Imane 'Pokimane' Anys ဟာ ၂၀၂၂ ခုနှစ်ထဲမှာ Twitch ကနေအနားယူတော့မယ်လို့ ပြောလာပါတယ် Pokimane ဟာ Twitch ပေါ်မှာ နာမည်အကြီးဆုံး Streamer တွေထဲကတစ်ဦးဖြစ်ယုံသာမက Twitch လို့ပြောလိုက်တာနဲ့ ပြေးမြင်ကြတဲ့မျက်နှာတွေထဲ ပါပါတယ် ဒီလိုနာမည်ကြီးသူဟာ Twitch ကနေအနားယူတော့မယ်လို့ ပရိသတ်တွေကို ထုတ်ပြောခဲ့တာပါ

Pokimane

Pokimane ဟာဂိမ်း Stream နေရင်းနဲ့ ကြည့်ရှူသူအသစ်တွေနဲ့ Streamer တွေဟာ သူမကိုအနားမယူဖို့ တိုက်တွန်းနေကြောင်း ရင်ဖွင့်ခဲ့ပါတယ် “ဒီလိုပြောဖို့စဉ်းစားနေခဲ့ရပေမဲ့ ခုတော့ပြောပါတော့မယ် အမျိုးသမီးပရိသတ်တွေ အမျိုးသမီး Streamer တွေနဲ့ တခြားအမျိုးမျိုးလူကြောင့်သာ ကိုဗစ်ဖြစ်ခဲ့တဲ့ တစ်နှစ်နှစ်နှစ်မှာ အနားမယူခဲ့တာပါ ဒီနှစ်တော့အနားယူဖြစ်လိမ့်မယ်ထင်တယ်”လို့ပြောခဲ့ပါတယ်

သူမအနားယူမဲ့အကြောင်းပြောခဲ့တဲ့ Video 

 Twitch ကနေအနားယူတော့မဲ့အကြောင်းရင်းက တချို့အချိန်တွေမှာ ကြုံတွေ့ရတဲ့ ပဋိပက္ခတွေကြောင့် ပျော်ဖို့မကောင်းတော့လို့ပါလို့ ‌ပြောခဲ့ပါတယ် ဒရမ်မာတွေ ပုဂ္ဂိုလ်ရေးတိုက်ခိုက်တာတွေမပါပဲ ဂိမ်းတွေဆော့ပြီး ပရိသတ်တွေနဲ့ပျော်စရာတွေပဲဖန်တီးချင်တာလို့ ပြောခဲ့ပါသေးတယ် 

Pokimane ဟာ အသက်၂၅ နှစ်သာရှိသေးပြီး သူ့အလုပ်အကိုင်ကလည်း Twitch တစ်ခုတည်းသာလို့ ထင်စရာရှိပေမဲ့ တကယ်တော့ သူမမှာရေရှည် ကိုယ်ပိုင် Talent အေဂျင်စီတစ်ခုရှိပါသေးတယ် ဒါကြောင့်ရေရှည်မှာ သူမသာ Twitch ကနေနုတ်ထွက်ခဲ့မယ်ဆို အဲ့အေဂျင်စီအတွက် သူအလုပ်လုပ်လောက်ပါတယ်

Pokimane နဲ့သူမရဲ့ အေဂျင်စီ RTS

လောလောဆယ်မှာတော့ သူမနဲ့ Twitch နဲ့ကအဆင်ပြေနေကြပြီး ပရိသတ်တွေကြားထဲက မလိုသူတွေနဲ့သာ ပဋိပက္ခတွေဖြစ်နေတာပါ ဒါပေမဲ့မကြာသေးခင်က‌မှ Live လွှင့်ရင်း Anime ဇာတ်လမ်းတွဲတစ်ခုကြည့်နေတာကြောင့် Twitch ကသူ့ကိုခဏတာ ဘန်းခဲ့ပါသေးတယ် အကြောင်းကတော့ ဇာတ်ကားကို Spoil သလိုဖြစ်နေလို့ပါ

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။