ရုရှားနိုင်ငံဟာ ယူကရိန်းနိုင်ငံကို ၂၄ ရက်နေ့ကစတင်ဝင်ရောက်ကျူးကျော်တိုက်ခိုက်ခဲ့ပါတယ်။ယူကရိန်းနိုင်ငံမြို့တော် ကီဗက်ထိ ရုရှားဖက်ကဒုံးကျည်တွေပစ်လွှတ်ခဲ့ပြီး အပျက်အစီးအထိအခိုက်လည်းတော်တော်များခဲ့ပါတယ်။လူမူကွန်ရက်တွေပေါ်မှာလည်း ရုရှားဖက်ကယူကရိန်းကို လေကြောင်းကနေတိုက်ခိုက်တဲ့ Video တွေအများအပြားပျံ့နှံ့လာပါတယ်။ဒါပေမဲ့သတိထားစရာတစ်ခုက Video တိုင်းဟာအကုန်အစစ်တွေမဟုတ်ပါဘူး။

ယူကရိန်းနိုင်ငံကပျက်စီးမူများ (Photo via NDTV)

ဒါပေမဲ့ခုလိုအဖြစ်အပျက်ကမြန်မြန်ဆန်ဆန်ဖြစ်လွန်းနေပြီး အားလုံးကခံစားလွယ်နေတဲ့အချိန်မှာ တော်တော်များများက အစစ်တွေ၊အတုတွေကို သတိမထားမိတော့ပဲဖြစ်တတ်ကြပါတယ်။အောက်က Video ကလည်း ယူကရိန်းနိုင်ငံက Video တစ်ပုဒ်ဖြစ်တယ်လို့ သတင်းကြီးခဲ့ပေမဲ့ တကယ်တော့တခြား Video တစ်ပုဒ်ဖြစ်နေပါတယ်။သတင်းမှားနဲ့တင်ထားတဲ့ Video တွေကဖျက်ချခံလိုက်ရတာကြောင့် ဂိမ်းကတင်ထားတဲ့ Video ကိုပဲဖော်ပြပေးလိုက်ပါတယ်။

Bloomberg ရဲ့ဖော်ပြချက်အရ အဆိုပါ Video ကို Facebook Gaming ပေါ်မှာ ရုရှားကယူကရိန်းပေါ်ကိုပြုလုပ်တဲ့စစ်ဆင်ရေးလို့ ရေးသားတင်ထားပြီး Facebook ကဖြုတ်မချခင် လူပေါင်း ၁၁၀၀၀ ကကြည့်ရှူထားပြီး အကြိမ်ရေ ၂၅၀၀၀ ကျော်ပြန်လည်မျှဝေထားကြပါတယ်။တခြားလူမူကွန်ရက်တွေပေါ်မှာလည်း ဒီ Video ကပျံ့နှံ့နေပြီး တွစ်တာပို့စ်တစ်ခုမှာဆို “ရုရှားရဲ့လေကြောင်းရန်ကို ခုခံကာကွယ်ဖို့ ဒုံးကျည်တွေပစ်လွှတ်နေတဲ့ ယူကရိန်း”ဆိုတဲ့စာသားနဲ့တင်ထားတာကိုတွေ့ရပါတယ်။

ArmA III ဂိမ်း (Photo via Steam)

တကယ်တော့ဒီ Video ဟာရုပ်ထွက်တော်တော်လေးကောင်းပြီး လက်ရှိအခြေအနေနဲ့လည်းကွက်တိတိုက်ဆိုင်နေတဲ့ ဂိမ်းတစ်ခုက Video ဖြစ်ပါတယ်။ArmA III လို့အမည်ရတဲ့ဂိမ်းဖြစ်ပြီး သမိုင်းတလျှောက်ဒီဂိမ်းကိုအသုံးပြုကာ ရည်ရွယ်ချက်ရှိရှိနဲ့သတင်းမှားဖြန့်မူတွေပြုလုပ်ခဲ့ကြပါတယ်။အဆိုပါ ပို့စ်ကလည်း Like နဲ့ Retweet တွေအများကြီးရရှိထားပါတယ်။

ကမ္ဘာပေါ်မှာအရေးကိစ္စကြီးတစ်ခုဖြစ်ပြီဆိုတာနဲ့ ပေါ်ပေါက်လာတဲ့ သတင်းမှားတွေကတော့ ထောင်နဲ့သောင်းနဲ့ချီပြီးရှိပါတယ်။အင်တာနက်ပေါ်မှာတွေ့ရသမျှအရာအားလုံးကိုယုံလို့မရပါဘူး။ဒီ Video ဟာဆိုအစစ်နဲ့တူလွန်းလို့ ArmA III နဲ့မရင်းနှီးသူတွေဆို လုံးဝအစစ်လို့ထင်မိမှာသေချာပါတယ်။အင်တာနက်ပေါ်က တွေ့သမျှအရေးကိစ္စတွေအားလုံးကို မယုံသင့်ပဲ သေချာချင့်ချိန်ရှာဖွေပြီးမှယုံကြည်သင့်ပါတယ်။

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။