Call of Duty ကိုတော့ မသိသူမရှိလောက်ပါဘူး စထွက်လာကတည်းက စထွက်ခဲ့တဲ့ Call of Duty ဟာ port အမျိုးမျိုးပေါ်မှာ ဆက်တိုက် နာမည် အမျိုးမျိုးနဲ့ ထွက်လာပြီး အကုန်အောင်မြင်ကြပါတယ် အဲ့လို Platform အမျိုးမျိုးကြားထဲက ခုပြောပြပေးမှာကတော့ Call of Duty:Mobile အကြောင်းဖြစ်ပါတယ်

COD:Mobile

COD Mobile က ဆော့လို့တာ ကြာနေပါပြီ ၂၀၁၉ ခုနှစ်က စထုတ်ခဲ့တဲ့ COD Mobile မှာဆို Multiplayer Mode ရယ် Battleroyal Mode ရယ် ပါဝင်ခဲ့ပြီး ဂိမ်းကလည်း ကောင်းမွန်တာကြောင့် အောင်မြင်ခဲ့ အောင်မြင်နေဆဲပါ အာရှဒေသအတွက်လည်း COD:Mobile Grena ထွက်ရှိခဲ့ပါတယ် ဒါပေမဲ့ ဒီ Mobile ဗားရှင်းက Activision ကထုတ်ထားတာမဟုတ်ပဲ TiMi ကထုတ်ပေးထားတာပါ  Mobile အတွက် အောင်မြင်နိုင်လား စမ်းထုတ်ထားတဲ့ Version ဖြစ်တယ်လို့ COD ကစားသမား YouTuber iFerg က ပြောသွားခဲ့ပါတယ် သူက ထိပ်တန်း COD ကစားသမားတွေထဲက တစ်ဦးပါ အဲ့အပြင် သူ့ရဲ့ အသစ်တင်ထားတဲ့ Video ထဲမှာ Activision ဟာ COD:Mobile 2 အတွက် အလုပ်ခေါ်စာတွေ တင်ထားတာကိုလည်း ပြသွားခဲ့ပါတယ်

Activision's job listing

Mobile ဗားရှင်းပေါ်မှာလည်း PC တို့ Console လိုပေါ်ကလို အတွေ့အကြုံမျိုးကိုလည်း ခံစားစေရမယ်ဆိုတာကြောင့် Warzone ကို Mobile ပေါ်မှာ မြင်ရနိုင်တယ် ဒါမှမဟုတ် PC နဲ့ Mobile တို့ Cross-play ရနိုင်လို့တယ်လို့လည်း ခန့်မှန်းနေကြပါတယ် Unreal Engine ကို သုံးမယ်လို့ သတင်းထွက်တာကြောင့် Multiplayer ရယ် Warzone ရယ် ပါဝင်လာမယ် ထင်ရပါတယ်လို့လည်း ပြောသွားပါသေးတယ် ဒါပေမဲ့ တရားဝင်ထုတ်ပြန်ထားတာမျိုး မရှိသေးတာကြောင့် မသေချာပါဘူး  Warzone အပိုင်းက မသေချာတာပါ COD:Mobile 2 ထွက်လာမယ်ဆိုတာ သေချာပါတယ် iFerg ဟာ သူ Streaming လွှင့်နေတုန်း တချိန်မှာလည်း COD ဟာ Mobile ပေါ်မှာ multiple တွေ ထွက်လာဦးမဲ့အကြောင်း ပြောခဲ့ပါတယ် leak တွေအရရယ် Activision ရဲ့ အလုပ်ခေါ်စာအရရယ် Activision ပြောပုံအရ PC, Console တို့လိုမျိုး Mobile ပေါ်မှာ ဆော့ရမယ်ဆိုတာအရတော့ Warzone ကို မျှော်လင့်လို့ရလောက်ပါတယ် 

COD Warzone

Warzone ကတော့ PC ပေါ်မှာ လူကြိုက်အများဆုံး COD ပါ realistic ဆန်လွန်းတဲ့ ရုပ်ထွက် Gameplay တွေနဲ့ လုပ်လို့ရတဲ့ Function တွေ စုံလင်ပြီး အားရပါးရ စကေးပြလို့ရတဲ့ Mode တစ်ခုပါ 

Call of Duty:Mobile ကို စထွက်ကတည်းက ဆော့နေကြတဲ့ ပရိသတ်တွေအတွက်တော့ ဒီသတင်းက ကောင်းသတင်းပါပဲ တကယ်လို့ Warzone သာ တကယ် Mobile ပေါ်ရောက်လာပြီး PC တို့နဲ့ Cross-play ရတယ်ဆိုလို့ကတော့ အတိုင်းထက်အလွန်ဖြစ်သွားပါပြီ Top Streamer တွေရဲ့ Leak တွေ Activision ရဲ့ CEO ပြောစကားတွေအရ တကယ်လို့ Warzone မဟုတ်ခဲ့ရင်တော့ လက်ရှိ COD:Mobile ထက် အများကြီးပိုကောင်းတဲ့ ဗားရှင်းတစ်ခုဖြစ်မှာ‌ သေချာပါတယ်

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။