ပြီးခဲ့တဲ့ သောကြာနေ့မှာ လော့စ်အိန်ဂျလိစ်မြို့တော်တရားရုံးက ထုတ်ပြန်တဲ့အမူတွဲတွေထဲမှာ ရယ်စရာအမူတွဲတစ်ခုပါနေပါတယ် ရဲအရာရှိနှစ်ယောက် အလုပ်ထုတ်ခံရတဲ့အမူပါ ဘာကြောင့်လဲဆို တာဝန်ချိန်မှာ Pokémon Go ဆော့နေလို့ပါတဲ့ 

LAPD တပ်ဖွဲ့ဝင်များ (credit:LA Magazine)

ပြီးခဲ့တဲ့ သောကြာနေ့မှာ လော့စ်အိန်ဂျလိစ်မြို့တော်တရားရုံးက ထုတ်ပြန်တဲ့အမူတွဲတွေထဲမှာ ရယ်စရာအမူတွဲတစ်ခုပါနေပါတယ် ရဲအရာရှိနှစ်ယောက် အလုပ်ထုတ်ခံရတဲ့အမူပါ ဘာကြောင့်လဲဆို တာဝန်ချိန်မှာ Pokémon Go ဆော့နေလို့ပါတဲ့ 

ဧပြီလ ၂၀၁၇ ခုနှစ် လော့စ်အိန်ဂျလိစ်မြို့ ခရန်ရှောကုန်တိုက်မှာ Macy's မှာဖြစ်ပွားခဲ့တာပါ လုယက်မူတစ်ခုဖြစ်ခဲ့တာကြောင့် အရာရှိတစ်ဦးဟာ Lozano နဲ့ Mitchell တို့နှစ်ဦးကို ဆက်သွယ်ခဲ့ပေမဲ့ တခြားလူသတ်မူ‌ကိုစုံစမ်းနေတဲ့ အရာရှိတွေကသာ အကြောင်းပြန်ခဲ့ပါတယ် သူတို့နှစ်ဦးကတော့ လမ်းကြားတစ်ခုထဲဝင်ပြီး တခြားကိုမောင်းထွက်သွားတာပါ 

နောက်မှ Video တွေနဲ့အသံဖိုင်တွေကို စုံစမ်းကြည့်တဲ့အခါ နှစ်ယောက်သား လုယက်မူကို အကြောင်းပြန်ဖို့တိုင်ပင်ခဲ့ကြပေမဲ့ မပြန်ဖို့ဆုံးဖြတ်ခဲ့ကြပါတယ် ပြီးတော့ “၄၆ လမ်းနဲ့ Leimert မှာ Snorlax တစ်ကောင်ပေါ်လာတယ်ဟ”ဆိုပြီး ရှားပါးတဲ့ ပိုကီမွန်တစ်ကောင်ဖမ်းဖို့ ထွက်သွားကြပါတော့တယ် 

Snorlax ပိုကီမွန် 

ကားမှာတပ်ထားတဲ့ခြေရာခံစနစ်ကနေသိရတာက နောက်မိနစ် ၂၀ လောက်အထိ အဲ့ပိုကီမွန်ပေါ်လာတဲ့နေရာကိုသွားရင်း ဘယ်လိုဖမ်းမလဲဆိုတာ တိုင်ပင်နေခဲ့ကြတယ်လို့ တရားရုံးကစာရွက်စာတမ်းတွေမှာ ဖော်ပြထားပါတယ် အဲ့ကောင်ကိုလိုက်ရှာနေရင်းနဲ့ Mitchell က Lozano ကို Togetic တစ်ကောင်ပေါ်လာတယ်ဆိုပြီး ပြောပါသေးတယ် Togetic ဆိုတာတခြား ပိုကီမွန်တစ်ကောင်ပါ 

Togetic ပိုကီမွန်

Mitchell က Snorlax ကိုဖမ်းပြီး “ရပြီ”လို့ပြောရင်း Togetic ကိုဆက်ဖမ်းဖို့ထွက်သွားကြတယ်လို့ ဆက်ရေးထားပါတယ် Mitchell အဲ့အကောင်ကို တော်တော်လေးကြိုးစားပြီးဖမ်းလိုက်ရတယ်လို့လည်းဖော်ပြထားပါတယ် “ပြဿနာပဲ ဒီကောင်ငါ့ကို ပြန်ချနေတယ်ဟေ့”ဆိုတဲ့အသံနဲ့ “နောက်ဆုံးတော့ရပြီ ဟိုကောင်တွေတော့ တော်တော်မနာလိုဖြစ်တော့မှာပဲ”ဆိုတာပါ ကြားရပါသေးတယ်တဲ့ 

တရားခွင်မှာတော့ အရာရှိနှစ်ဦးက Pokémon Go ဟာဂိမ်းမဟုတ်ကြောင်း Social Media Event တစ်ခုသာဖြစ်ကြောင်း လိမ်လည်ထွက်ဆိုခဲ့ကြပေမဲ့ Snorlax ကိုလိုက်ဖမ်းခဲ့ကြတယ်ဆိုတာကိုတော့ ဝန်ခံခဲ့ပြီး နှစ်ယောက်စလုံး အလုပ်ထုတ်ခံခဲ့ရပါတယ် 

Credit:Itialy 24News

1975 ခုနှစ်က အရာရှိတစ်ဦးဖြစ်သူ ဒေါက်တာ စကယ်လီဟာ တာဝန်ချိန်မှာ အရက်သောက်ပြီး ခွင့်မဲ့ပျက်ကွက်တာတွေလည်းရှိခဲ့ပေမဲ့ အလုပ်ထုတ်မခံခဲ့ရဘူးဆိုတဲ့ကိစ္စကို သူတို့ကိစ္စနဲ့နှိုင်းယှဉ်ပြီး တရားရုံးကိုတင်ပြခဲ့ကြပါတယ် ဒါပေမဲ့တရားရုံးဖက်က ဒေါက်တာစကယ်လီဟာ နေ့လည်စာစားချိန်မှာ ဘီယာတစ်ခွက်နှစ်ကွက်သောက်တာဖြစ်ပြီး အလုပ်ချိန်မှာပျက်ကွက်မူတွေရှိခဲ့ပေမဲ့ သူ့အတွက်နဲ့ လူထုကိုဝန်ဆောင်မူပေးဖို့ ပျက်ကွက်ခဲ့တာမရှိဘူးဆိုပြီး အသနားခံစာကိုပယ်ချခဲ့ပါတယ်

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။