ဂိမ်းတစ်ခုခုက ဘန်းတာကို ခံရဖူးပါသလား ဂိမ်းကို Hack ဆော့တာပဲဖြစ်ဖြစ် မသုံးသင့်တဲ့ စကားလုံးတွေ မသင့်တော်တဲ့ပုံတွေ သုံးမိရင်လည်း ဘန်းခံရတတ်ပါတယ် ဒီလိုဘန်းခံရတဲ့အခါမှာလည်း ဖြစ်တဲ့ပြဿနာပေါ်မူတည်ပြီး ရက် လ နှစ်တွေနဲ့ချီပြီး ကြာတတ်ပါတယ် ဒါပေမဲ့ ကားမောင်းဂိမ်းတစ်ခုဖြစ်တဲ့ Forza Horizon 5 မှာတော့ ကစားသမားတစ်ယောက်ဟာ နှစ်ပေါင်း ၈၀၀၀ တိတိ ဘန်းခံလိုက်ရပါတယ် အကြောင်းရင်းက Hack တာတွေ ဘာတွေကြောင့်မဟုတ်ပဲ ကားကို ဒီဇိုင်းဆင်တဲ့ ပုံစံကြောင့်ပါ မြောက်ကိုရီးယားခေါင်းဆောင် ကင်ဂျုံအန်နဲ့ KFC ကြက်ကြော်ကို တွဲလုပ်ထားတဲ့ ဒီဇိုင်းကြောင့်ဖြစ်ပါတယ်

Credit:Forza Horizon

Nike ကို Nuke မြောက်ကိုရီးယားနိုင်ငံမြိုတော် ပြုံယမ်းကို Yong Yang နောက်ဆုံး KFC ရဲ့ Colonel နေရာမှာ ကင်ဂျုံအန်ပုံကိုထည့်ထားပါတယ် အပေါ်နားမှာဆို #SendNuke လိုရေးထားတာကိုပါ တွေ့ရမှာပါ ဒီလိုဘန်းခံရပြီးတော့ တခြားကစားသမားတွေကို ဒီကားဒီဇိုင်းနဲ့ Skin ကို မဖျက်ပဲနဲ့ ထာဝရသိမ်းထားဖို တောင်းဆိုခဲ့ကြပြီး ဂိမ်းထုတ်လုပ်သူတွေ ဆတ်ဆတ်ထိမခံဖြစ်ကြပုံကိုလည်း ဝေဖန်ခဲ့ကြပါတယ် အဲ့အပြင် ဘန်းခံရသူရဲ့ Graphic Design အရည်အချင်းကိုပါ ချီးကျူးနေကြပါတယ်

Photo Credit

“ကင်ဂျုံအန်ပါ ဒီဂိမ်းဆော့တယ်ထင်တယ်”လို လူတစ်ယောက်ကရေးခဲ့ပါသေးတယ် Reddit ပေါ်ကလူတစ်ယောက်ကတော့ “ဘာပြဿနာရှိလို ဘန်းတာလဲ ကင်ဂျုံအန်နဲ့ KFC ပုံပဲလေ ဘယ်ဘန်းပေါ်လစီနဲ့ ဘန်းရတာလဲ ငါ ဒီဂိမ်းနဲ့ပတ်သက်တာတွေ ဘာမှမဝယ်ထားလို တော်သေးတာပေါ့ ဒါကြီးတစ်ခုလုံးက အဓိပ္ပါယ်မရှိဘူး”လိုပြောခဲ့ပါတယ် ဒီဂိမ်းရဲ့ Turn 10 စတူဒီယိုလိုခေါ်တဲ့ အဖွဲက ဘန်းခဲ့တာပါလို ခံရသူရဲ့ သူငယ်ချင်းကပြောခဲ့ပါတယ် ကင်ဂျုံအန်ကိုယ်တိုင်က KFC ကို နှစ်သက်သူတစ်ဦးပါ ၂၀၁၁ ခုနှစ်တုန်းက အမေရိကန်ကို သွားလည်ရင်း KFC ‌ဆိုင်ခွဲတစ်ခု ပြုံယမ်းမှာဖွင့်ဖို့ ပြောခဲ့ပါသေးတယ်

ဒီကစားသမားကတော့ တစ်သက်လုံး အရင် Profile နဲ့ ဒီဂိမ်းကိုဆော့ရတော့မှာမဟုတ်ပါဘူး ဒါပေမဲ့ ဝေဖန်မူတွေကြောင့် နောက်ပိုင်းဖြေလျော့ပေးတာတွေ ရှိနိုင်လာပါတယ် ဂိမ်းကနေဒီလောက်ကြီး ဘန်းခံနေရပေမဲ့ အင်တာနက်ပေါ်မှာတော့ သူ့ကိုဝိုင်းချီးကျူးနေကြတာပါ

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။