PlayStation 1 ကစလို့ ခုချိန်ထိထွက်ရှိထားတဲ့ PlayStation 5 အထိ‌ ဂိမ်းစက်တွေအားလုံးဟာ Controller တွေကိုင်ပြီးကစားရတာပါ လက်နှစ်ဖက်စလုံးနဲ့ကိုင်ပြီး အားရပါးရကစားရတာဖြစ်ပါတယ် လက်နှစ်ဖက်လုံးနဲ့ ကိုင်ဆော့ရတာမလို့ တချို့ မသန်စွမ်း Gamer တွေအတွက် ကန့်သတ်ချက်တွေရှိလာပါတယ်

Credit:Sony

ဒီလိုကန့်သတ်ချက်တွေကို ကျော်လွှားနိုင်စေဖို့ YouTuber တစ်ယောက်ကကူညီပေးလိုက်ပါပြီ PlayStation 5 ဂိမ်းခလုပ်ကို လက်တစ်ဖက်တည်းနဲ့ ကစားနိုင်စေဖို့အတွက် အပိုတပ်ဆင်ရမဲ့ကိရိယာတွေကို အဲ့ဒီ YouTuber ကတီထွင်ပေးခဲ့ပါတယ် 

သူ့နာမည်ကတော့ Akaki Kuumeri ပါ ဘယ်ဖက်ဘုခလုပ်ပေါ်မှာ ပစ္စည်းတွေကိုတပ်ဆင်ထားပြီး အဲ့ဘုခလုပ်ကို အသုံးပြုချင်ရင် လက်ကိုင်ခလုပ်ကို‌ စောင်းချလိုက်တဲ့ပုံစံနဲ့ အသုံးပြုရမှာဖြစ်ပါတယ် ဘေးခလုပ်တွေကိုတောင် အသုံးပြုနိုင်မဲ့ ပစ္စည်းတွေတပ်ဆင်ထားပါတယ် လက်နှစ်ဖက်စလုံးကို အသုံးပြုဖို့အခက်အခဲရှိတဲ့ Gamer တွေအတွက် ဒီလုပ်ဆောင်ချက်လေးက အရမ်းမိုက်ပါတယ် 

Credit:Akaki Kuumeri

DuelSense လို့အမည်ပေးထားတဲ့ ဒီလက်ကိုင်ကို 3D Printer အသုံးပြုပြီး ဖန်တီးထားတာဖြစ်ပါတယ် Kuumeri ဟာ သူ့ဒီဇိုင်းကိုရောင်းချပြီး ပိုက်ဆံရှာနိုင်ပေမဲ့လည်း အဲ့လိုမလုပ်ခဲ့ပဲ တခြားသူတွေအားလုံး ပြန်လည်ဖန်တီးနိုင်အောင် လိုင်းပေါ်မှာတင်ပေးခဲ့တာပါ Miscrosoft မှာဆုရထားတဲ့ Adaptive လက်ကိုင်ခလုပ်ရှိနေပြီးသားမလို့ Sony ကလည်းအဲ့လိုစိတ်ကူးမျိုး ရလာမလားမပြောနိုင်ပါဘူ

Credit:MIscrosoft

လက်ကိုင်ကိုဘယ်လိုအသုံးပြုရတယ် ဘယ်လောက်လွယ်တယ် သူဘယ်လိုပုံစံတွေ ဖန်တီးထားလဲ ဘယ်လိုဖြုတ်ရတပ်ရလဲ ဆော့လို့ရောအဆင်ပြေနိုင်လားဆိုတာတွေ သိချင်ရင်တော့ အောက်ပါ Video ကိုကြည့်ရှူနိုင်ပါတယ်

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။