Battlefield 2042 ကိုဝယ်ယူထားသူပေါင်း တစ်သိန်းကျော်က သူတို့ဝယ်ထားတဲ့ပိုက်ဆံပြန်ပေးဖို့ လက်မှတ်ထိုးတောင်းဆိုထားကြပါတယ်။အကြောင်းရင်းကတော့ ဂိမ်းရဲ့ update တွေနှေးတာနဲ့ လုပ်ဆောင်ချက်တော်တော်များများမပါဝင်တာကြောင့် အခုချိန်ထိ ဂိမ်းကအဝေဖန်ခံနေရသေးလို့ပါ။

လက်မှတ်ထိုးတဲ့စာမှာ ပိုက်ဆံပြန်ပေးတာကို Steam ပေါ်မှာပြန်ပေးတာတင်မကပဲ PlayStation နဲ့ Xbox ပေါ်က ဝယ်ယူသူတွေကိုပါ ပြန်ပေးဖို့တောင်းဆိုထားပြီး EA ဟာဂိမ်းကိုဝယ်သူခဲ့သူတွေကို “လှောင်ပြောင်သရော်”ခဲ့တယ်လို့ပါ ဖော်ပြထားပါတယ်။

Battlefield 2042 ဟာထင်သလိုဖြစ်မလာခဲ့ဘူးလို့ ဖြန့်ချီသူကပါ ဝန်ခံထားပြီး လတ်တလောမှာ ထုတ်လုပ်သူ DICE ကလည်း ဂိမ်းရဲ့ပထမဆုံး Season Pass နဲ့ရမှတ်ပြဇယားတို့ပါဝင်တဲ့ Update တော်တော်များများကို နောက်ဆုတ်ထားပါတယ်။

လက်မှတ်ထိုးတောင်းဆိုလွှာထဲမှာ “EA ကဖြန့်ချီခဲ့တဲ့ Battlefield 2042 ဟာသူ့ရဲ့ကြော်ငြာမူအမှားကြောင့် ဂိမ်းကို ဒေါ်လာ ၇၀ ပေးပြီးဝယ်ခဲ့သူတွေကို လှောင်ပြောင်နေသလိုပါပဲ။Battlefield 2042 ဟာဝယ်ယူသူတွေကို ဒေါ်လာသန်းပေါင်းများစွာကုန်ကျစေခဲ့ပြီး ကမ္ဘာအနှံ့က ဝယ်ယူသူပေါင်းထောင်ချီကို စိတ်ပျက်စေခဲ့ပါတယ်” လို့ပါရှိပါတယ်။

Battlefield 2042 ကိုစတင်ဖြန့်ချီခဲ့တဲ့ နိုဝင်ဘာ ၁၉ ရက်နေ့ကတည်းက ဆာဗာနဲ့ UI ပြဿနာတွေကြောင့် ဝေဖန်ခံခဲ့ရပြီး ပါမယ်ထင်တဲ့ လုပ်ဆောင်ချက်တော်တော်များများ မပါဝင်ခဲ့တာကိုလည်း ကစားသူတွေက သတိထားမိခဲ့ကြပါတယ်။

ဖေဖော်ဝါရီလ တစ်ရက်နေ့မှာ DICE ကချက်ချင်း‌‌ဖြေရှင်းရမဲ့ပြဿနာတွေနဲ့ အမှတ်ဇယားကို ထည့်သွင်းနိုင်ဖို့အတွက် Season 1 ကိုရွေ့ဆိုင်းထားမှာဖြစ်ကြောင်း ‌ကြေညာခဲ့ပါတယ်။ဒါပေမဲ့ နောက်နှစ်ရက်ကြာချိန်မှာတော့ Update တွေအားလုံးကို မတ်လအထိ ရွေ့ဆိုင်းထားမှာဖြစ်ပြီး အရင် Patch ကဖြစ်ခဲ့တဲ့ ဂိမ်းမတည်ငြိမ်တဲ့ပြဿနာတွေကို ပြင်ဆင်မယ်ဆိုတဲ့အကြောင်း ထုတ်ပြန်ခဲ့ပါတယ်။ 

Battlefield 2042 ဟာစထွက်ကတည်းကအခြေအနေဆိုးရွားလွန်းနေတာကြောင့် EA ကဒီဂိမ်းကိုအခမဲ့ပေးဆော့ဖို့စဉ်းစားနေတယ်လို့တောင် သိရပါတယ်။

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။