Gaming အိပ်ယာတွေနဲ့ အိပ်ယာခင်းတွေကို ထုတ်လုပ်ပေးနေတဲ့ ဂျပန် Gaming ပရိဘောဂကုမ္ပဏီ Bauhutte ဟာ Gamer တွေအတွက် နောက်ထပ်ပစ္စည်းအသစ်တစ်ခုကို ကြေညာပေးခဲ့ပါတယ် လက်ဖဝါးနဲ့ လက်ချောင်းတွေကို နှိပ်နယ်ပေးမဲ့  စက်ပစ္စည်းတစ်ခုကိုကြေညာပေးခဲ့တာပါ 

Bauhutte ရဲ့ Gaming အိပ်ယာ (credit:Bauhutte)

Hand Massager လို့အမည်ပေးထားတဲ့ ဒီပစ္စည်းဟာ Desktop နဲ့တွဲသုံးရမှာဖြစ်ပြီး ဂိမ်းကစားသူရဲ့လက်ကို ချောမွေ့စေအောင်၊ကစားရတာ သွက်လက်စေအောင် ရည်ရွယ်ဒီဇိုင်းဆွဲထားပါတယ် လက်ဖမိုးနဲ့ လက်ချောင်းတစ်ချောင်းချင်းစီက ညောင်းညာမူတွေနဲ့ ငြီးငွေ့မူတွေကို ဖယ်ရှားပစ်ဖို့ ကူရှင်ပေါင်း 15 ခုထည့်သွင်းဖန်တီးထားပါတယ် 

နှိပ်နယ်ပေးမှာကို ပြင်းပြင်းဖြစ်စေ၊ပျော့ပျော့လေးဖြစ်စေ ခံစားနိုင်စေဖို့ ချိန်ညှိနိုင်တဲ့ setting သုံးခုပါဝင်ပါတယ် အဓိက Setting ကတော့ လက်တစ်ချောင်းလုံးအတွက်နဲ့ လက်ချောင်းတွေအတွက်ဆိုပြီး နှစ်မျိုးပါဝင်ပါတယ် 

Hand Massager ရဲ့အတွင်းပိုင်း (credit:Bauhutte)

စက်ထဲမှာ လက်ကိုအပူပေးနိုင်မဲ့ လုပ်ဆောင်ချက်ပါဝင်ပြီး Bauhutte ကဂိမ်းမဆော့ခင် လက်ကိုနွေးထွေးအောင် အပူပေးကြပါလို့ အကြံပေးထားပါတယ် ဆော့နေရင်းခဏနားချိန်မှာလည်း လက်မှာသွေးလည်ပတ်မူအားကောင်းအောင် အသုံးပြုကြပါလို့ တိုက်တွန်းထားပါတယ် ဂိမ်းဆော့ပြီးသွားချိန်မှာလည်း အနားယူရင်းအသုံးပြုနိုင်ပါတယ် 

ဂိမ်းကစားသူတွေဟာ လက်ထားပုံမမှန်ကန်ရင် ကျန်းမာရေးကိုထိခိုက်နိုင်တာမလို့ Red Bull ကုမ္ပဏီက ထိခိုက်မူတွေကာကွယ်ဖို့ လက်အောက်ခံသားရေပြားတွေအသုံးပြုဖို့နဲ့ လက်လေ့ကျင့်ခန်းတွေပြုလုပ်ဖို့ အကြံပေးထားပါတယ် 

Hand Massager (credit:Bauhutte)

Bauhutte ရဲ့တခြားကုန်ပစ္စည်းတွေလိုပဲ ဒီကုန်ပစ္စည်းကလည်း နည်းနည်းလေးတော့ ပိုတယ်လို့ ခံစားရနိုင်ပေမဲ့ ဂိမ်းကစားသူတွေအတွက်မကပဲ ကွန်ပြူတာရှေ့မှာတနေကုန်ထိုင်ပြီး အလုပ်လုပ်ရသူတွေအတွက် အများကြီးပိုအသုံးဝင်နိုင်ပါတယ် 

Hand Massager ကိုဂျပန်နိုင်ငံမှာ ဒေါ်လာ 150 ဝန်းကျင်နဲ့ဝယ်ယူနိုင်ပြီး နောက်မကြာခင် တစ်ကမ္ဘာလုံးဈေးကွက်ထဲကို ဖြန့်ချီမယ်လို့ မျှော်လင့်ရပါတယ်

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။