းခံမှာဖြစ်ပါတယ်။အဲ့နေရာမှာကိုယ့်ရဲ့  ID နံပါတ်ထည့်ပေးလိုက်ရင်ရပါပြီ။အကုန်ဖြေဆိုပြီးပြီဆိုရင်တော့ In Game Message Box ကိုခဏခဏစစ်ဆေးနေရမှာပါ။စကင်က မက်ဆေ့ချ်ထဲဝင်နေမှာကြောင့်ဖြစ်ပါတယ်။ဒါပေမဲ့စိတ်တော့ရှည်ရပါမယ်။တချို့ကစားသူတွေဟာ တစ်ပတ်ကနေ တစ်လလောက်ထိကြာမြင့်နိုင်တယ်လို့ တွေ့ရတာကြောင့်ပါ။

Photo via Activision

နောက်ထပ်အရေးကြီးတာတစ်ခုကတော့ ဒီစကင်ဟာ Call of Duty Global ဗားရှင်းမှာပဲရနိုင်မှာပါ။အာရှ‌‌‌‌ထဲမှာ အ‌ဆော့များကြတဲ့ COD Garena တို့မှာရရှိမှာမဟုတ်ပါဘူး။ID ထည့်တဲ့အချိန်ကျရင် Global ဗားရှင်းရဲ့  ID ကိုထည့်ပေးဖို့အရေးကြီးပါတယ်။စစ်တမ်းဖြေပြီး သေနတ်စကင်တစ်ခုရယူနိုင်မဲ့ Event ဟာမတ်လ ၈ ရက်နေ့ထိပဲရှိမှာမလို့ အဲ့မတိုင်ခင်အမြန်ယူထားဖို့လိုအပ်ပါတယ်။၈ရက်နေ့ကျော်သွားရင် စစ်တမ်းတော့ဖြေလို့ရသေးပေမဲ့ သေနတ်စကင်တော့ရရှိတော့မှာမဟုတ်ပါဘူး။

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။