ပြီးခဲ့တဲ့ ဖေဖော်ဝါရီလ ၄ ရက်နေ့ကမှထွက်ရှိခဲ့တဲ့ Dying Light 2 ဟာ Steam ပေါ်မှာအကြီးအကျယ်အောင်မြင်နေပါတယ်။မူရင်း Dying Light ထက်ကိုပိုပြီးအောင်မြင်နေတာပါ။

Credit:SpazioGames

Steam ရဲ့ Database အရပြီးခဲ့တဲ့ ဖေဖော်ဝါရီလ ၈ ရက်နေ့မှာ Dying Light 2 ကို Steam ပေါ်မှာ တပြိုင်တည်းဆော့ကစားနေသူပေါင်း ၂၅၀၀၀၀ လောက်ထိရှိခဲ့တယ်လို့သိရပါတယ်။မူရင်း Dying Light ဟာဆိုရင် တပြိုင်တည်းကစားသူပေါင်း ၄၆၀၀၀ လောက်သာရှိခဲ့ဖူးတာမလို့ ကစားသူဦးရေကွာခြားချက်က တော်‌တော်ကြီးပါတယ်။နောက်တစ်ခုနှိုင်းယှဥ်စရာဟာဆိုရင် ၂၄ နာရီကို ကစားသူပေါင်း ၁၉၅၀၀၀ ကနေ ၁၄၇၀၀၀ ထိတပြိုင်တည်းဆော့နေသူတွေရှိပြီး မူရင်း Dying Light မှာဆိုကစားသူပေါင်း ၂၉၅၀၀ ကနေ ၂၅၆၀၀ လောက်သာ လက်ရှိအချိန်မှာကစားကြပါတော့တယ်။

Dying Light 2 Stay Human ဟာ action role-playing survival horror ဂိမ်းအမျိုးအစားဖြစ်ပါတယ်။မူလ Dying Light ရဲ့နောက် ၂၂ နှစ်အကြာမှာ ဇာတ်အိမ်တည်ထားပြီး ကစားသူဟာ ဖုတ်ကောင်တွေကြား Pakour စကေးတွေပြကာ Open World အကြီးကြီးထဲမှာ လျှောက်သွားနေနိုင်ပါတယ်။ဂိမ်းကို PC,PlayStation 4,PlayStation 5,Xbox One နဲ့ Xbox Series X/S တို့ပေါ်မှာကစားနိုင်ပြီး Nintendo Switch အတွက်ကိုလည်း ထုတ်လုပ်ဖို့ပြင်ဆင်နေတယ်လို့သိရပါတယ်။

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။