လတ်တလောထွက်နေတဲ့သတင်းတွေအရ Apple ကုမ္ပဏီဟာ Xbox အင်ဂျင်နီယာတွေကို console အမျိုးအစားအသစ်တစ်ခု ထုတ်လုပ်‌ဖို့တွန်းအားပေးနေတယ်လို့သိရပါတယ် ဒီကောလဟာလကို Windows Central ရဲ့သတင်းထောက် Jez Corden က The Xbox Two Podcast မှာပြောခဲ့တာပါ ပြီးခဲ့တဲ့ ၂၀၂၁ ခုနှစ် မေလတုန်းကလည်း Apple က Console ဈေးကွက်ကိုဝင်လာမယ်ဆိုတဲ့ ကောလဟာလတွေကြားခဲ့ရပါသေးတယ် 

Photo via Apple

Apple ကဒီလိုလုပ်မယ်ဆိုတာကို ကြားရတာကြာနေပြီဖြစ်ကြောင်း Jez Corden ကထပ်ပြောပါသေးတယ် ဒါပေမဲ့လောလောဆယ် သူ့ရဲ့သတင်းအရင်းအမြစ်ကလည်း သက်သေပြစရာ ခိုင်ခိုင်မာမာမရှိသေးတာကြောင့် လောလောဆယ်အခြေအနေမှာ သတင်းတွေဟာ ခန့်မှန်းမူတွေအဖြစ်သာရှိနေဆဲပါ

“Apple က Xbox အင်ဂျင်နီယာတွေကို Console အသစ်တစ်မျိူး လုပ်ခိုင်းနေတာကြာပြီကြားတယ် Apple က ဗွီဒီယိုဂိမ်း Console လုပ်နေတယ်ဆိုတာကိုလည်း ကြားတာတော်တော်ကြာပြီ ဒါပေမဲ့ VR ဖြစ်မလား Metaverse နဲ့သက်ဆိုင်တာဖြစ်မလား ဒါမှမဟုတ် အဲ့လိုတွေနဲ့တူတာဖြစ်မလားဆိုတာတော့ မသိသေးဘူး”လို့ Corden ကပြောခဲ့ပါတယ်

Apple ကို Inspire ယူထားတဲ့ Console ပုံစံ (Photo via Yanky Design)

သတင်းကမသေချာကြောင်းကိုလည်း “ဖြစ်လာမလားဆိုတာလည်းမသိသေးဘူး Apple ကအဲ့လိုပဲ အသစ်အဆန်းတွေအများကြီးကို လုပ်ကြည့်နေကျဆိုတော့ Cancel လုပ်လိုက်ပြီလားလည်း မပြောတတ်ဘူး တိတိကျကျသတင်းရော၊ဓာတ်ပုံရော၊စာရွက်စာတမ်းရော ဘာဆိုဘာမှမရှိပဲ ဒီတိုင်းကြားမိတဲ့ သတင်းတစ်ခုသက်သက်ပါ”လို့ပြောခဲ့ပါတယ်Tech Giant ကြီးတစ်ခုဖြစ်တဲ့ IOS ရဲ့ Apple ကုမ္ပဏီကတကယ်သာ Gaming Console ဈေးကွက်ထဲဝင်လာမယ်ဆို ဈေးကွက်တစ်ခုလုံး ပြောင်းလဲသွားနိုင်လောက်အောင် သက်ရောက်မူကြီးကြီးမားမားရှိနိုင်ပါတယ် ဒါပေမဲ့ Apple ဖက်ကတရားဝင် အတည်ပြုလာချိန်မှ ဒါမှမဟုတ် တခြားသေချာတဲ့ Leak တစ်ခုခုထွက်လာချိန်ကျမှ ဘယ်လိုဖြစ်မလဲဆိုတာ သိရမှာပါ

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။