Puzzle ဂိမ်းအမျိုးအစားကို ကြိုက်နှစ်သက်သူတွေအတွက် Google Play မှာ 4.99 ဒေါ်လာ ပေးဝယ်ပြီး ကစားနိုင်မဲ့ ဂိမ်းကောင်းလေးတစ်ခုရှိပါတယ် Limbo လို့အမည်ရတဲ့ Puzzle ဂိမ်းကောင်းလေးတစ်ခုပါ Playdead ကထုတ်လုပ်ထားပြီး Android ပေါ်မှာ မဆော့နိုင်ခင်ကတည်းက Xbox နဲ့ PC ပေါ်မှာကစားနိုင်နေပါပြီ 

credit:Epic Game

ဒီဂိမ်းထဲမှာ ကစားရမဲ့ ကာရိုက်တာက အမည်မရှိကောင်လေးတစ်ယောက်ဖြစ်ပါတယ် သူဟာ အက်ဆီးဒန့်တစ်ခုဖြစ်ပြီးနောက် သေခြင်းနဲ့ ရှင်ခြင်းကြားက Limbo ဆိုတဲ့ နေရာတစ်ခုမှာ နိုးထလာပါတယ် အဲ့လိုနိုးလာပြီးတဲ့နောက် သူ့ညီမကိုလိုက်လံ ရှာဖွေ‌ပါတော့တယ် ဒီလိုလိုက်ရှာတဲ့ ခရီးအစဆုံးမှာ ရန်သူတွေ ကြောက်ဖို့ကောင်းတဲ့ သတ္တဝါတွေ ကိုယ့်ကိုမြင်ရင် ရန်ပြုတဲ့လူတွေ ထွက်ပြေးတဲ့လူတွေ ထောင်ချောက်တွေ စတာတွေအများကြီးကို ရင်ဆိုင်ရမဲ့ ဂိမ်းတစ်ခုဖြစ်ပါတယ်

credit:Epic Game

တချို့နေရာတွေမှာဆို အကြာကြီးတောင် တစ်နေတတ်ပါတယ် You Tube အကူအညီမပါပဲ ဒီဂိမ်းကို နိုင်တဲ့လူဆိုတာတော်တော်လေး ရှားပါတယ် အဲ့လောက်ထိကိုခက်ပြီး နာမည်ကြီးတဲ့ဂိမ်းပါ ကစားသူတွေရဲ့ Positive Review တွေ ဂိမ်းရဲ့ ဘာမှသေချာမရှင်းပြထားတဲ့ Ending ကြောင့် Fan Theory တွေ အများကြီးကိုလည်း ဂိမ်းဆော့ပြီးရင် ရှာဖွေဖတ်ရှူကြည့်နိုင်ပါတယ်

credit:Epic Game

ဂိမ်းကို Black and White Tone အသုံးပြုထားပြီး Horror ဆန်ဆန် Theme နဲ့မလို့ ဒီဂိမ်းကို အနုပညာမြောက်တယ်လို့ ကစားဖူးသူတွေက ချီးကျူးကြပါတယ် Mobile မဟုတ်ပဲ တခြား Platform တွေပေါ်မှာဆို ရောင်းအားအကောင်းဆုံး ဆုတွေထိရရှိထားတဲ့ ဂိမ်းတစ်ခုဖြစ်တာမလို့ Puzzle ဂိမ်းကြိုက်သူတွေ အကြိုက်တွေ့မဲ့ ဂိမ်းလေးပါ

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။