PlayStation One ဆိုတာထွက်ခဲ့တာနှစ်ပေါင်းများစွာကြာလွန်းလို့ ခုဆိုရင် PlayStation 5 ထိပါထွက်ထားခဲ့ပြီးပါပြီ။အဲလို့ PS စီးရီးကတစစတိုးတက်လာတာနဲ့အမျှ ဂိမ်းတွေရဲ့ရုပ်ထွက်တွေကလည်း အရင်ကထက် ပိုပိုပြီးတော့ကောင်းလာကြပါတယ်။ဒါပေမဲ့ဘယ်လိုပဲ ဘာတွေအရမ်းကောင်းလာပါစေ ဟိုးတုန်းကပုံရိပ်လေးတွေကိုပဲ ပြန်မြင်ယောင်လိုကြသူတွေရှိပါတယ်။

Photo via Player.One

အဲ့လိုလူတွေဟာ ခုနောက်ပိုင်းမှထွက်လာတဲ့ ဂိမ်းအသစ်တွေကို De-make ပြုလုပ်ပြီး Classic ဆန်ဆန်ရုပ်ထွက်တွေ၊ဂိမ်းဆော့ရတဲ့အတွေ့အကြုံတွေကို ပြန်ခံစားကြပါတယ်။De-make ဆိုတာကတော့ PS4 ပေါ်ကလို ရုပ်ထွက်အကြမ်းကြီးတွေနဲ့ဂိမ်းတွေကို PS1 ရုပ်ထွက်ဖြစ်အောင်ပြုပြင်လိုက်တာပါ။အဲ့လိုမျိုး De-make လုပ်ခံရတဲ့ဂိမ်းတွေထဲမှာမကြာသေးမှီကမှ ထွက်ရှိခဲ့တဲ့ Elden Ring ဆိုတဲ့ဂိမ်းလည်း တစ်ခုအပါအဝင်ပါပဲ။

Elden Ring PS1 Trailer

FromSoft ရဲ့ပထမဆုံး open-world ဂိမ်းဖြစ်တဲ့ Elden Ring ဟာ မထွက်ခင်ကတည်းက ကစားသမားတွေအစောင့်မျှော်ဆုံးဂိမ်းအဖြစ် သတ်မှတ်ခံခဲ့ရပြီး ထွက်လာချိန်မှာလည်း Review ကောင်းတော်တော်များများကိုရရှိခဲ့ပါတယ်။လန်ဒန်အခြေစိုက် 3D နဲ့ VFX ပညာရှင် Hoolopee ကတော့ Elden Ring PS1 De-make ကိုအောင်မြင်နေတဲ့ De-make ဂိမ်းစာရင်းထဲကိုထည့်ထားခဲ့ပါတယ်။သူဟာ PS1 ဗားရှင်းနဲ့ PS4 ဗားရှင်း Trailer ကိုတွဲဖို့အချိန်တစ်လလောက်ယူခဲ့ရတယ်လို့သိရပါတယ်။

Photo via Kotaku

သူဘယ်လိုမျိုးဖန်တီးခဲ့ရတယ်ဆိုတာကိုလည်း behind the scene ပုံတွေကိုမျှဝေထားခဲ့ပါတယ်။PS1 ဗားရှင်းရဲ့ pixel တုံးလေးတွေနဲ့ အရောင်တောက်နေတဲ့ရုပ်ထွက်လေးက တော်တော်မိုက်ပြီး ကြည့်ရတာမျက်စိပဒေသာဆန်ပါတယ်။ဟိုးအရင်တည်းက PS1 ပေါ်မှာ ဂိမ်းတွေအသည်းအသန်ဆော့ခဲ့ကြသူတွေအတွက် အရင်ချိန်တွေကိုပါပြန်သတိရစေမှာပါ။

Photo via Kotaku
Photo via Kotaku

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။