အေးအေးဆေးဆေးနဲ့ chill လို့ကောင်းတဲ့ Relaxing game လေးတစ်ခုနဲ့ မိတ်ဆက်ပေးချင်ပါတယ် ဘာမှလုပ်စရာမလိုပဲ screen ကို ထိပြီးအသည်းလေးတွေစုနေယုံနဲ့ ကစားနိုင်မဲ့ဂိမ်းပါ  Buff Studio ကထုတ်လုပ်ပေးထားတဲ့ offline simulation ဂိမ်းဖြစ်ပါတယ် 

လေပေါ်မှာ floating ဖြစ်နေတဲ့ အိုအေစစ်လေးကို  ဒီထက်ပိုပိုကျယ်လာအောင်လုပ်ပြီး တိရစ္ဆာန်လေးတွေ တခြားအလှဆင်ပစ္စည်းတွေကို Level အလိုက်ထည့်ရမဲ့ဂိမ်းဖြစ်ပါတယ် Polygon ရုပ်ထွက်နဲ့မလို့ ကာလာစုံစုံလင်လင် experience ကိုခံစားရမှာဖြစ်ပြီး ရေတံခွန်တွေရယ် အိုအေစစ်လေးရယ် relax ဖြစ်စေမဲ့ သီချင်းအေးအေးလေးတွေရယ် ခံစားရမှာပါ 

Credit:Buff Studio

အိုအေစစ်ကို နေ့ဖြစ်ချင်လား ညဖြစ်ချင်လား စိတ်ကြိုက်ထားလို့ရတဲ့အပြင် ရာသီဥတုတွေ ကောင်းကင်အရောင်တွေကိုပါ ကိုယ်ကြိုက်သလို ပြောင်းလဲနိုင်ပါသေးတယ် Island builder မှာ နောက်ထပ်ကျွန်းအသစ်တွေကို တည်ဆောက်နိုင်ပြီး အဲ့ကျွန်းမှာလည်း ရှေ့ကတစ်ခုလိုပဲ တိရစ္ဆာန်အကောင်လေးတွေကို မွေးထားနိုင်ပါတယ် ချက်ချင်းအကုန်တန်းမွေးလို့တော့ မရနိုင်ပါဘူး Level အလျှောက်တဖြည်းဖြည်းချင်း တိရစ္ဆာန်ပေါင်းစုံကို Unlock ဖြစ်လာမှာပါ မြေခွေးကနေစပြီး ဝေလငါးထိပါ ထည့်ထားနိုင်ပါတယ် 

Credit:APK Pure

အရောင်စုံပန်းပွင့်တွေနဲ့ Rich environment တစ်ခုကိုခံစားရမှာပါ ဂိမ်းမှာလုပ်စရာဆိုလို့ screen ကိုထိပြီး အသည်းလေးတွေစု ရတဲ့အသည်းတွေကို တိရစ္ဆာန်ဝယ်တာတွေ တခြား Decoration တွေဝယ်တာတွေ ပြုလုပ်ရမှာပါ တဖြည်းဖြည်းနဲ့ ကိုယ့်အိုအေစစ်လေး ကြီးသထက်ကြီးလာအောင် လုပ်ရမှာဖြစ်ပါတယ်  Music ပိုင်းမှာလည်းအရမ်းလှပတဲ့ သီချင်းပေါင်းစုံနဲ့ အိပ်နေရင်တောင် နားကြပ်တပ်နားထောင်ရင်းအိပ်လို့ရတဲ့ သီချင်းမျိုးစုံပါပါတယ် ကိုရီးယားသီချင်းတွေပါ ပါပါသေးတယ် IOS ရော Android မှာရော ဆော့ကစားနိုင်ပါတယ် ဖိုင်ဆိုဒ်ကလည်းနည်းပြီး Device ရဲ့လိုအပ်ချက်တွေလည်းနည်းတာမလို့ ဖုန်းအားလုံးနီးပါး ကစားနိုင်တဲ့ဂိမ်းပါ

Credit:Buff Studio

ဒီဂိမ်းကိုတော့ အိပ်ယာဝင်ခါနီးဖြစ်စေ အရမ်းပင်ပန်းနေပြီး ဂိမ်းဆော့ချင်ပေမဲ့ ခေါင်းရှုပ်တာတွေ မဆော့ချင်ရင်ဖြစ်‌စေ နားကြပ်လေးတပ်ပြီး အေးအေးဆေးဆေး စမ်းဆော့ကြည့်လိုက်ပါ Background music တွေကအစ စိတ်ကိုလန်းဆန်းသွားစေမဲ့ အသံအေးအေးလေးတွေနဲ့အတူ သဘာဝ တိရစ္ဆာန်အသံတွေပါ အများကြီးပါတာမလို့ စိတ်ဖိစီးနေသူတွေ တနေကုန်ပင်ပန်းထားသူတွေအတွက်ပါ သင့်တော်စေမဲ့ Relaxing ဂိမ်းလေးတစ်ခုဖြစ်ပါတယ်

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။