GTA စီးရီးပရိသတ်တွေ အကြာကြီး စောင့်မျှော်နေခဲ့ကြပြီး ထုတ်လုပ်သူဖြစ်သူ Rockstar ကို တောက်လျှောက်မေးမြန်းနေခဲ့ကြတဲ့ GTA 6 အကြောင်းကို ဖေဖော်ဝါရီလ ၄ ရက်နေ့က Rockstar ဖက်ကချပြခဲ့ပါတယ်။GTA 6 ကိုစတင်ထုတ်လုပ်နေပြီဆိုတဲ့အကြောင်း ထုတ်ပြန်ချက်တစ်ခုမှာ ကြေညာခဲ့တာပါ။ပြီးခဲ့တဲ့နှစ်တော်တော်များများကတည်းက GTA 6 ကိုပရိသတ်တွေတောင်းဆိုနေခဲ့ကြပေမဲ့ Leak ဖြစ်လာတာတွေ၊ကောလဟာလသတင်းတွေကလွဲလို့ ဘာမှသေသေချာချာမကြားခဲ့ရပေမဲ့ ခုတော့ GTA 6 တကယ်ရှိပါတယ်ဆိုတာကို သိလိုက်ရပါပြီ။

Grand Theft Auto Games (Credit:Rockstar)

ဒီသတင်းကိုတော့ GTA 5 မှာပါလာမဲ့ Content အသစ်တွေနဲ့ပတ်သက်တဲ့ Grand Theft Auto Community Update မှာထည့်သွင်းပြောဆိုခဲ့တာပါ။အဲ့ဒီထုတ်ပြန်ချက်ရဲ့အောက်ဆုံးမှာ GTA 6 နဲ့ပတ်သက်တာကို “GTA 5 ပေါ်ကိုရောက်ရှိလာမဲ့ အသစ်အဆန်းတွေနဲ့အတူ အားလုံးဟာ Grand Theft Auto စီးရီးထဲရောက်ရှိလာမဲ့ ဂိမ်းအသစ်ကို စောင့်မျှော်နေကြတာသိပါတယ်။ကျွန်တော်တို့ဆက်လက်ဖန်တီးပေးနေတဲ့ ပရောဂျက်အသစ်တွေနဲ့အတူ ချပြထားပြီးသားတွေထက် ဆန်းသစ်နေတာတွေကို အမြဲတမ်းယူဆောင်လာပေးချင်တဲ့ရည်ရွယ်ချက်ကို ချမှတ်ထားပါတယ်။

ထုတ်ပြန်ချက် Screenshot

Grand Theft Auto စီးရီးထဲကို ရောက်ရှိလာမဲ့ နောက်ထပ်ဂိမ်းအသစ်တစ်ခုကို စတင်ထုတ်လုပ်နေပြီဖြစ်ကြောင်း ဝမ်းသာစွာကြေညာလိုက်ပါတယ်။အဆင်သင့်ဖြစ်ပြီဆိုတာနဲ့ နောက်ထပ်သတင်းတွေကို ထပ်ထပ်မျှဝေပေးသွားမှာဖြစ်တာကြောင့် Rockstar Newswire ဆီကတရားဝင်သတင်းအသစ်တွေကို စောင့်မျှော်နေပေးပါ။”လို့အဓိပ္ပါယ်ရတဲ့ စာတစ်ပုဒ်ကိုထည့်သွင်းခဲ့ပါတယ်။

Grand Theft Auto:San Andreas (Credit:Rockstar)

ထုတ်ပြန်ချက်ရဲ့အောက်ဆုံးမှာမှ စာတစ်ပုဒ်တည်းထည့်ထားလို့ နည်းနည်းတော့ထူးဆန်းသလိုရှိပေမဲ့ ဒီဂိမ်းတကယ်ရှိတယ်ဆိုတာသိရတာနဲ့တင် တော်တော်လေးပျော်ဖို့ကောင်းနေပါပြီ။လက်ရှိ GTA စီးရီးထဲမှာ GTA 5 အထိရှိတဲ့အပြင် တခြား Spin-Off ဂိမ်းတွေလည်းအများကြီးရှိပါတယ်။မြန်မာနိုင်ငံမှာတော့ ကားသူခိုးလို့လူသိများပြီး PlayStation 2 ပေါ်မှာဆော့လို့ရတဲ့ Grand Theft Auto:San Andreas ကနာမည်အကြီးဆုံးဖြစ်ပါတယ်။

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။