မိုဘိုင်းဂိမ်းတွေဟာ အနာဂတ် Gaming လောကမှာ ဒီထက်ပိုကြီးထွားလာနိုင်တဲ့ အလားအလာတွေ အများကြီး ရှိနေပါတယ် ဒါပေမဲ့ အမိုက်စား ဖုန်းဂိမ်းတွေကို PC တွေနဲ့ ဆော့ကြည့်ချင်ကြပေမဲ့ မရတာမျိုးတွေ ရှိတတ်ပါတယ် နောက်နှစ်ဆိုရင်တော့ ဒီလိုအခက်အခဲတွေ ရှိတော့မှာ မဟုတ်ပါဘူး ကိုယ်အရမ်းကြိုက်တဲ့ ဖုန်းဂိမ်းကို ဆော့နေရင်း အားကုန်သွားလို့ အားပြန်သွင်းနေရချိန် စောင့်နေဖို့ မလိုတော့ပါဘူး ဘာလို့ဆို Window ပေါ်မှာပဲ ဖုန်းဂိမ်းတွေကို အလွယ်တကူ ဆော့နိုင်တော့မှာမလို့ပါ 

Google Play Games

Google Play Game ဟာ Window ပေါ်ကို ရောက်လာတော့မှာကြောင့် ဖြစ်ပါတယ် နောက်နှစ်ထဲမှာ ရောက်လာမယ်ဆိုတာကို Google ကလည်း အတည်ပြုပြီးပါပြီ ဒီသတင်းဟာ မိုဘိုင်းဂိမ်းလောကအတွက် သတင်းထူးကြီးတစ်ခုပါ Window 10 နဲ့ 11 မှာ ရရှိမှာဖြစ်ပါတယ် ဒါပေမဲ့ လိုအပ်တဲ့ Spec တွေကိုတော့ မထုတ်ပြောသေးပါဘူး Desktop သို့မဟုတ် Laptop ကနေ တဆင့်ပဲ ဖုန်းဂိမ်းတွေကို အလွယ်တကူ ကစားနိုင်တော့မှာဖြစ်သလို ကြားခံ App တွေလည်း မလိုအပ်တော့ပါဘူး ဒီအကြောင်းကို စတင်ကြေညာခဲ့တာကတော့ လတ်တလောမှာမှ ကျင်းပခဲ့တဲ့ The Game Award 2021 မှာဖြစ်ပါတယ် ဒီသတင်း အရမ်းနာမည်ကြီးနေရတဲ့ အကြောင်းရင်းကတော့ Cross-play ကိစ္စပါ အက်ရှင်ဂိမ်းတွေ MOBA တွေ Shooting ဂိမ်းတွေကို PC နဲ့ Cross-play ရမယ်ဆိုတာကြောင့် အားလုံးက မျှော်လင့်နေကြတာပါ ပုံမှန်ဆို PC ပေါ်မှာ မိုဘိုင်းဂိမ်းအတွက်ဆို Bluestack လို Emulator တွေနဲ့ဆော့နေရတာကြောင့် App တစ်ခုထဲမှာ နောက် App တစ်ခုကို တဆင့်ပြန်သုံးနေရတဲ့အတွက် အဆင်မပြေမူတွေ Control ပိုင်း ကမောက်ကမ‌ဖြစ်မူတွေနဲ့ ကြုံခဲ့ကြရပါတယ်

Tap to play Games

Google Play Game ရောက်လာတာနဲ့ အဲ့လိုပြဿနာတွေကို ရင်ဆိုင်ရမှာ မဟုတ်တော့ပါဘူး Android နဲ့ Google Play Game တို့ရဲ့ ဒါရိုက်တာကတော့ ဂိမ်းတွေကို ဖုန်းပေါ်မှာရော Tablet ပေါ်မှာရော PC ပေါ်မှာရော Laptop ပေါ်မှာရော တလှည့်စီကစားနိုင်တော့မှာပါ ဖုန်းထဲက ဆော့လက်စဂိမ်းကို ပိတ်လိုက်ပြီး PC ဖွင့်လိုက်တာနဲ့ ကိုယ်ထားခဲ့တဲ့ နေရာကနေ ပြန်ဆော့လို့ရပါပြီ လောလောဆယ်မှာ ဘယ်ဂိမ်းတွေရမယ် ဘယ်လိုဂိမ်းအမျိုးအစားရမယ် ဂိမ်းအကုန်ရမလား တချို့ဂိမ်းတွေပဲ ရမလားဆိုတာကို မျှော်လင့်ရမှာ ဖြစ်ပါတယ် COC တို့လို Tap to play ဂိမ်းတွေက‌တော့ အကုန်ရောက်လာနိုင်မယ်လို့ ထင်ရပါတယ် 

Google Play Game ရောက်လာတဲ့အချိန်ကျရင်တော့ Cross-play ရတော့မှာဖြစ်တဲ့အတွက် Mobile Gaming ပေါ်ရောက်လာမဲ့ PC သမားတွေနဲ့ ယှဉ်ပြိုင်မူတွေ ပြင်းထန်တော့မှာပါ ဖုန်းတစ်ခုခုဖြစ်နေရင်လည်း အရင်လို Emulator တွေကနေ တဆင့်ဝင်စရာမလိုတော့တာကြောင့် PC ပေါ်မှာ လုံးဝပြည့်စုံတဲ့ မိုဘိုင်းဂိမ်း Gameplay ကို ခံစားရတော့မှာပါ

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။