IOS အသုံးပြုသူတွေအတွက် ကစားနိုင်တဲ့ Mode များများနဲ့ Driving Game တစ်ခုရှိပါတယ် Window ပေါ်မှာလည်းကစားလို့ရတဲ့ဂိမ်းဖြစ်ပြီး Android အတွက်ကတော့ Mod App တွေနဲ့ပဲ ဆော့နိုင်တဲ့ ဂိမ်းတစ်ခုပါ အခြေခံအားဖြင့်ကတော့ ကားမောင်းရင်း ရန်သူတွေကို လိုက်ပစ်ရမဲ့ဂိမ်းဖြစ်ပါတယ် Shockrods လို့အမည်ရတဲ့ဂိမ်းပါ 

Shockrods 

ကားမောင်းရင်း ရန်သူတွေကိုလိုက်ပစ် ပစ္စည်းတွေလိုက်စုရင်း အမှတ်တွေရအောင် ကစားရမှာဖြစ်ပါတယ် ကိုယ်အသုံးပြုမဲ့ကားကိုလည်း အရောင်မျိုးစုံချိန်ညှိနိုင်ပါတယ် ကွင်းကြီးတစ်ခုထဲမှာ တခြားရန်သူကားတွေနဲ့ Mode အမျိုးမျိုးကို ကစားနိုင်မှာဖြစ်ပါတယ် ကွင်းထဲရောက်ပြီဆိုတာနဲ့ လက်နက်တွေလိုက်စုရင်း ရန်သူတွေကိုပစ် ရန်သူတွေကပြန်ပစ်တာကို ခုန်လိုက် ရှောင်လိုက်နဲ့ ကစားရမှာပါ လိုက်ပစ်ရတာတင်မကပဲ ပစ္စည်းစုရတာ တစ်ဖက်အသင်းကို ဂိုးသွင်းရတာ တခြားအသင်းအလံကိုခိုးရတာ အများဆုံးဖျက်စီး’နိုင်တဲ့ အသင်းကနိုင်တာ စတာတွေပါပါသေးတယ်

Photo:Credit

အများဆုံးသတ်နိုင်တဲ့လူကနိုင်တဲ့ Deathmatch အသင်းလိုက်အများဆုံးသတ်နိုင်တဲ့အသင်းကနိုင်တဲ့ Team Deathmatch တစ်ဖက်အသင်းအလံကိုခိုးရတဲ့ Capture the flag ဘောလုံးကြီးတစ်လုံးကို လိုက်လုပြီး ဂိုးဝင်အောင်သွင်းရမဲ့ Shockball အများဆုံးဖျက်ဆီးနိုင်သူကနိုင်တဲ့ Destruction စသည်တို့ပါဝင်ပါတယ်  မြေပုံ 6 ခုလောက်ရှိပြီး အကုန်လုံးဟာ အသေးစိတ်ကျကျနဲ့ ရုပ်ထွက်လည်းကောင်းမွန်ပါတယ်

Photo:Credit

ကားမောင်းဂိမ်းထဲမှာမှ တော်တော်လေး ရွေးချယ်စရာစုံလင်တဲ့ ဂိမ်းတစ်ခုဖြစ်ပါတယ် Platform တွေပေါ်မှာ Cross-play တော့ ရမှာမဟုတ်ပါဘူး Window ပေါ်မှာရော IOS ပေါ်မှာ ကစားနိုင်ပေမဲ့ Android ပေါ်မှာဆို Mod apk တွေနဲ့ ‌ဆော့ရမှာဖြစ်တာကြောင့် အဲ့လိုတွေ Download မဆွဲချင်သူတွေအတွက်ကတော့ တခြားအလန်းစား ကားမောင်းဂိမ်းတစ်ခုဖြစ်ပြီး Android ပေါ်မှာ ကစားနိုင်တဲ့ Rocket League:Side Swipe ရှိပါတယ် Rocket League အကြောင်းကို အောက်ပါ Link မှာ ဝင်ရောက်ဖတ်ရှူနိုင်ပါတယ်

သတင်းအရင်းမြစ်: Rocket League:Side Swipe

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။