နေ့တိုင်းနေ့တိုင်း ဖုန်းဂိမ်းတွေအများကြီးထဲမှာ ဆော့ရတဲ့ပုံစံထူးထူးခြားခြားနဲ့ ဂိမ်းတွေဟာ ပုံမှန်ဂိမ်းတွေနဲ့မတူပဲ ကစားသူတွေကို စိတ်ပျော်ရွင်စေမူ စိတ်ကျေနပ်စေမူတွေ အများကြီးပေးနေဆဲပါ အပျင်းပြေဂိမ်းတွေထဲမှာ ဖုန်း Screen ပေါ်ကို လက်နဲ့နှိပ်ဆော့ရတဲ့ဂိမ်းတွေကို ငြီးငွေ့နေသူတွေဟာ ပုံမှန်မဟုတ်ပဲ Physical activity ထူးထူးဆန်းဆန်းတွေနဲ့ ဂိမ်းတွေကိုရှာဖွေလာကြပါတယ် အဲ့လိုဂိမ်းအမျိုးအစားတွေက Gaming Industry ထဲမှာ အများကြီးပါပဲ အခုဖော်ပြပေးမဲ့ဂိမ်းတစ်ခုကလည်း Physical Activity တစ်ခုကိုသုံးပြီး ဆော့ရတဲ့ဂိမ်းပါပဲ 

One Hand Clapping icon (credit:148apps)

One Hand Clapping လို့အမည်ရတဲ့ဂိမ်းလေးတစ်ခုအကြောင်းကို ဖော်ပြပေးမှာဖြစ်ပါတယ် ဒီဂိမ်းဟာ ဖုန်းပေါ်မှာသာမက Window ပေါ်မှာလည်း ကစားလို့ရတဲ့ဂိမ်းတစ်ခုဖြစ်ပါတယ် ဒီဂိမ်းရဲ့ ထူးခြားချက်ကတော့ ကစားသူဟာ ကိုယ့်အသံကို အသုံးချပြီးကစားရမှာပါ အသံကိုသုံးရမယ်ဆိုရာမှာလည်း တခြားဂိမ်းတွေလို ကိုယ်ကြိုက်သလို အော်လို့မရပါဘူး ဂိမ်းထဲက Puzzle တစ်ခုချင်းစီအလိုက် သူ့နေရာနဲ့သူ လိုအပ်တဲ့ အနိမ့်သံ အမြင့်သံ စတာတွေအသုံးပြုပြီး ကစားရမှာပါ

One Hand Clapping Trailer

ဂိမ်းအမျိုးအစားက Puzzle ဂိမ်းပါ ဂိမ်းထဲမှာပါသမျှ Puzzle တွေအကုန်လုံးကို သီချင်းဆိုပြီးတော့ ကျော်ဖြတ်ရမှာပါ Level မျိုးစုံမှာတွေ့ရမဲ့ အတားအဆီးတွေ ဆက်သွားဖို့လိုအပ်တဲ့ လမ်းတွေ တံတားတွေဆောက်တာတွေ အားလုံးကို သီချင်းဆိုပြီးတော့ပဲ ကစားရမှာဖြစ်ပါတယ် Window အတွက် ဂိမ်းကိုထုတ်လုပ်ပေးထားတာက Bad Dream Games စတူဒီယိုဖြစ်ပြီး မိုဘိုင်းအတွက် ထုတ်ပေးတာကတော့ HandyGames ကဖြစ်ပါတယ် ဂိမ်းကစားဖို့ဆို နားကြပ်တစ်ခု ဒါမှမဟုတ် Miscrophone တစ်လုံးနဲ့ အော်နိုင်တဲ့ အသံတစ်ခုရှိရင် အဆင်ပြေပါပြီ ဂိမ်းထဲမှာ ဟိုဖက်ဒီဖက်လျှောက်လို့ရတဲ့ ခလုပ်လေးတွေတော့ ထည့်ထားပေးဦးမှာပါ

screenshot from One Hand Clapping (credit:Pocket Gamer)

ဂိမ်းရဲ့လူကြိုက်များတဲ့အချက်တစ်ခုက စစချင်းဆို အသံအနေအထား စစ်နေစရာမလိုပဲ နောက်ပိုင်းတဖြည်းဖြည်း Level မြင့်လာရင်တော့ ကိုယ့်အသံကို မြင့်နိုင်သမျှမြင့်အောင် ဆိုရပါလိမ့်မယ် အသံ Note တစ်ခုကို လိုအပ်တဲ့အချိန်ပမာဏအထိ ဆွဲထားနိုင်မဲ့ စကေးတွေပါ လိုအပ်လာပါပြီ ဆိုတော့ ဂိမ်းဆော့ရင်း ကိုယ့်အသံကိုပါ တစ်ခါတည်း လေ့ကျင့်ပြီးသားဖြစ်စေမဲ့ သဘောပါပဲ 

သီချင်းတွေဆိုပြီး လမ်းတွေ တံတားတွေ ဆောက်ရပါမယ် (credit:Pocket Gamer)

Graphic ကအိပ်မက်ဆန်ဆန် အရောင်စုံ 2D ကမ္ဘာထဲမှာ ချစ်စရာ Avater လေးအနေနဲ့ ကစားရမှာပါ လှပတဲ့ နေရာကြီး 6 ခုကြားထဲမှာ အသံကိုအဓိကအသုံးပြုပြီး ဆော့ကစားရမှာဖြစ်ပါတယ် ဂိမ်းအစအဆုံး Playtime က 4 နာရီကနေ 5 နာရီကြားထိ ကြာမြင့်နိုင်ပါတယ် ဒါပေမဲ့ Play Store ပေါ်မှာ 9.99 ဒေါ်လာနဲ့ ဝယ်ယူရမဲ့ ဂိမ်းတစ်ခုဖြစ်တာကြောင့် အခမဲ့ကစားနိုင်မှာတော့ မဟုတ်ပါဘူး

သတင်းအရင်းမြစ်: Play Store link for One Hand Clapping

သတင်းအရင်းမြစ်: App Store link for One Hand Clapping

ကိုယ့်အသံကို ဘယ်လောက်ထိ မြှင့်နိုင်လဲသိချင်သူတွေ အဆိုတော်ဖြစ်ဖို့ ကြိုးစားနေသူတွေအတွက် ဒီဂိမ်းက အကူအညီကောင်းကောင်း ဖြစ်စေပါလိမ့်မယ် ဂိမ်းဆော့ရင်းနဲ့ ကိုယ့်ရဲ့ကာရာအိုကေ အရည်အချင်းကိုစမ်းသပ်ချင်သူတွေ သူငယ်ချင်းတွေနဲ့အတူ ဝိုင်းအော်ရင်း ပျော်စရာတွေ ဖန်တီးချင်သူတွေအတွက်လည်း သင့်တော်တဲ့ မိုဘိုင်းဂိမ်းကောင်းတစ်ခုဖြစ်ပါတယ် 

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။