အရင်တုန်းက The Matrix ကို Unreal Engine 5 နဲ့မြင်ရမယ်ဆိုတာကို ရေးခဲ့တာကို တချို့စာဖတ်သူတွေသိပြီးသားဖြစ်မှာပါ အဲ့ဒီအကြောင်းကို အောက်ပါ Link မှာ ဝင်ဖတ်ရှူနိုင်ပါတယ်

သတင်းအရင်းမြစ်: Matrix ကို Unreal Engine 5 နဲ့မြင်ရမယ်

အခုဖော်ပြပေးမဲ့အကြောင်းကတော့အဲ့တုန်းက ပြောထားခဲ့တဲ့ Unreal Engine နဲ့ဂိမ်းဟာ ထွက်ရှိလာပြီဆိုတဲ့အကြောင်းပဲ ဖြစ်ပါတယ် ဂိမ်းဆိုပေမဲ့ ခုမှစမ်းထုတ်ထားတဲ့ ကြော်ငြာပုံစံ စမ်းသပ်မူတစ်ခုလို့ပြောရင် ပိုမှန်ပါလိမ့်မယ် 

Credit:Unreal Engine

ဘာလို့လဲဆို ဂိမ်းကိုအပြည့်အဝထုတ်ပေးထားတာမဟုတ်သေးပါဘူး UE5 အတွေ့အကြုံရစေမယ်ဆိုတဲ့အတိုင်း 10 မိနစ်စာလောက် Gameplay နဲ့ပဲ ထုတ်ပေးထားသေးတာဖြစ်ပါတယ် ဒါပေမဲ့ဒီ 10 စာဟာ Gaming လောကတစ်ခုလုံးရဲ့ အနာဂတ်ဖြစ်လာမှာပါ Epic Game က PS5 နဲ့ Xbox Series တို့အတွက်ပဲ Free ထုတ်ပေးခဲ့ပါတယ်

screenshot from The Matrix Awakens

ဂိမ်းစစချင်းမှာ ကီနျူးရိရဲ့ Matrix ဇာတ်လမ်းထဲကဇာတ်ကောင်နဲ့ Unreal Engine ထဲကဇာတ်ကောင်တို့ကို ယှဥ်ပြိုင်ပြသထားပါတယ် Unreal Engine နဲ့ အစွမ်းကတော့ တကယ် အံ့မခန်းပါပဲ ကြည့်နေရင်းတန်းလန်းနဲ့ ဘယ်ဟာက ကီနျူးရိအစစ်လဲဆိုတာကိုပါ ခဏတာခွဲခြားလို့မရတော့အောင်ထိ အရမ်းကို Realcistic ဆန်ပါတယ်

screenshot from The Matrix Awakens

The Matrix ကိုယ်တိုင်ကလည်း Sci-fi နဲ့ပတ်သက်ရင် ဘယ်တော့မှမရိုးရှင်းသွားတဲ့ ဇာတ်လမ်းဖြစ်တာကြောင့် ခုလို ရုပ်ထွက်အလန်းစားကြီးနဲ့ ပေါင်းလိုက်တဲ့အခါ တော်တော်လေးကို သဘောကျစရာမြင်ကွင်းကြီးတစ်ခု ဖြစ်လာပါတော့တယ် ဒီဂိမ်းကို 4K Resolution နဲ့အထိဆော့နိုင်ပြီး 10 မိနစ်စာ ဆော့ချိန်မှာ Driving နဲ့ Shooting ကိုအပြည့်အဝ ခံစားလိုက်ရမှာပါ

screenshot from The Matrix Awakens

ကစားသူဟာ The Matrix ဇာတ်ကောင် Niobe နေရာကနေ နောက်ကလိုက်လာသူတွေနဲ့ ကားတွေကို ပစ်ချရမှာဖြစ်ပါတယ် နောက်ပြီးရင်တော့ Open World ဆန်ဆန်မြို့ကြီးထဲမှာ မောင်းလို့ရတဲ့ကားပေါင်း 38,000 ကျော်နဲ့ မြို့တစ်ခုလုံးရဲ့ အလှတရားတွေကိုခံစားနိုင်မှာဖြစ်ပါတယ်  

screenshot from The Matrix Awakens

လောလောဆယ်ဂိမ်းက စမ်းသပ်ထားပြီး ကြော်ညာလို့ပြတဲ့အဆင့်မှာဆိုတော့ ဘာမှလုပ်လို့တော့ မရသေးပါဘူး ဂိမ်းအပြည့်ထွက်လာဦးမယ်လို့ ပြောထားပေမဲ့လည်း မသေချာသေးတဲ့ အခြေအနေပါ ပရိသတ်တွေအားလုံးကတော့ ဒီဂိမ်းဟာ ကောင်းမွန်တဲ့ ခြေလှမ်းသစ်တစ်ခုဖြစ်တယ်လို့ ချီးမွမ်းနေကြပြီး ဂိမ်းအပြည့်ထွက်လာဖို့ကိုလည်း မျှော်လင့်နေကြပါတယ် Gameplay နည်းနည်းပဲပါလို့ဆိုပြီးတော့လည်း မချင့်မရဲ ဖြစ်နေကြပါသေးတယ် စာဖတ်သူပရိသတ်တွေလည်း ကြည့်နိုင်အောင်လို့ အောက်မှာ Gameplay Video link ကို တွဲတင်ထားပေးလိုက်ပါတယ် 

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။