ကမ္ဘာပေါ်မှာ နာမည်အကြီးဆုံး Streaming Service တစ်ခုဖြစ်တဲ့ Netflix ဟာ Mobile Gaming ဖက်ကို အာရုံစိုက်လာတယ်ဆိုတာ အားလုံးသိပြီးသားဖြစ်ကြမှာပါ အဲ့အကြောင်းကို အောက်ပါ Link မှာလည်း ဝင်ရောက်ဖတ်ရှူနိုင်ပါတယ်

သတင်းအရင်းမြစ်: Netflix ပေါ်က Mobile Gaming

အခုဖော်ပြပေးမှာကတော့ အဲ့ဂိမ်းတွေစကတည်းက ပါဝင်ခဲ့တဲ့ ဂိမ်းတစ်ခုအကြောင်းဖြစ်ပါတယ် မိုဘိုင်းဖုန်းတွေပေါ်မှာ‌ ဆော့လို့ရတဲ့ Stranger Things:1984 ပါ Netflix မှာ ဆော့လို့ရယုံသာမက Play Store,App Store တို့ကနေလည်း အလွယ်တကူ Download ရယူနိုင်တဲ့ဂိမ်းတစ်ခုဖြစ်ပါတယ်

Stranger Things:1984 

ဒီဂိမ်းကို ဒီဇိုင်နာ William Lemons က ဒီဇိုင်းဖန်တီးပေးခဲ့ပြီး Netflix နဲ့ BonusXP ဆိုတဲ့ ဂိမ်းစတူဒီယိုတို့က ပူးပေါင်းဖြန့်ချီခဲ့တာဖြစ်ပါတယ် စွန့်စားခန်းဂိမ်းအမျိုးအစားဖြစ်ပြီး 2017 ခုနှစ် အောက်တိုဘာလ 4 ရက်နေ့မှာ စဖြန့်ချီခဲ့ပါတယ် Season 1 နဲ့ 2 နောက်ပိုင်းကို ဇာတ်အိမ်တည်ထားတယ်လို့ ပြောနိုင်ပါတယ် ပုံစံကတော့ SNES ခေတ်က စွန့်စားခန်းဂိမ်းတွေနဲ့ တော်တော်လေး ဆင်တူပါတယ် Control ပိုင်းမှာဆိုရင်တော့ Screen ကိုထိပြီးပဲ ဆော့ရမှာပါ

screenshot from Stranger Things:1984

ဂိမ်းကာရိုက်တာတွေကို ခေါင်းပေါ်ကနေမြင်ရမဲ့ Overhead View နဲ့ဖြစ်ပြီး Normal နဲ့ Classic ဆိုပြီး Mode နှစ်ခုရှိပါတယ် ဂိမ်းအစဗားရှင်းတုန်းက ဂိမ်းထဲမှာ ကစားနိုင်တဲ့ ကာရိုက်တာ 7 ယောက်ပဲရှိခဲ့ပေမဲ့ အောက်တိုဘာ 27 ရက်နေ့က Update နဲ့အတူနောက်တစ်ယောက် ထပ်ပါလာတာကြောင့် လက်ရှိမှာ ကစားနိုင်တဲ့ ကာရိုက်တာ 8 ယောက်ရှိပါတယ် အဲ့ကာရိုက်တာတွေကတော့ ရဲမှူးကြီး Hopper, ကောင်လေးတသိုက်ဖြစ်တဲ့ Lucas,Mike,Will,Dustin နဲ့ မိန်းကလေးတွေဖြစ်တဲ့ Nancy,Eleven နဲ့ Max တို့ကို ဇာတ်လမ်းအလိုက် အလှည့်ကျ ဆော့ကစားနိုင်မှာပါ တစ်ဦးချင်းစီမှာ စကေးကိုယ်စီနဲ့ Ability တွေကိုယ်စီရှိကြသလို Damage ချင်းလည်း တစ်ယောက်နဲ့တစ်ယောက် မတူပါဘူး

screenshot from Stranger Things:1984

အစဥ်လိုက်ဆော့ရမဲ့ Chapter တွေဟာဆိုရင်လည်း ဇာတ်လမ်းအလိုက် Chapter 1:The Lost Boys,Chapter 2:The Gate,Chapter 3:The Voice In The Radio,Chapter 4:Fire And Water,Chapter 5:Riddles In The Dark,Chapter 6:Hydra တို့ဆိုပြီး 6 ခုအထိရှိပါတယ် ထပ်ပြီးတော့ Side Quest အနေနဲ့ရှာရမှာတွေက ဇာတ်လမ်းတွဲထဲက Eleven ကြိုက်တဲ့ Eggos မုန့် 8 ခု VHS တိပ်ခွေ 6 ခု ပန်းခြံစောင့်နတ်ရုပ် 12 ခု အသည်းပုံ အခု 40 တို့ရှိပါတယ် မြေပုံကလည်း ဇာတ်လမ်းထဲက မြေပုံနဲ့တော့ သိပ်မတူပေမဲ့ UpsideDown ကမ္ဘာအပါအဝင် Dawkin မြို့ကနေရာပေါင်း 14 ခုကို သွားလာနိုင်မှာဖြစ်ပါတယ်

screenshot from Stranger Things:1984

ဂိမ်းက အတော်လေးကိုအနုစိတ်ပြီး ဇာတ်ကားထဲက Refrence တွေလည်း တော်တော်များများပါပါတယ် စွန့်စားခန်းဂိမ်းအမျိုးအစားဖြစ်တာကြောင့် ကစားရတဲ့ ပုံစံလည်းတော်တော်လေးစုံတဲ့ဂိမ်းပါ ဇာတ်ကားကြည့်ဖူးသူတွေသာ ဂိမ်းကိုသေချာနားလည် ဆော့နိုင်မှာဖြစ်ပြီး မကြည့်ဖူးသူတွေဆို အနည်းငယ် တိုင်ပတ်နိုင်ပါတယ် ဂိမ်းအစအဆုံးကြာချိန်ကတော့ အဓိကဇာတ်လမ်းကိုပဲဆော့မယ်ဆို 6 နာရီ Side Quest တွေကိုပါ လုပ်ဦးမယ်ဆို 7 နာရီနဲ့ အစအဆုံး အားလုံးပြီးဖို့ဆို 8 နာရီလောက် ကြာမြင့်နိုင်ပါတယ် အောက်ပါ Link ‌တွေမှာ Download ရယူနိုင်ပါတယ်

သတင်းအရင်းမြစ်: Download link for Android

သတင်းအရင်းမြစ်: Download link for IOS

Stranger Things ပရိသတ်တွေရော Series ကိုမကြည့်ဖူးသေးပဲ ခုမှစကြည့်ဖို့ စဥ်းစားနေသူတွေအတွက်ရော ဒီဂိမ်းလေးက ခေါင်းစားရမဲ့ ဂိမ်းလေးပါ Graphic လေးကအစ ချစ်စရာ ကာရိုက်တာလေးတွေအဖြစ် အသွင်ပြောင်းနေတဲ့ ဂိမ်းလေးဖြစ်ပါတယ် နောက်ပိုင်း Season တွေထပ်ထွက်ပြီးရင် ဂိမ်းတွေထပ်‌ပေါ်လာနိုင်တာကြောင့် ဆော့ထားကြည့်သင့်တဲ့ ဂိမ်းကောင်းလေးတစ်ခုဖြစ်ပါတယ်

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။