ဖုန်းဂိမ်းတွေထဲမှာ အရောင်စုံစုံ ကာတွန်းရုပ်လေးတွေနဲ့ဂိမ်းတွေ အဆောက်အဦးတွေတည်ဆောက်ပြီး မြို့တည်ရတဲ့ဂိမ်းတွေဟာ ဆော့ရတာပျော်ဖို့ကောင်းပါတယ် အဲ့အမျိုးအစားတွေဟာ မြန်မာနိုင်ငံမှာလည်း လူကြိုက်များတဲ့ ဂိမ်းအမျိုးအစားတွေပါ အဲ့လိုဂိမ်းတွေထဲမှာမှ စိတ်လှုပ်ရှားစရာ အားကစားတစ်မျိုးပါ ပေါင်းထည့်ထားပြီး Animation လန်းလန်းနဲ့ ဂိမ်းတစ်ခုကို ကစားချင်တယ်ဆိုရင်တော့ ရွေးချယ်စရာတစ်ခုရှိပါတယ် မကြာခင်ကမှ ထွက်ထားတဲ့ ဂိမ်းအသစ် Baseball Tycoon ဖြစ်ပါတယ်

Baseball Tycoon icon (credit:Play Store)

ဒီဂိမ်းထဲမှာဆို ကစားသူတွေဟာ ဘေ့စ်ဘောရိုက်သူနေရာက ကစားနိုင်ပြီး ရိုက်လိုက်တာနဲ့ ဘေ့စ်ဘောက ရေကန်ထဲကျတာကနေ လပေါ်ကအာကာသယာဉ်ကို သွားထိမှန်တဲ့အထိ ဖြစ်နိုင်ပါတယ် အရင်ထွက်ထားတဲ့သတင်းတွေအရ ဂိမ်းဟာအသည်းအသန် ခက်ခက်ခဲခဲကြီး မဆော့ရပါဘူး ဒါကြောင့်မလို့လည်း ဂိမ်းရဲ့အရောင်စုံစုံ ချစ်စရာပုံစံလေးနဲ့ လိုက်ဖက်တာပါ ကစားသူဟာ ပင်လယ်ဓားပြတစ်ယောက် လူစိမ်းကြီးဟော့ခ်နဲ့တူတဲ့ အကောင်ကြီးတစ်ကောင် ရွှေဖရုံသီးတစ်ခု ဖုတ်ကောင်တစ်ကောင်နဲ့ သွေးစုပ်ဖုတ်ကောင်တစ်ကောင်တို့ကို ကိုယ့်အသင်းသားအဖြစ် စုဆောင်းနိုင်ပါသေးတယ် 

credit:Play Store

ဘေ့စ်ဘောမြို့တော်ကြီးကို တည်ဆောက်ရင်းနဲ့ ဂိမ်းထဲမှာ အချမ်းသာဆုံး ကစားသမားဖြစ်လာအောင် ကြိုးစားရမှာပါ တဖြည်းဖြည်းအဆင့်တက်မဲ့ဂိမ်းဖြစ်တာကြောင့် ဂိတ်ပေါက်ဝတွေ ဘေ့စ်ဘောရိုက်တံထုတ်လုပ်တဲ့စက်တွေကို အဆင့်မြှင့်တင်ပြီး အားကစားပရိသတ်တွေကို ဆွဲဆောင်ရမှာဖြစ်ပါတယ် ကစားသူကသေချာအလုပ်လုပ်ပြနိုင်ရင် ရင်းနှီးမြှပ်နှံသူတွေဟာ အသင်းဆီအလည်လာပြီး သူတို့သဘောကျရင် ပိုက်ဆံတွေ ရင်းနှီးမြှပ်နှံဦးမှာပါ

Baseball Tycoon Gameplay

ဂိမ်းဆော့ရတဲ့ပုံစံကဘယ်လိုလဲသိချင်ရင် အပေါ်က Video မှာအစမ်းကြည့်နိုင်ပါတယ် ဒီဂိမ်းကို IOS အတွက်ရော Android အတွက်ရော အခမဲ့‌ Download ရယူနိုင်ပါတယ် ကလေးတွေအတွက်ဖြစ်စေ  ဂိမ်းကိုသိပ်ဖိအားများပဲဆော့ချင်သူအတွက်ဖြစ်စေ သင့်တော်ပါတယ် ချစ်စရာရုပ်ထွက်နဲ့ အချိန်ဖြုန်းလို့ကောင်းမဲ့ဂိမ်း Baseball Tycoon ကိုဆော့ချင်တယ်ဆို အောက်ပါ link ကနေ Download ရယူနိုင်ပါတယ်

သတင်းအရင်းမြစ်: Download link for Android

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။