Epic ဟာသူတို့ ၂၀၂၁ အတွက်နှစ်ချုပ် Review ကို မကြာသေးမှီကချပြခဲ့ပါတယ်။Epic Game ဟာလက်ရှိအချိန်မှာ PC အသုံးပြုသူပေါင်း ၁၉၄ သန်းရှိနေပါပြီ။၂၀၂၁ ခုနှစ်မှာအသုံးပြုသူအသစ် ၃၄ သန်းထပ်တိုးလာခဲ့တာပါ။ဂိမ်းအရေအတွက်ကလည်း ၉၁၇ ခုထိရှိနေပြီဖြစ်ပြီး ဒါဟာမနှစ်ကဂိမ်းပမာဏထက် နှစ်ဆပိုများလာတာဖြစ်ပါတယ်။ပြီးတော့ ၂၀၂၁ ခုနှစ်မှာပေးခဲ့တဲ့ အပတ်စဉ် အခမဲ့ဂိမ်းပေးတဲ့အစီအစဉ်ကို ၂၀၂၂ မှာလည်းဆက်လက်လုပ်ဆောင်သွားမယ်လို့သိရပါတယ်။

Epic Game ရဲ့ပရိသတ်တွေကတော့ ၂၀၂၁ မှာထပ်တိုးလာတဲ့လုပ်ဆောင်ချက်တွေအကြောင်းကိုသာ ပြောဆိုနေကြပါတယ်။အကြာကြီးစောင့်ရတဲ့ Shopping Chart၊အောင်မြင်ဖြစ်ထွန်းမူအသစ်တွေ၊ဂိမ်းရှာဖို့ကိရိယာအသစ်တွေနဲ့ တခြားငွေပေးချေနိုင်မဲ့နည်းလမ်းတွေ ထပ်တိုးထားပါတယ်။

လူကြိုက်အများဆုံးဖြစ်မဲ့တစ်ခုကတော့ ၂၀၂၂ ခုနှစ်မှာလည်း အပတ်စဉ် အခမဲ့ဂိမ်းပေးမဲ့အစီအစဉ် ဆက်ရှိမယ်ဆိုတဲ့အကြောင်းဖြစ်ပါတယ်။အဲ့အပြင် ဂိမ်း Download ဆွဲတာတွေကို အစဉ်လိုက်စီစဉ်တာနဲ့ ဦးစားပေးသတ်မှတ်တာတွေ၊တခြားကောင်းကွက်တွေပါတဲ့ ဆက်သွယ်ရေးလုပ်ဆောင်ချက်အသစ်တွေပါဝင်တဲ့ Fleshed-Out Player Profile တွေပါ ပါဝင်ဦးမှာဖြစ်ပါတယ်။Epic Games ကအပတ်စဉ် Premium ဂိမ်းတစ်ခုစီကို အခမဲ့ပေးနေခဲ့တာပါ။ဒီတစ်ပတ် Epic မှာအခမဲ့ရရှိနိုင်မဲ့ဂိမ်းကတော့ Daemon X Machina ဖြစ်ပါတယ်။

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။