မကြာခင်က ရိုက်ကူးထုတ်လွှင့်ခဲ့တဲ့ ကိုရီးယားကားအသစ်ကလေးကတော့ Bulgasal (ဘူဂါဆယ်) ဖြစ်ပါတယ်။ Goblin နဲ့ Hotel Del Luna လို ကိုရီးယားဒဏ္ဍာရီထဲက ဇာတ်လမ်းလေးတွေ ကြိုက်ခဲ့ရင် ဒီကားလေးကိုလည်း ကြိုက်ကြမှာပါ။ ဘာလို့လဲဆိုတော့...

သူကလည်း ဒဏ္ဍာရီပုံပြင်တွေထဲက မိစ္ဆာတွေအကြောင်း ပါနေလို့ပါပဲ။ ဘူဂါဆယ်ဆိုတာက မင်းသားပါ။ သူက လူ့သွေးကိုသောက်ပြီး အသက်ရှင်ရတဲ့၊ နှစ် ၆၀၀ တိတိ မသေတဲ့ ကျိန်စာသင့်နေတဲ့ လူတစ်ယောက်ပါ။

မင်းသမီးကတော့ Itaewon Class ထဲက ဗီလိန်မလေး ကွမ်နာရာပါ။ သူက မင်းသားဆီက ပိုင်ဆိုင်တာအားလုံး ရယူသွားခဲ့တဲ့ မိန်းမချောလေးပါ။ ဘူဂါဆယ်ကြီးက ဒီမိန်းမလှလေးကို အငြှိုးထားပြီး လက်စားချေဖို့ နှစ်ပေါင်း ၆၀၀ တိတိ လိုက်ရှာနေခဲ့တာပါ။ ပြန်တွေ့သွားတဲ့အချိန်မှာ လက်စားချေမှာလား... မင်းသားနဲ့ မင်းသမီး ကြိုက်သွားမှာလား ဆိုတာ သိချင်ရင် ဇာတ်ကားလေးကို ကြည့်ကြည့်နော်။ စုစုပေါင်း ၁၆ ပိုင်း ရှိပါတယ်။

ဒီဇာတ်ကားရဲ့ နောက်ထပ် ထူးခြားတဲ့ အချက်ကတော့ လူတွေရဲ့ အကျင့်စရိုက်တွေရယ်၊ လူတစ်ယောက်နဲ့တစ်ယောက်ကြားက သံယောဇဥ် နဲ့ ဆန်းကြယ်တဲ့ ရေစက်တွေကို အလှပဆုံး ပုံဖော်ထားတာပါပဲ။ တစ်ချိန်က သိပ်ဆိုးပါတယ်ဆိုတဲ့ နတ်ဆိုးတွေတောင် ပြောင်းလဲချင်စိတ်ရှိရင် ​ကောင်းလာနိုင်ပါတယ်။ အထီးကျန်ဆန်လွန်းပါတယ်ဆိုတဲ့ ဘူဂါဆယ်တောင် ကောင်မလေးကို ရှာရင်း မိသားစုအသစ်တွေ ရခဲ့ပါတယ်။ ဒါကြောင့် ဒီဇာတ်ကားလေးကို လက်လွတ်မခံဘဲ ကြည့်နိုင်ဖို့ လက်တို့လိုက်ပါတယ်နော်။

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။