အရမ်းကြီးမခက်ခဲပဲ နည်းနည်းခေါင်းစားတဲ့ Puzzle ဂိမ်းတွေဟာ တစ်ခုနဲ့တစ်ခုမတူညီပဲ ထူးထူးခြားခြားလေးတွေဖြစ်နေတတ်ပါတယ်။အဲ့လိုထူးထူးခြားခြားတွေ အများကြီးထဲကနေမှ အခန်းမော်ဒယ်ပုံစံတွေကိုလည်းဆက်ရ၊လမ်းလည်းရှာရတဲ့ Puzzle ဂိမ်းလေးတစ်ခုရှိပါတယ်။အမြွှာမောင်နှမနှစ်ယောက်နေရာကနေ ကစားရမှာဖြစ်ပြီး နှစ်ယောက်စလုံးကို ထိန်းချုပ်ကစားရမှာပါ။we.R.play ဆိုတဲ့ Developer ကထုတ်ပေးထားတဲ့ Lost Twins လို့အမည်ရတဲ့ဂိမ်းလေးပဲဖြစ်ပါတယ်။ 

ကစားသူဟာ ဝင်္ကပါကြီးတစ်ခုထဲရောက်နေတဲ့ အမွှာမောင်နှမနှစ်ယောက်နေရာကနေ ကစားရမှာဖြစ်ပါတယ်။Level တွေအနေနဲ့က Room အကြီး ၅ ခုရှိပြီး တစ်ခုချင်းစီမှာ level‌ တွေအလိုက် ပြန်ဆော့ရမှာပါ။Level တစ်ခုချင်းမှာ ရွေ့လို့ရတဲ့ အခန်းလေးတွေရှိပြီး မောင်နှမနှစ်ယောက်က တစ်ယောက်တစ်နေရာဖြစ်နေမှာပါ။တခြားတစ်နေရာမှာ တံခါးပေါက်‌တစ်ခုရှိမှာဖြစ်ပြီး အဲ့တံခါးစီ‌နှစ်ယောက်စလုံးရောက်အောင်သွားရမှာဖြစ်ပါတယ်။Control ပိုင်းမှာ ဟိုဖက်ဒီဖက်သွားလို့ရတဲ့ ခလုပ်နှစ်ခုနဲ့ ခုန်တဲ့ခလုပ်လေးတစ်ခုပါပါတယ်။

မောင်နှမနှစ်ယောက်ကိုကြိုက်သလို Switch လုပ်ကစားနိုင်ပြီး ကြယ်လေးတွေရယ်၊Background ထဲမှာဖွက်ထားတဲ့ Easter Egg လေးတွေရယ်ကိုလိုက်ရှာရဦးမှာပါ။အခန်းတစ်ခုချင်းစီကို အရုပ်ဆက်ဂိမ်းလို ရွှေ့နိုင်ပြီး အဲ့လိုရွှေ့မှ တံခါးပေါက်စီ ရောက်နိုင်မှာဖြစ်ပါတယ်။နောက်ပိုင်း Level တွေမှာဆို တစ်နေရာနဲ့တစ်နေရာ ခုန်ကူးတဲ့ Portal တွေပါပါလာမှာပါ။

Graphic ပိုင်းမှာဆို အလင်းအမှောင်ကျတာကို ပိုအသားပေးထားပြီး အရောင်တောက်တောက်ကြီးမဟုတ်ပဲ အသေးစိတ်ကျတဲ့အပြင် Rich Environment ကိုပါခံစားရစေမဲ့ 2D ရော 3D ပါရောယှက်ထားတဲ့ Graphic ဖြစ်ပါတယ်။

Android ပေါ်မှာရော IOS ပေါ်မှာရော ကစားနိုင်တဲ့ Offline ဂိမ်းဖြစ်ပြီး Download size က 54MB သာရှိပါတယ်။Storage ကလည်း 100MB လောက်သာနေရာယူတာမလို့ ဖုန်းမော်ဒယ်အနိမ့်တွေပါ ကစားနိုင်တဲ့ မိုဘိုင်းဂိမ်းလေးဖြစ်ပါတယ်။

ဒီဂိမ်းဟာ Puzzle Game နှစ်သက်သူတွေအပြင် ဂိမ်းတစ်ခုကို လေးလေးနက်နက်စဉ်းစားပြီး လောင်ချင်သူတွေ စမ်းကြည့်သင့်တဲ့ဂိမ်းပါ။မိုဘိုင်းဖုန်းရဲ့ Gaming Experience ကိုဘယ်ဂိမ်းနဲ့မှ မတူပဲ ခံစားရစေမဲ့ ဂိမ်းဖြစ်တာကြောင့် Unique ဖြစ်တဲ့ Gameplay ကိုလိုက်ရှာနေသူတွေအတွက်လည်း သင့်တော်မဲ့ဂိမ်းကောင်းလေးတစ်ခုဖြစ်ပါတယ်။

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။