Roblox ပေါ်မှာကစားသူတွေအားလုံးကိုစိန်ခေါ်မဲ့ဂိမ်းတစ်ခုပေါ်လာပါတယ်။အဲ့ဒီဂိမ်းထဲမှာ သေနတ်တွေ၊အကြမ်းအရမ်းတွေ၊Hyper realistic ရုပ်ထွက်တွေတွေပါဝင်ပြီး Roblox ပေါ်မှာလုံးဝမမြင်ခဲ့ဖူးတဲ့ပုံစံနဲ့ဂိမ်းပါ။

Photo via Roblox

ဂိမ်းနာမည်ကတော့ Frontlines လို့ခေါ်ပါတယ်။ဂိမ်းဟာ Call of Duty တို့၊Battlefield တို့လိုနာမည်ကြီးသေနတ်ပစ်ဂိမ်းပုံစံဖြစ်ပြီး Trailer တစ်ခုမှာ Team deathmatch ပွဲကိုမြင်ရပါတယ်။ဂိမ်းဇာတ်ကောင်တွေကတော့ Roblox avatar တွေပဲဖြစ်နေသေးပြီး ကာတွန်းပုံစံ Roblox ဇာတ်ကောင်တွေကို သေနတ်အစစ်တွေ၊အသံတွေ၊မြေပုံတွေနဲ့ရောယှက်ထားတာမြင်ရမှာပါ။

ဒီဂိမ်းကို Studio Maximillian ကဖန်တီးထားတာဖြစ်ပြီး လွန်ခဲ့တဲ့အပတ်တွေကတည်းကဂိမ်းကိုစမ်းသပ်နေတာပါ။ပထမတုန်းကတော့ ဂိမ်းထဲမှာပါတဲ့ level ပုံတွေကိုပဲပြခဲ့ပေမဲ့ အခုကတော့တကယ့် Gameplay ဗွီဒီယိုကိုချပြခဲ့တာဖြစ်ပါတယ်။တကယ့်သေနတ်ပစ်ဂိမ်းလိုမျိုး တော်တော်လေးအသေးစိတ်ဖန်တီးထား‌တာကြောင့် Roblox ပေါ်မှာမြင်ဖူးနေကျဂိမ်းပုံစံတွေနဲ့ လုံးဝအကွာကြီးပါ။

Photo via California18

Roblox ဟာနေ့စဉ်အသုံးပြုသူပေါင်း ၄၅ သန်းနဲ့ရပ်တည်နေပြီး ၂၀၂၁ ခုနှစ်မှာဝင်ငွေ ၂ ဘီလီယံထိရရှိခဲ့တဲ့ဂိမ်းဖြစ်ပါတယ်။အဆိုပါဝင်ငွေတော်တော်များများဟာ Roblox ပေါ်မှာဂိမ်းတွေဖန်တီးနေတဲ့ အသုံးပြုသူတွေကြောင့်ရရှိခဲ့တာပါ။Roblox ကစားသူတစ်ယောက်ဟာ Roblox Studio အကောင့်တစ်ခုရှိတာနဲ့ ဂိမ်းတွေကိုစိတ်ကြိုက်ဖန်တီးနိုင်ပြီး ကိုယ်တိုင်လည်းဆော့ကစားနိုင်မှာဖြစ်ပါတယ်။

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။