လူတော်တော်များများ နေ့တိုင်းစကေးအလန်းကြီးတွေ ပြရတဲ့ဂိမ်းတွေ Graphic အလန်းကြီးတွေနဲ့ဂိမ်းတွေ Worldwide ကစားသမားတွေနဲ့ တောက်လျှောက်ရင်ဆိုင်နေရတဲ့ ဂိမ်းတွေဆော့ပြီး တခါတလေကျ ပျင်းလာတတ်ပါတယ် အဲ့အချိန်မှာ ငယ်ငယ်တုန်းက ဆော့ခဲ့တဲ့ ရိုးရိုးရှင်းရှင်း ဂိမ်းတွေကလည်း အပျင်းပြေဆော့လို့ ရပေမဲ့ ပျင်းစရာကောင်းတယ်ဆိုတဲ့ လူတွေအတွက် အချိန်ကုန်လို့ကုန်မှန်းမသိဖြစ်စေမဲ့ ဂိမ်းတွေနဲ့ မိတ်ဆက်ပေးချင်ပါတယ် အချိန်ဖြုန်းလို့ရတာတင်မက တော်တော်လည်း ကြောင်တောင်တောင်နိုင်တဲ့ ဂိမ်းတွေပါ 

Doofus Drop

စက်ဘီးကို အမှိုက်ပုံးနဲ့ဝင်တိုက် စက်ဘီးပျက်သွားပြီဆို တောင်စောင်းတလျှောက် ဆင်းချသွားပြီး အရှိန်ရဖို့အတွက် လေလည်ရတဲ့ဂိမ်းပါ လေတစ်ခါလည်လိုက်တိုင်း နောက်နေ အရှိန်ထည့်လိုက်သလို ရှေ့ကို လွင့်လွင့် ထွက်သွားပါလိမ့်မယ် ဒီဂိမ်းကိုတော့ အလွယ်ဆုံး ဒီနည်းနဲ့ပဲ ပြောပြလို့ရပါတယ် ကိုယ်တိုင်စမ်းဆော့ကြည့်လိုက်ပါ

Weird Guys

ဒီဂိမ်းကတော့ နာမည်အတိုင်းပဲ ကြောင်တောင်တောင် လူတွေက အပေါ်မှာချိတ်ထားတဲ့ ပန်းလေးကို ရယူဖို့ကြိုးစားကြမှာဖြစ်ပြီး ကစားသူက အဲ့ဒီလူတွေကိုနှိပ်ပြီး ဒင်္ဂါးတွေအဖြစ် ပြောင်းလဲပစ်ရမှာပါ ရလာတဲ့ ဒင်္ဂါးတွေနဲ့ ပန်းလေးကို Upgrade မြှင့်ရမှာဖြစ်ပါတယ် 

Daddy's Long Legs

ဒီဂိမ်းမှာတော့ ကစားသူက ‌ခြေထောက်အရှည်ကြီးနဲ့ ပင့်ကူတစ်ကောင်နေရာက ကစားရမှာပါ ဖုန်းကို ဟိုဖက်ဒီဖက်စောင်းကစားရမှာမလို့ ရိုးရှင်းပါတယ် ဒါပေမဲ့ စိတ်တိုနေတဲ့အချိန်တော့ မဆော့ပါနဲ့ ဒေါသထွက်ပြီး ဖုန်းကိုရိုက်ခွဲမိမှာ စိုးလို့ပါ 

S.M.T.H

ဒီ S.M.T.H အရှည်ကောက် Send Me To Heaven ဆိုတဲ့ဂိမ်းကတော့ နည်းနည်း စွန့်စားရတယ်လို့ပြောရပါမယ် ကစားသူရဲ့ဖုန်းကို နတ်ပြည်ကိုပို့ပစ်မဲ့ ဂိမ်းပါ ဘယ်လိုဆော့ရမလဲဆိုတော့ ဂိမ်းကိုဖွင့်ပြီး ဖုန်းကို မိုးပေါ်ပစ်ရမှာပါ ပိုမြင့်မြင့်ပစ်နိုင်လေ အမှတ်များများပိုရလေပါပဲ ဒီဂိမ်းထဲမှာ Leaderboard ပါပြီး တခြားကစားသူတွေကိုပါ ပြန်ပြိုင်လို့ရတဲ့ ဂိမ်းဖြစ်ပါတယ် 

Getting Over It

ဒီဂိမ်းကတော့ နာမည်အကြီးဆုံးနဲ့ ဖုန်းတွေအခွဲခံရဆုံး တရားခံဖြစ်ပါတယ် ဒီဂိမ်းကတော့ ဘယ်ကဘယ်လိုအိုးထဲရောက်နေမှန်းမသိတဲ့ လူတစ်ယောက် တူတစ်ချောင်းနဲ့ ‌အပေါ်ကို တဖြည်းဖြည်း ကုတ်တက်ပြတဲ့ ဂိမ်းဖြစ်ပါတယ် Streamer တော်တော်များများကလည်း ဆော့ပြထားတဲ့ နာမည်ကြီးဂိမ်းဖြစ်ပြီး တချို့ဆို Stream နေရင်‌နဲ့ ထပြီးဝုန်းဒိုင်းကြဲကြတဲ့အထိကို အသည်းယားစရာကောင်းတဲ့ ဂိမ်းဖြစ်ပါတယ် 

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။