နိုင်ငံရေးတွေ စစ်ရေးတွေ မှော်ပညာတွေနဲ့ တစ်ခါလောက်ကြည့်ပြီး နားမလည်နိုင်တဲ့ စိတ်ကူးယဉ်ဆန်ဆန် ဇာတ်ကားကို ပြပါဆိုရင် DUNE ကို ရွေးပေးရမှာပါ Part 1 နဲ့ Part 2 ထွက်မှာဖြစ်ပြီး လက်ရှိ ထွက်ထားတဲ့ Part 1 ဟာဆိုရင် Positive Review တွေအများကြီးနဲ့ ရုပ်ရှင်ကားတစ်ကားဖြစ်ပါတယ် ထွက်ထားတာလည်း မကြာသေးပါဘူး ပါဝင်တဲ့ Cast တွေကလည်း ဆိုင်ရာဇာတ်ရုပ်မှာ ပိုင်ပိုင်နိုင်နိုင် သရုပ်ဆောင်နိုင်သူတွေ ဖြစ်တာ‌ကြောင့် အားလုံးက Part 2 ကို စောင့်နေကြမယ်လို့လည်း ထင်ပါတယ်

Nukklear 

အခုတော့ ဒီဇာတ်ကားကို ဂျာမန် Developer Nukklear က Funcom နဲ့ပူးပေါင်းပြီး Multiplayer Survival ဂိမ်းအဖြစ် အသက်သွင်းနေပါပြီ Nukklear က သူတစ်ခုတည်း ဂိမ်းတွေဖန်တီးနေတဲ့ ကုမ္ပဏီတော့ မဟုတ်ပါဘူး ကုမ္ပဏီရဲ့ အကြီးဆုံး ပရောဂျက်တွေဟာဆိုရင် Super Meat Boy Forever ဂိမ်းကို ကူပေးတာတို့ Destory All Humans ရဲ့ remake ကို ကူညီပေးတာတို့ ဖြစ်ပါတယ် ခု Nukklear က DUNE အတွက် ဂိမ်းတစ်ခု ဖန်တီးနေတယ်ဆိုတာကို ဒီဇင်ဘာ ၁ ရက်နေ့က ကြေညာခဲ့ပါတယ် ဂျာမန်ဖက်ဒရယ် အစိုးရရဲ့ ခွင့်ပြုချက်အဖြစ် ယူရိုငွေ ၁.၆ သန်းကိုပါ ရရှိထားပြီးပြီလို့လည်း ကြေညာခဲ့ပါတယ် အဲ့ဒီငွေကိုတော့ ဂိမ်းရဲ့ ထုတ်လုပ်ရေးနဲ့ တည်ဆောက်မူအတွက် အသုံးပြုသွားမှာပါ 

Funcom

DUNE ကိုဂိမ်းအဖြစ် အသက်သွင်းဖို့ Funcom က ခွင့်ပြုချက် လိုအပ်နေခဲ့တာပါ ကြေညာချက်အရ နာမည်မပေးရသေးတဲ့ DUNE ဂိမ်းပရောဂျက်ဟာ Conan Exiles ဂိမ်းနဲ့ ဆင်တူမယ်လို့ သိရပါတယ် အဲ့ဂိမ်းကလည်း Online Multiplayer Survival ဂိမ်းပါပဲ Funcom ဟာ DUNE ဂိမ်းကို ပိုမိုကောင်းမွန်လာအောင် လုပ်ပြီးမှ အပြီးသတ်နိုင်အောင် Nukklear ကိုပါ ပါဝင်စေမှာပါ Nukklear ရဲ့ CEO ဖြစ်သူ Kirk Lenke က “Funcom က DUNE ကို နောက်ထပ်ပရိသတ်တမျိုးစီ ယူဆောင်လာပေးရမှာ ကျွန်တော်တို့ကို ပါဝင်ကူညီခွင့်ပေးခဲ့လို့ ဝမ်းသာပါတယ် ကျွန်တော်တို့က ‌ပရောဂျက်အများကြီးကို ထောက်ပံ့‌ကူညီပေးခဲ့ပေမဲ့ DUNE ကို တာဝန်ယူရတာကတော့ တာဝန်အကြီးကြီးပါ”လို့ ပြောခဲ့ပါတယ် Funcom ရဲ့ CEO ကတော့ DUNE ရဲ့ Open-world ဂိမ်းဟာ အများကြီးမျှော်လင့်ထားရမဲ့ ဂိမ်းဖြစ်တယ်လို့ ပြောထားခဲ့ပါတယ် 

Conan Exiles

 DUNE ဇာတ်ကားကို ကြိုက်သူတွေတော့ ဂိမ်းသတင်းကို မျက်ခြေမပြတ် စောင့်ကြည့်နေသင့်ပါတယ် ဂိမ်းဇာတ်ကောင်တွေက ဘယ်လောက်ထိ ကြမ်းနိုင်လဲဆိုတာကို ဇာတ်ကားကြည့်ပြီးတဲ့သူတွေ သိကြမှာပါ ဂိမ်းဘယ်တော့ထွက်မယ် ဘယ်အဆင့်ထိရှိနေပြီဆိုတာတွေကိုတော့ အခုချိန်ထိ မသိရသေးပါဘူး

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။