ခရစ်စမတ်ကာလကို တဖြည်းဖြည်းနီးကပ်လာတဲ့အခါ နေရာတိုင်းအရာတိုင်းမှာ ခရစ်စမတ်အငွေ့အသက်တွေ ခံစားလာရပါပြီ ဆော့နေတဲ့တချိုဂိမ်းတွေထဲမှာလည်း ခရစ်စမတ် Update တွေနဲ့ မြိုင်မြိုင်ဆိုင်ဆိုင်ဖြစ်လာကြပါတယ် မိုဘိုင်းဖုန်းပေါ်မှာပဲ အလွယ်တကူ ခရစ်စမတ်ဂိမ်းတွေဆော့ချင်သူတွေအတွက်လည်း ဂိမ်းတွေအများကြီးရှိပါတယ် အဲ့ထဲကမှ မတူညီတဲ့ Gameplay နဲ့ဂိမ်းတွေကို ဖော်ပြပေးလိုက်ပါတယ်

Snowball Fight

Credit:Play Store

အက်ရှင်ဂိမ်းဆော့ရင်းနဲ့ ခရစ်စမတ်အရသာကို ခံစားချင်သူတွေအတွက် ဒီဂိမ်းက အကောင်းဆုံးပါပဲ ကစားသူဟာ လူသုံးယောက်ကိုထိန်းချုပ်နိုင်မှာဖြစ်ပြီး ရန်သူတွေကဖြစ်တာကို မထိအောင်ကြိုးစားရတဲ့အပြင် Upgrade တွေကနေ ကိုယ့်ကိုကိုယ် ကာကွယ်ဖို ရေခဲနံရံတွေ ကိုယ်နှင်းလုံးပစ်တဲ့နှုန်း မြန်လာတာတွေ စတာ‌တွေကိုရရှိမဲ့ဂိမ်းပါ

သတင်းအရင်းမြစ်: Download link

Santa Clause Driving Adventure

Credit:Play Store

ဒီဂိမ်းမှာတော့ ကစားသူဟာ ကစားသူဟာ Santa Clause အဖြစ်နဲ့ လှည်းမောင်းပြီး မြိုအနှံက ကလေးတွေဆီ လက်ဆောင်ပစ္စည်းတွေ လိုက်ပိုရမဲ့ဂိမ်းဖြစ်ပါတယ် မြိုအကျယ်ကြီးထဲမှာ မြေပုံလည်းပါ Control လည်းအဆင်ပြေတဲ့ ဂိမ်းတစ်ခုပါ

သတင်းအရင်းမြစ်: Download Link

Christmas Animal Hair Salon 2

Credit:Play Store

မြောက်ဝင်ရိုးစွန်းက တိရစ္ဆာန်လေးတွေကို ရေမိုးချိုးပြီး ခရစ်စမတ်အတွက် အလှသေချာပြင်ပေးရမဲ့ ဂိမ်းဖြစ်ပါတယ် ရိုးရှင်းပေမဲ့ ပျော်ဖိုကောင်းတဲ့ဂိမ်းတစ်ခုပါ Fashion ကြိုက်ပြီး ခရစ်စမတ်အရသာ ခံစားချင်သူတွေ အကြိုက်တွေ့မဲ့ဂိမ်းဖြစ်ပါတယ်

သတင်းအရင်းမြစ်: Download link

Santa Christmas Infinite Track

Credit:Play Store

Santa Clause ကသမင်လေးကောင်ဆွဲတဲ့လှည်းနဲ့လျှောက်သွားရင်း ကလေးတွေကို လက်ဆောင်လိုက်ပေးတာကို Grinch ကလိုက်လံတားဆီးတဲ့အခါ Santa အောင်အောင်မြင်မြင်နဲ့ လက်ဆောင်တွေပေးနိုင်အောင် ကူညီပေးရမဲ့ ဂိမ်းပါ

သတင်းအရင်းမြစ်: Download link

Christmas Santa Run

Credit:Play Store

ဒီဂိမ်းကတော့ Running ဂိမ်းပါ ပြေးသွားတဲ့လမ်းတလျှောက်မှာ သတ်မှတ်ထားတဲ့အချိန်‌အတွင်း လက်ဆောင်တွေကို တတ်နိုင်သမျှ များများလိုက်စုဆောင်းရမဲ့ ဂိမ်းဖြစ်ပါတယ် နှင်းတွေဖုံးနေတဲ့လမ်းတွေကို ကျော်ဖြတ်ပြီး ကလေးတွေကို လက်ဆောင်ပေးရမဲ့ရွာကို အရောက်သွားရမဲ့ဂိမ်းဖြစ်ပါတယ် လှပတဲ့ ရုပ်ထွက်နဲ့ ချစ်စရာကောင်းတဲ့ အသံလေးတွေပါတဲ့ Running ဂိမ်းတစ်ခုဖြစ်ပါတယ်

သတင်းအရင်းမြစ်: Download link

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။