Battle Royal ဂိမ်းတွေထဲမှာ နာမည်ကြီးပြီးသားတွေကို မဆော့ချင်ပဲ ခပ်ဆန်းဆန်းဂိမ်းတွေ ဂိမ်းအသစ်တွေကို အားပေးချင်သူတွေအတွက် ကိုယ့်အိမ်နီးချင်းနိုင်ငံကိုပါ အားပေးနိုင်မဲ့ ဂိမ်းတစ်ခုထွက်လာပါပြီ တောင်အာရှနိုင်ငံတစ်ခုကထုတ်တဲ့ ပထမဆုံး Battle Royal ဂိမ်းလို့တောင် ဆိုနိုင်ပါတယ် ဘင်္ဂလားဒေ့ရှ်နိုင်ငံရဲ့ Crisis Entertainment LLC ကထုတ်ပေးထားတဲ့ Annihilation လို့အမည်ရတဲ့ဂိမ်းပါ 

credit:UptoDown

Multiplayer ရော Battle Royal ပါပါဝင်တဲ့ ဂိမ်းတစ်ခုဖြစ်ပါတယ် လက်ရှိ Beta test version ကို Android မှာကစားနိုင်ပါပြီ ဇာတ်လမ်းအခြေခံဂိမ်းတစ်ခုဖြစ်ပြီး ကာရိုက်တာပေါင်းများစွာကို ရွေးချယ်ကစားနိုင်မှာဖြစ်ပါတယ် Season အလိုက် ဇာတ်လမ်းသွားကို ချပြသွားမှာလို့ သိရပါတယ် ဟိုဖက်ဒီဖက် ငါး‌ယောက်စီ ကစားနိုင်မဲ့ 5 Vs 5 Multiplayer နဲ့ ကစားသူပေါင်း 60 နဲ့ Battle Royal နှစ်မျိုး ကစားနိုင်မှာပါ Beta ဖြစ်တာကြောင့် Squad လိုက်ကစားနိုင်မှာ မဟုတ်သေးပါဘူး control ပိုင်းမှာလည်း နည်းနည်းလေးလိုအပ်‌နေသေးပေမဲ့ နောက်ပိုင်းပြင်ဆင်သွားမယ်လို့ မျှော်လင့်ရပါတယ်

credit:Crisis Entertainment LLC

လက်နက်ပိုင်းမှာတော့ တော်တော်များများစုံလင်ပါတယ် ကာရိုက်တာတစ်ယောက်ချင်းစီမှာ မတူညီတဲ့ အားသာချက် အားနည်းချက်တွေ ရှိနေတာကြောင့် ကစားသူဟာ ရွေးချယ်မူတွေ သေချာပြုလုပ်ပြီး ကစားရမှာပါ လက်ရှိ Season ဟာ ကာရိုက်တာတွေရဲ့ အစွမ်းတွေကို ကစားသူတွေပိုနားလည်နိုင်အောင် ပြုလုပ်ထားတယ်လို့ သိရပါတယ် Graphic ပိုင်းမှာ ကာရိုက်တာဇာတ်ကောင်တွေက နည်းနည်းကာတွန်းဆန်ပြီး ပတ်ဝန်းကျင် UI ကတော့ Realistic ဆန်ပါတယ် Developer ဟာ feedback တွေအလိုက် ဂိမ်းကိုပြင်ဆင်မူတွေ ပြုလုပ်ထားပြီး UI တစ်ခုလုံးကိုပြောင်းလဲထားတာပါ မြေပုံအကျယ်က 2×3.7 km² ရှိပါတယ် 

Annihilation Gameplay Video

မြန်မာ Gamer တွေနဲ့ ဘင်္ဂလာဒေ့ရှ် Gamer တွေက ဂိမ်းတိုင်းမှာ စိတ်ဝင်စားစရာ  ဆက်ဆံရေးတစ်ခုရှိတာကြောင့် ဒီဂိမ်းကို မြန်မာကစားသမားတွေ ဆော့ကြည့်ရင်လည်း ပျော်ဖို့ကောင်းမယ်ထင်ပါတယ် နောက်ပိုင်းမှာလည်း eSports ပြိုင်ပွဲတွေအများကြီး ကျင်းပပေးမယ်ဆိုတာကြောင့် စ‌ကေးပြချင်သူတွေ အခုကတည်းက ကြိုဆော့ထားသင့်တဲ့ဂိမ်းပါ Annihilation Mobile version 0.2.9 ကို အောက်ပါ link မှာ Download ရယူနိုင်ပါတယ်

သတင်းအရင်းမြစ်: Download link for Annihilation Mobile

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။