25 ရက်နေ့ ခရစ်စမတ်နေ့က တရုတ် Gamer တွေအတွက် အံ့ဩစရာတစ်ခုဖြစ်သွားပါတယ် တစ်နိုင်ငံလုံးမှာရှိတဲ့ Gamer တွေအားလုံး Steam ကိုဝင်လို့မရကြတော့တာဖြစ်ပါတယ် Steam အဲ့လိုဝင်မရတော့ပေမဲ့ ဖေဖော်ဝါရီလတုန်းက တရုတ်ပြည်အတွက် သီးသန့်ထုတ်ထားတဲ့ Steam China ကိုပဲဝင်လို့ရတော့ပါတယ်

Credit:nichegamer

နဂိုကတည်းက တချို့ဂိမ်းတွေကိုဆော့ဖို့ VPN ကိုအားကိုးနေရတဲ့ တရုတ် Gamer တွေရဲ့အခြေအနေဟာ အခုဆိုပိုဆိုးသွားပါပြီ တရားခံကတော့ တရုတ်အစိုးရပါပဲ တရုတ်ကွန်မြူနစ်အစိုးရဟာ 2021 တစ်နှစ်လုံး Gaming ပိုင်းကိုနှိပ်ကွက်လာတာဟာ အခုဆိုရင်တော့ အဆိုးဆုံးအခြေအနေကို ရောက်သွားပါပြီ

အားလုံးသိကြတဲ့အတိုင်း Steam ဟာ Gamer တစ်ယောက်အတွက် မရှိမဖြစ် Platform တစ်ခုဖြစ်ပါတယ် တရုတ်အစိုးရက Gaming ကိုတောက်လျှောက်နှပ်ကွပ်နေခဲ့တာကြောင့် သိပ်အံ့သြစရာမဟုတ်ပါဘူး လွန်ခဲ့တဲ့ နိုဝင်ဘာ 15 ရက်နေ့ကဆို  Fornite ကိုပိတ်ပင်ခဲ့ပါတယ် Fornite တစ်ခုလုံးလုံးဝမပိတ်ခင်က Skin ကိုဘန်းတာတွေလည်းရှိခဲ့ပါသေးတယ်

Credit:Epic Game

ကလေးတွေဟာ တစ်ပတ်ကို 3 နာရီသာ ဂိမ်းကစားခွင့်ရှိပြီး Cryptocurrency ကိုလည်းဘန်းထားတဲ့ နိုင်ငံတစ်ခုပါ Steam China ကိုအသုံးပြုနိုင်တယ်ဆိုပေမဲ့ စထွက်တုန်းကဆို ဂိမ်း 53 ခုပဲရှိတဲ့ Steam China ဟာ Gamer တွေအတွက် လုံးဝအဆင်မပြေပါဘူး Steam China ပေါ်မှာ ဂိမ်းတစ်ခုတင်နိုင်ဖို့အတွက် Developer တွေဟာ တရုတ်အစိုးရဆီက ခွင့်ပြုချက်လိုအပ်ပါတယ် တကယ်လို့ တရုတ်ပြည်ကို ဆန့်ကျင်တဲ့ပုံစံတစ်ခုခု ဒါမှမဟုတ် သူတို့တားမြစ်ထားတဲ့အရာတစ်ခုခု သွယ်ဝိုက်ပြီးပါနေရင်တောင် တင်ခွင့်ရမှာမဟုတ်ပါဘူး

Steam China(Credit:TalkEsport)

ဒီလို Steam ဘန်းခံလိုက်ရတာဟာ ကစားသူတွေသာမက ဂိမ်းထုတ်လုပ်သူတွေပါ ဒုက္ခရောက်မဲ့အခြေအနေဖြစ်ပါတယ် ဂိမ်းအကြီးကြီးတွေအတွက် ပြဿနာမရှိပေမဲ့ တချို့ဂိမ်းထုတ်လုပ်သူတွေဟာ တရုတ်ပြည်က Gamer အုပ်စုကြီးကို အားကိုးနေရတာဖြစ်ပါတယ်

ဒီလိုမျိုး Steam ကိုဘန်းလိုက်တာဟာ တရုတ်အစိုးရရဲ့ နိုင်ငံသားတွေပေါ် Gaming အရဖြစ်စေ ဒါမှမဟုတ် အမြတ်အစွန်းငွေအရဖြစ်စေ သူ့တို့ရဲ့ ဥပဒေအတိုင်း ကလေးတွေကို ဂိမ်းဆော့တာကနေ တားဆီးဖို့အတွက်ဖြစ်စေ ဘန်းတာဖြစ်တယ်လို့ တရုတ်ပြည်ရဲ့ ဂိမ်းကစားသူတွေက ဝေဖန်နေကြပါတယ်

games in Steam China(Credit:Engadged)

  Steam China ကဆက်အသုံးပြုလို့ရနေသေးပေမဲ့ တရုတ်အစိုးရရဲ့ ဥပဒေတွေအတိုင်း လှုပ်ရှားရတဲ့ Platform ဖြစ်တာကြောင့် ကစားသူတွေအတွက် အဆင်ပြေမှာမဟုတ်ပါဘူး Steam Community တို့ Steam Market တို့ Steam Workshop တို့ဆိုရင်ဝေလာဝေးပါပဲ

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။