Cyberpunk 2077 ဟာ ထွက်လာဖို့ကို အကြာကြီးစောင့်ခဲ့ရပြီး ထွက်လာတော့လည်း အဂွမ်းကြီးဂွမ်းခဲ့ရတဲ့ ဂိမ်းတစ်ခုဖြစ်ပါတယ် Night City လို့ခေါ်တဲ့ မြို့ကြီးထဲမှာ လျှောက်သွားပြီး Mission တွေလုပ်ရတဲ့ ဂိမ်းပါ ဂိမ်းစထွက်ခဲ့တဲ့ ၂၀၂၀ ခုနှစ် ဒီဇင်ဘာတုန်းက ဂိမ်းထဲမှာ Bugs error တွေ glitch တွေ အများကြီးပါတာကြောင့် ဆော့လို့မရတဲ့ အခြေအနေထိပါ ရောက်ခဲ့တာပါ

Photo Credit

အဲ့အပြင် ဂိမ်း Feature တွေထဲမှာ ‌လုပ်လို့ရမယ်လို့ထင်ခဲ့တာတွေလည်း မပါခဲ့တာကြောင့် Gamer တွေ တော်တော်လေးစိတ်ပျက်ပြီး Bad Reviews တွေကြီးပဲ တန်းစီရခဲ့တဲ့ ဂိမ်းတစ်ခုဖြစ်တဲ့အပြင် Developer တွေက Refund အတွက်နဲ့ ဒေါ်လာ ၅၁ သန်း ဆုံးရှုံးခဲ့ကြပါတယ် အဲ့ဒီဂိမ်းက အခုတော့ Steam ပေါ်မှာ Review ကောင်းကောင်းတွေ ပြန်ရနေပါပြီ

အခု Steam ပေါ်မှာ ဒီဂိမ်းက အရောင်းရဆုံးဂိမ်း နေရာ နံပါတ် ၂ ရထားပါတယ် ခုမှဂိမ်းကို ဝယ်တဲ့လူတွေက Review ကောင်းကောင်းတွေ ပိုပေးနေကြတာပါ Developer တွေက ဒီတစ်နှစ်လုံး ဂိမ်းကိုပြင်ခဲ့ကြပြီး ဒီနှစ်‌အစောပိုင်းက Patch တွေမှာဆို Game-Breaking Bugs တွေကိုပါ ထည့်သွင်းမိတ်ဆက်ခဲ့ကြပါတယ်

Photo Credit

ဒါကြောင့်မလို့ တဖြည်းဖြည်းနဲ့ ဂိမ်းဟာ လက်ခံနိုင်တဲ့ အခြေအနေကို ပြန်ရောက်လာပါပြီ ဒီနှစ်ထဲမှာ ပေးခဲ့တဲ့ Update ၁၀ ခုကျော်ထဲမှာ မိုးပျံဂျက်တွေ ကားတွေထပ်ပါတဲ့အပြင် အရင် Bugs တွေကိုပါ ဖယ်ရှားပစ်နိုင်ခဲ့တဲ့ Update တွေ ဖြစ်လာပါတယ် ဒီလိုအခြေအနေက နှေးတယ်ဆိုပေမဲ့ အနည်းဆုံးတော့ PS4 Pro နဲ့ Xbox တို့ပေါ်မှာတော့ ကောင်းကောင်းမွန်မွန် ဆော့လို့ရတော့မှာပါ ခုအောက်က ပုံတွေကတော့ ဂိမ်းထွက်ကာစက ပေါ် ခဲ့တဲ့ Glitch ပုံတွေ ဖြစ်ပါတယ်

Photo Credit
Photo Credit
Photo Credit

ခုချိန်မှာ ဂိမ်းဟာတော်တော်လေး အဆင်ပြေနေပြီးတော့ ၂၀၂၂ မှာလည်း VR ဗားရှင်း ထွက်တော့မှာဖြစ်ပါတယ် ကစားသူတွေက အရင်လို စိတ်ဒုက္ခရောက်စရာ မလိုတော့ပါဘူး Night City ထဲမှာ Mission တွေလျှောက်လုပ် မြေပုံတစ်ခုလုံးကို လျှောက်သွားနေချင်တဲ့ သူတွေအတွက် အရင်ကထက် ပိုကောင်းတဲ့ အတွေ့အကြုံတွေကို ရတော့မှာပါ 

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။