Sitcom ဇာတ်လမ်းတွဲတွေထဲမှာ The Office ဇာတ်လမ်းတွဲဟာဆို နာမည်အကြီးဆုံးတွေထဲက တစ်ခုဖြစ်ပါတယ် Season 9 ခုစလုံးမှာ အူတက်လောက်အောင် ရယ်မောရမဲ့ အလွဲတွေအများကြီးနဲ့ Show တစ်ခုပါ မြန်မာပြည်မှာလည်း အင်္ဂလိပ်စာလေ့လာသူတွေနဲ့ sitcom ကြိုက်သူတွေကြားထဲမှာ မသိသူမရှိတဲ့ စီးရီးတစ်ခုပါ 

credit:Play Store

အခုတော့အဲ့စီးရီးကို မိုဘိုင်းဂိမ်းတစ်ခုအဖြစ် မြင်ရတော့မှာပါ The Office:Somehow We Manage လို့အမည်ရပါတယ် ခုလက်ရှိ Play Store မှာ pre-register လုပ်ထားနိုင်ပါပြီ Show ရဲ့အထင်ကရဖြစ်ရပ်တွေ အများကြီးကိုလည်း ထည့်သွင်းထားတယ်လို့ သိရပါတယ် LEAF Mobile ရဲ့ လက်အောက်ခံကုမ္ပဏီဖြစ်တဲ့ East Side Games ကထုတ်လုပ်ထားတာပါ Sitcom စီးရီးတွေကို ကာတွန်းပုံစံဂိမ်းတွေအဖြစ် အသက်သွင်းနေတဲ့ ကုမ္ပဏီတစ်ခုဖြစ်ပါတယ်

credit:Play Store

ဒီဂိမ်းကို Free Download ဆွဲပြီးကစားနိုင်မယ်လို့ သတင်းစာရှင်းလင်းပွဲတစ်ခုမှာ ပြောကြားခဲ့ပါတယ် ဂိမ်းကနေ ပိုက်ဆံရှာမဲ့ပုံစံကိုတော့ အတည်ပြုမပြောသေးပါဘူး ကြော်ငြာနဲ့ In Game Cash တွေပါဝင်တယ်လို့တော့ Screenshot တွေအရ သိရပါတယ် Gameplay ကတော့ touch to play ဖြစ်ပြီး ကိုယ်ကြိုက်တဲ့ ကာရိုက်တာရဲ့ ရုံးစားပွဲကို Upgrade လုပ် စားပွဲတွေထပ်တည်ဆောက်ရမှာဖြစ်ပါတယ်

credit:pocketgamer

Season 9 ခုလုံးဂိမ်းထဲပါမှာပါ ဆော့နေရင်း ကာရိုက်တာအသစ်တွေ ထပ်ထပ်ရမှာဖြစ်ပါတယ် ဂိမ်းကိုပိုမြန်မြန်ဆော့နိုင်ဖို့ဆို In Game Scttcoin တွေဝယ်ရမှာဖြစ်ပါတယ် ဘယ်လောက်ပမာဏရှိမလဲတော့ မသိရသေးပါဘူး

The Office ပရိသတ်ဆိုရင်တော့ ခုကတည်းက Pre-register လုပ်ထားသင့်နေပါပြီ ဒါမှ ဂိမ်းဆော့လို့ရတာနဲ့ ပထမဦးဆုံး ကစားနိုင်မှာဖြစ်ပါတယ်

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။