နာမည်ကြီး Anime ဇာတ်လမ်းတွဲတစ်ခုဖြစ်တဲ့ Attack in Titan ဟာ Call of Duty ဂိမ်းပေါ်ကို ရောက်ရှိလာတော့မှာဖြစ်ပါတယ် Gamer တွေဟာ တိုက်ပွဲထဲမှာ Survey Corps တပ်သားတွေအဖြစ်နဲ့ ရန်သူတွေကို ချေမှုန်းနိုင်တော့မှာပါ  Attack on Titan ဟာသူ့ဘာသာဇာတ်လမ်းတွဲဂိမ်းတွေရှိပေမဲ့ ဒါဟာပထမဆုံး နာမည်ကြီးဂိမ်းတစ်ခုနဲ့ Collab လုပ်တာဖြစ်ပါတယ် 

COD Vanguard (credit:Dot Esport)

Call of Duty:Warzone နဲ့ Vanguard တို့ပေါ်ကို နောက်လာမဲ့ Mid-season update နဲ့အတူ Attack on Titan Bundle တွေရောက်ရှိလာမှာဖြစ်ပါတယ် Levi Edition နဲ့အတူ တခြားလက်နက် Skin တွေအများကြီးကိုတွေ့ရမှာပါ PlayStation ကထုတ်ပေးထားတဲ့ Video မှာ Call of Duty ရဲ့နာမည်ကြီးကာရိုက်တာ Daniel Yatsu ကို Levi Ackerman ရဲ့ဆံပင်အလယ်ခွဲစတိုင်၊Survey Crops ဂျက်ကတ်၊အဖြူရောင်ကော်လံတို့နဲ့ တွေ့ရမှာဖြစ်ပါတယ် 

Levi Ackerman စတိုင်နဲ့ Daniel Yatsu (photo credit)

တခြားပါဝင်တာတွေက ရန်သူကိုသတ်လိုက်ချိန်ပြမဲ့ Steel Cut ဆိုတဲ့ Finishing Move, Ultrahard Steel ဆိုတဲ့ MVP Highlight, Vanguard မှာပဲသီးသန့်ပါမဲ့ မိုးပေါ်ပျံတဲ့ Vertical Maneuver အမည်ရှိ Intro, Wings of Freedom အမည်ရ Survey Corps အတောင်ပံပုံပါတဲ့ Emblem, Historia ဆိုတဲ့ SMG သေနတ်နဲ့ Ymir Curse အမည်ရှိ assault rifle သေနတ်

Bundle မှာပါဝင်မဲ့ Item များ (credit:Polygon)

ဇာတ်လမ်းထဲမှာ Titan တွေကိုသတ်တဲ့ Titan Piercer ဓားနှစ်ချောင်း၊ Eren Yeager ရဲ့မြေအောက်ခန်းပုံစံ လက်နက်မှာတပ်တဲ့ Secret Keeper အမည်နဲ့ charm အရုပ်လေးအပြင် နောက်ဆုံးအနေနဲ့ ဇာတ်လမ်းထဲက ဇာတ်ကောင် Sasha ကိုကိုယ်စားပြုတဲ့ One hot potato စတစ်ကာတို့ပါဝင်ပါတယ် Historia နဲ့ Ymir Curse သေနတ်တွေဟာ ဇာတ်လမ်းတွဲထဲက နာမည်ကြီးသေနတ်တွေဖြစ်ပါတယ် 

Gamer တွေနဲ့ Attack on Titan ပရိသတ်တွေဟာ လက်နက်တွေနဲ့ တခြား skin တွေကိုဘာမှမပြောပေမဲ့ Daniel Yatsu ရဲ့ Levi စတိုင်ကိုတော့ သိပ်သဘောမကျကြပါဘူး Twitter က PlayStation တင်ထားတဲ့ Video အောက်မှာ ‌ဒီကာရိုက်တာဟာ ကြောင်တောင်တောင်ကြီးဖြစ်နေကြောင်း ဝိုင်းပြောနေကြပါတယ်

Attack on Titan Final season poster (credit:Amazon)

 Attack on Titan ဟာနောက်ဆုံး Season Part Two ကိုမကြာသေးခင်ကမှ ထုတ်လွှင့်ပြသခဲ့တာကြောင့် ခုချိန်မှာနာမည်အကြီးဆုံးဖြစ်နေတဲ့အတွက် Bundle ထွက်လာမဲ့အချိန်နဲ့ ကွက်တိပါပဲ လက်ရှိ Call of Duty ဂိမ်းတွေဟာ ကစားသမားတွေရဲ့ skin တွေမပေါ်တဲ့ error ဖြစ်နေပါတာကြောင့် Mid-season update တစ်ခုထုတ်ပေးမှာဖြစ်ပြီး Error တွေပြင်ပေး Zombie mode တစ်ခုပါထည့်ပေးမဲ့အပြင် Attack on Titan bundle တွေကိုပါ စထည့်ပေးမှာပါ Update ကိုလာမဲ့အပတ်ထဲမှာ စထုတ်ပေးမယ်လို့သိရပါတယ်

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။