From software ကထုတ်လုပ်တဲ့ action-RPG ဂိမ်း Elden Ring ဟာ 2022 ကို အစကောင်းတစ်ခုနဲ့စတင်လိုက်ပါတယ် ဘယ်လိုစတင်လိုက်လဲဆိုရင်တော့ Steam မှာ ဂိမ်းကစားသူတွေအလိုချင်ဆုံး ဂိမ်းနေရာကို ရယူလိုက်တာပါ Hidetaka Miyazaki ကရိုက်ကူးထားပြီး Game of Thrones စာရေးဆရာ George R.R.Martin က world-building အပိုင်းကိုတာဝန်ယူပေးထားတဲ့ ဒီဂိမ်းဟာ Steam ပေါ်မှာ ကစားသမားတွေအလိုချင်ဆုံး အသစ်ထွက်မဲ့ဂိမ်းဖြစ်လာခဲ့ပါတယ်

Elden Ring story trailer

လာမဲ့ဖေဖော်ဝါရီလ 25 ရက်နေ့မှာထွက်ရှိမဲ့ Elden Ring ဟာ 2021 တစ်နှစ်လုံးမှာ ကစားသမားတွေအလိုချင်ဆုံးဂိမ်းနေရာကို ယူထားခဲ့တဲ့ Dying Light 2:Stay Human ကိုကျော်တက်ခဲ့တာပါ 

တခြားဂိမ်းအသစ်စာရင်းတွေစာရင်းထဲမှာဆို Recreate Games ရဲ့ multiplayer brawler ဂိမ်းဖြစ်တဲ့ Party Animals၊PC အတွက်ထွက်လာတဲ့ God of War နဲ့ FNTASTIC ရဲ့ ကမ္ဘာပျက် Open-world ဂိမ်းအသစ် MMO,The Day Before တို့ပါဝင်ပါတယ် 

Elden Ring poster (credit:Playstation Store)

Elden Ring ဖြန့်ချီရက်နီးလာတာနဲ့အတူ George ကသူဂိမ်းအတွက် အလုပ်လုပ်ခဲ့တဲ့အချိန်အကြောင်းကို ပြောပြခဲ့ပါတယ် Miyazaki နဲ့ဂိမ်းဒီဇိုင်နာတွေက သူ့ကိုအလုပ်တွဲလုပ်ဖို့ လာကမ်းလှမ်းချိန်တုန်းက ဒီကမ်းလှမ်းချက်ဟာ “မငြင်းနိုင်လောက်အောင် စိတ်လှုပ်ရှားဖို့ကောင်းတယ်”လို့ပြောခဲ့ပါတယ် 

Elden Ring နဲ့ပတ်သက်ပြီး Gamer တွေအရမ်းမျှော်လင့်နေကြတဲ့နောက်တစ်ခုက ဂိမ်းထဲမှာ ကိုယ့်ကာရိုက်တာကို စိတ်ကြိုက်ပြင်ဆင်နိုင်တဲ့အရာဖြစ်ပါလိမ့်မယ်

credit:Reddit

ဒီ Feature ဟာမနေ့တနေ့ကမှ Leak လာတာဖြစ်ပြီး ပရိသတ်တွေ‌ တော်တော်သဘောကျနေကြပါတယ် Dark Souls နဲ့ Bloodbourne တို့နဲ့ပုံစံတူတဲ့ ဒီဂိမ်းထဲမှာ‌ ကာရိုက်တာတွေကို ပိုပြီး Realistic ဆန်အောင် စိတ်ကြိုက်ပြုပြင်ကစားနိုင်ပုံရပါတယ်

credit:Reddit

Gamer တွေအကြာကြီးစောင့်ခဲ့ရယုံသာမက Leak ဖြစ်လာတဲ့ ရှားရှားပါးပါး feature ကိုလည်း အားလုံးက‌သဘောကျနေကြတာကြောင့် လက်ရှိ Steam မှာဒီဂိမ်းဟာ ပရိသတ်တွေအလိုချင်ဆုံးဂိမ်းနေရာမှာ ရပ်တည်နေပါတယ်

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။