ဖုန်းပေါ်မှာ Simulation ဂိမ်းတွေဆော့ကြသူတွေမှာ ပြဿနာအကြီးကြီးတစ်ခုရှိပါတယ် Graphic ကောင်းတဲ့ဂိမ်းကိုရှာမရတဲ့ ပြဿနာပါ ဒါပေမဲ့အဲ့ပြဿနာကို ‌ဖြေရှင်းပေးနိုင်မဲ့ဂိမ်းတစ်ခု မိုဘိုင်းဖုန်းပေါ် ရောက်ရှိလာပါပြီ F-Sim Space Shuttle 2 လို့အမည်ရပါတယ် အာကာသယာဉ်တွေကို မောင်းနှင်ရမဲ့ Simulation ဂိမ်းတစ်ခုဖြစ်ပါတယ် 

Photo:Credit

တခြား Platform တွေပေါ်မှာဆော့လို့ရတာ ကြာနေပြီဖြစ်တဲ့ ဒီဂိမ်းရဲ့ထုတ်လုပ်သူ SkyTale Studios က မိုဘိုင်းအတွက် ထုတ်ပေးထားတာ မကြာသေးပါဘူး ဂိမ်းရဲ့ထူးခြားချက်ကတော့ Graphic ကအရမ်း Realistic ဖြစ်ခြင်းပါ ကိုယ်မောင်းရမဲ့ အာကာသယာဉ်ကို မြေပြင်ပေါ်ဆင်းသက်တာ အာကာသထဲကို ခရီးသွားခြင်းတွေသာမက ကမ္ဘာ့ပတ်လမ်းထဲမှာပါ မောင်းနှင်နေနိုင်ပါတယ် 

Photo:Credit

ပုံမှန် Simulator ဂိမ်းတွေလိုမဟုတ်ပဲ ကိုယ်တိုင်မောင်းနှင်နေရသလို ခံစားချက်မျိုးရစေမဲ့ ဂိမ်းတစ်ခုပါ Camera ကိုလည်း tps,fps လိုသလိုချိန်းကစားနိုင်ပါတယ် Autopilot Mode လည်းပါပါသေးတယ် မောင်းနေရင်းနဲ့ စနစ်ကအမှားအယွင်းရှိတာတွေ အရေးပေါ်အခြေအနေတွေ လေတိုက်မူအခြေအနေတွေနဲ့လည်း ရင်ဆိုင်ရဦးမှာဖြစ်ပါတယ် Leaderboard ရှိတာမလို့ ကစားသမားတွေကြား အမှတ်တွေယှဉ်ပြိုင်ရယူယုံသာမက Medal တွေ Achievement တွေလည်းပါပါသေးတယ် ဒီဂိမ်းက ကစားသူရဲ့ကိုယ်ရေးကိုယ်တာအချက်အလက်တွေကိုလည်း တောင်းခံမှာမဟုတ်ပါဘူးတဲ့

Photo: Credit

Premium space shuttle flying game ဖြစ်တာကြောင့် Play Store နဲ့ App Store မှာ 4.99 ဒေါ်လာပေးဝယ်ရမှာပါ IOS ပေါ်မှာ Graphic ပိုကောင်းမယ်လို့ ဂိမ်းထုတ်လုပ်သူကပြောထားပါတယ် ဝယ်ဆော့ရမှာဆိုပေမဲ့ ပေးရတဲ့ ငွေပမာဏနဲ့တန်တဲ့ Simulation ဂိမ်းတစ်ခုဖြစ်ပါတယ်

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။