Riot Game ဟာပထမဆုံး Wild Rift SEA Champion 2022 စတင်ပြီဖြစ်ကြောင်းကိုကြေညာခဲ့ပါတယ်။ဒီပွဲစဥ်ဟာ ဖေဖော်ဝါရီလ ၂၅ ရက်နေ့ကစပြီး အာရှနိုင်ငံတော်တော်များများမှာ ကျင်းပသွားမှာဖြစ်ပါတယ်။အရှေ့တောင်အာရှနိုင်ငံများ၊ထိုင်ဝမ်နဲ့ဟောင်ကောင်တို့မှာကျင်းပသွားမှာဖြစ်ပါတယ်။ဒေသတစ်ခုချင်းစီက အကောင်းဆုံးအသင်းဟာ ချန်ပီယံဖြစ်လာပြီး ဆုလက်ဆောင်များရရှိမှာဖြစ်ပါတယ်။

ဒီပွဲစဥ်မှာပြီးခဲ့တဲ့ Wild Rift SEA Icon Series ကအသင်းတွေပါဝင်သွားမှာဖြစ်ပါတယ်။အဲ့အပြင်အသင်းသစ်တွေလည်းအများကြီးပါဝင်ဦးမှာပါ။အင်ဒိုနီးရှား၊ထိုင်း၊ဖိလစ်ပိုင်၊ဗီယက်နမ်၊မလေးရှား၊စင်ကာပူ၊ထိုင်ဝမ်နဲ့ ဟောင်ကောင်တို့က အသင်းအသီးသီးဟာ ငါးပတ်အတွင်း Best of three ယှဥ်ပြိုင်ကြမှာဖြစ်ပါတယ်။အနိုင်ရရှိတဲ့အသင်းခြောက်သင်းက ဧပြီလ ၁ ရက်နေ့ကနေ ၁၀ ရက်နေ့ကြားကျင်းပမဲ့ WCF playoffs မှာထပ်ယှဥ်ပြိုင်ရမှာဖြစ်ပါတယ်။

Photo via Riot Games

WCF playoffs ကနေ ချန်ပီယံနဲ့တခြားအကောင်းဆုံးအသင်းသုံးသင်းကို ရွေးချယ်မှာဖြစ်ပြီး အဆိုပါအသင်းတွေဟာ လာမဲ့နွေရာသီမှာကျင်းပမဲ့ Wild Rift Icons Global Championship မှာတခြားအသင်းတွေနဲ့ယှဥ်ပြိုင်ရမှာဖြစ်ပါတယ်။ပြီးခဲ့တဲ့နှစ်က WCS ချန်ပီယံတွေဟာ အသင်းသစ်တွေနဲ့ယှဥ်ပြိုင်ပြီး ချန်ပီယံဂုဏ်ပုဒ်ကိုဆက်လက်ထိန်းသိမ်းထားရမှာဖြစ်ပါတယ်။

Photo via Riot Games

ဟောင်ကောင်နဲ့ထိုင်ဝမ်တို့ကနေ အသင်း ၈ သင်း၊အင်ဒိုနီးရှားက ၈ သင်း၊ဖိလစ်ပိုင်က ၇ သင်း၊မလေးရှားနဲ့စင်ကာပူက ၆ သင်း၊ဗီယက်နမ်က ၈ သင်း၊ထိုင်းက ၈ သင်းတို့ အသီးသီးယှဥ်ပြိုင်ကစားသွားကြမှာဖြစ်ပါတယ်။ဆုကြေးငွေကတော့ ဒေါ်လာတစ်သိန်းဖြစ်တာကြောင့် ကစားသူတွေဟာတစ်ယောက်ကို ဒေါ်လာနှစ်သောင်းစီရရှိကြမှာဖြစ်ပါတယ်။ပွဲစဥ်တွေကိုကြည့်ရှူချင်ရင်တော့ Riot Games ရဲ့တရားဝင် YouTube Channel,Twitch နဲ့ Twitter တို့ပေါ်ကနေတိုက်ရိုက်ကြည့်ရှူနိုင်ပါတယ်။

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။