KFC ဟာလူငယ်တွေနဲ့စိမ်းတဲ့ အရာတစ်ခုမဟုတ်ပဲ သူတို့ရဲ့ နာမည်ကြီးကြက်ကြော်ကို တခြားနာမည်ကြီးတွေနဲ့ Collab လုပ်တတ်တာကို အားလုံးသိကြမှာပါ ခုလည်း KFC က Pokémon နဲ့အတူ Collab လုပ်လိုက်ပြန်ပါပြီအရင်တုန်းက Pokémon ဟာ McDonald's နဲ့ Collab လုပ်ဖူးပြီး အောင်မြင်မူသိပ်မရခဲ့ပါဘူး အဲ့တုန်းကဆို ရှားပါး ပိုကီမွန်ကဒ်တွေနဲ့ Happy Meals တွေအများကြီးကိုပါ တွေ့ခဲ့ရပါသေးတယ်

KFC နဲ့လုပ်ရတဲ့အကြောင်းရင်းကတော့ မကြာမှီထွက်လာတော့မဲ့ Pokémon Legends Arcus ကိုကြိုဆိုဖို့ပဲဖြစ်ပါတယ် ထိုင်ဝမ်တစ်နိုင်ငံတည်းမှာပဲ ပြုလုပ်မှာပါ 

ဒီ Collaboration ထဲမှာ ပိုကီမွန်ဒီဇိုင်းနဲ့ ဘူးတွေရယ် ပိုကီမွန် Artwork တွေနဲ့ ခြင်းလေးတွေရယ်ကိုတွေ့ရမှာပါ ပြီးတော့ Pokémon Legends Arcus ပေါ်မူတည်ပြီးတော့လည်း ကဒ်တွေရပါဦးမယ် Cyndaquil,Oshawatt နဲ့ Rowlet တို့ပါဝင်တဲ့ကဒ်တွေပါ

အဲ့အပြင်လနှစ်သစ်ကို ကြိုဆိုဖို့အတွက် ပီကာချူးနဲ့ အီးဗီးတို့ပုံတွေပါတဲ့ အံပေါင်းအိတ်လေးတွေလည်း ရရှိဦးမှာပါ ပရိုမိုးရှင်းကိုကြည့်ရရင် ကဒ်တွေဟာ ဇန်နဝါရီလ ၁၁ ရက်နေ့ကနေ ဖေဖော်ဝါရီလ ၂၈ ရက်နေ့အထိ ရရှိမှာဖြစ်ပါတယ် အံပေါင်းအိတ်တွေကတော့ ဇန်နဝါရီလ ၂၄ ရက်နေ့ကနေ ဇန်နဝါရီလကုန်ထိပဲရမှာပါ 

ကျန်းမာချမ်းသာခြင်းနဲ့ပြည့်စုံစေမဲ့ ရွှေရောင်ချိစ်ကြက်သား (金海派富貴起司雞) မှာတော့ ရွှေရောင်ပင်လယ်စာဆော့စ်ရယ် ကြက်ဥအနှစ်ရယ် ကြက်သွန်ကြော်ရယ် ငရုတ်သီးရယ် ကြက်သွန်ဖြူရယ် ချိစ်ရယ်ပါဝင်ပါတယ် အောက်က set ၆ မျိုးကိုဝယ်ရင်လည်း အဲ့ဒါတွေပါဝင်မှာပါ 

Chicken à la carte 

Single meal 

XL meal 

Couples meal 

Family meal 

New Year lucky meal 

ဈေးအကြီးဆုံးနဲ့ အရှားဆုံး ပိုကီမွန်ကဒ်

ဘယ်ရှားပါးကဒ်တွေ ပါဝင်လာမလဲဆိုတာကတော့ စိတ်ဝင်စားစရာပါပဲ ဒါပေမဲ့ထိုင်ဝမ်တစ်နိုင်ငံတည်းမှာပဲ ရနိုင်တာမလို့ တခြားနိုင်ငံက ပိုကီမွန်ကဒ်စုဆောင်းသူတွေအတွက်တော့ ကြေကွဲစရာပါပဲ

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။