BattleRoyal ပရိသတ်တွေ Mobile ‌ပေါ်မှာ စောင့်မျှော်နေကြတဲ့ ဂိမ်းတစ်ခုအကြောင်းကို ပြောပြချင်ပါတယ် Apex Legend အကြောင်းပါ PC တို့ပေါ်မှာတော့ ကစားလို့ရတာ ကြာနေပြီဖြစ်ပြီး Mobile ပေါ်မှာတော့ အခုဆို Beta Test ဆော့ကစားလို့ရနေပါပြီ Season တွေစပြီးကစားလို့ရဖို့ကတော့ နည်းနည်းထပ်စောင့်ရပါဦးမယ် Gameplay Video တွေလည်းထွက်ရှိထားတဲ့ ဒီဂိမ်းကို Console နဲ့တော့ ကစားလို့ရမှာ မဟုတ်ပါဘူး

အခုလက်ရှိထွက်ထားတဲ့ Beta Test ကိုလည်းအင်ဒိုနီးရှား ဖိလစ်ပိုင် မလေးရှား ဟောင်ကောင် ပီရူး ကိုလံဘီယာ အီဂျစ် နဲ့ လက်ဘနွန်နိုင်ငံတွေမှာပဲ လောလောဆယ် ကစားလို့ ရဦးမှာပါ EA က ဒီဂိမ်းကို တရုတ်ဂိမ်းကုမ္ပဏီတစ်ခုဖြစ်တဲ့ Tecent နဲ့ တွဲပြီး Develop လုပ်နေတယ်လို့ အတည်ပြုထားပါတယ် ဒါကြောင့်ပဲ ဒီဂိမ်းထွက်လာဖို့က နည်းနည်းနောက်ကျနိုင်တာပါ Tecent ဟာ လက်ရှိမှာ စုံစမ်းစစ်ဆေးခံနေရတဲ့ အခြေအနေဖြစ်နေတာကြောင့် ဘယ် app ကိုမှ လောလောဆယ် update လုပ်နိုင်ဦးမှာ မဟုတ်ပါဘူး နောက်တစ်ခုက Cross play လည်းရမှာ မဟုတ်ပါဘူး

ဘာလို့လဲဆို Mobile ဗာရှင်းဟာ Mobile အတွက်ပဲ သီးသန့် ထုတ်လုပ်ထားတာဖြစ်ပြီး တကယ်လို့ PC သမားတွေနဲ့ Mobile သမားတွေကို ပွဲတည်ပေးလိုက်မယ်ဆိုရင်မမျှမတဖြစ်နေမှာကြောင့်ပါ Reswapn ကလည်း ဒီအချက်ကြောင့် cross-play မရတာလို့ အတည်ပြုပေးထားပါတယ် Apex Legend နဲ့ Mobile ဗားရှင်းနဲ့က ဘာမှသိပ်မကွာပါဘူး Control ပိုင်းပဲ ကွာတာဖြစ်ပါတယ် Google play အရ ဂိမ်းကို Download ဆွဲသူအရေအတွက်ဟာ တစ်သန်းကျော် ရှိနေပါပြီ PC ပေါ်မှာကလိုပဲ Mobile ကလည်း Free to play ဖြစ်ပါတယ် လက်ရှိ Gameplay Video တွေအရ Graphic ကလည်း တော်တော်လေးကောင်းမွန်တာကို တွေ့ရမှာပါ

စိတ်မကောင်းစရာဆိုလို့ Tecent ရဲ့ လက်ရှိပြဿနာကြောင့် အနည်းငယ် ထပ်ကြာနိုင်တာကလွဲလို့ ကျန်တာအကုန်လုံးကတော့ အဆင်ပြေပါတယ် Battleroyal ထဲမှာ သူကလည်း Cinematic တွေ ဇာတ်အိမ်တွေနဲ့ ဂိမ်းတစ်ခုဖြစ်တာကြောင့် Mobile ပေါ်ကိုလည်း ဘာတွေ သယ်ဆောင်လာမလဲ စောင့်ကြည့်ရမှာပါ ကြာနိုင်တယ်ဆိုပေမဲ့ ခုချိန်မှာ Playstore ကနေမဟုတ်ပဲ တခြား Site တွေကနေ Download ဆွဲလို့ရတာကြောင့် စမ်းဆော့ချင်သူတွေကတော့ အဲ့ကနေ စမ်းဆော့ကြည့်လို့ ရနေပါပြီ Battleroyal ဂိမ်းတွေအများကြီးထဲကမှ ဒီဂိမ်းက ဘာတွေထူးခြားနေမလဲဆိုတာတော့ ဂိမ်း Season တွေ စမှသာ သိရမှာပါ ခုလက်ရှိ PC ဗားရှင်းမှာတော့ Season 9 ကို ရောက်နေပြီ ဖြစ်ပါတယ် 

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။