ဘောလုံးဂိမ်းနဲ့ကားဂိမ်းကို ကြိုက်ကြသူတွေဆို Rocket League ဂိမ်းကို သိကြမှာပါ ကားမောင်းရင်း ဘောလုံးကြီးတစ်လုံးကို ကားနဲ့လိုက်တိုက်ပြီး ဂိုးဝင်အောင်သွင်းရတဲ့ ဂိမ်းဖြစ်ပါတယ် PC နဲ့ PS4 ပေါ်မှာ ဆော့လို့ရတာကြာနေပြီဖြစ်တဲ့ Rocket League ဟာ ခုဆို Mobile ပေါ်ကိုပါ ရောက်ရှိလာပါပြီ 

credit:Rocket League

Rocket League ရဲ့ Spin-off ဂိမ်း Rocket League Sideswipe ဖြစ်ပြီး IOS အတွက်ရော Android အတွက်ပါ Free Download ဆွဲလို့ရနေပြီဖြစ်ပါတယ် ဒီဂိမ်းအသစ် Sideswipe ထဲမှာဆိုရင် ကစားသူတွေဟာ တစ်ဖက်နှစ်ယောက်ဖြစ်စေ တစ်ယောက်ချင်းဖြစ်စေ ကစားလို့ရပါတယ် Rocket League ရဲ့ Developer ဖြစ်တဲ့ Psyonix ကပဲ ထုတ်လုပ်ပေးထားတာဖြစ်ပြီး ဖုန်းပေါ်မှာပဲ Touch screen နဲ့ပဲဖြစ်စေ Controller နဲ့ပဲဖြစ်စေ ကစားလို့ရပါတယ်

credit:Rocket League

ကိုယ့်ဘာသာ သူငယ်ချင်းတွေနဲ့ပဲ ကစားလို့ရသလို ကမ္ဘာအနှံ့က ကစားသမားတွေနဲ့လည်း ယှဥ်ပြိုင်လို့ရပါတယ် Rank ပွဲစဥ်တွေလည်းရှိတာကြောင့် အကောင်းဆုံး Rank အတွက် ပြိုင်ဆိုင်လို့ရပါတယ် အခုဆို Pre-Season တစ်ခု စတင်နေပါပြီ ကစားသူတွေဟာ ကားတွေကို အလှဆင်ဖို့ ‌ရွေးချယ်မူတွေ ရရှိပြီး 2021 မကုန်ခင် စမဲ့ Season 1 အတွက် အကြိုမိတ်ဆက်ထားသလိုမျိုး ဖြစ်ပါတယ် ဂိမ်း Play ပိုင်းကတော့ PC မှာလို view က ကားနောက်ကို လိုက်နေမဲ့ Third Person View မဟုတ်ပဲ နာမည် Sideswipe ဆိုတဲ့အတိုင်း ဘေးတိုက်ကစားရမှာပါ

credit:Rocket League

အဲ့အပြင် PC မှာလို ကွင်းတစ်ကွင်းလုံးထဲ ပတ်မောင်းလို့ရနေတာမျိုး မဟုတ်ပဲ ရေပြင်ညီမျဥ်းတစ်တန်းတည်းပေါ်မှာ ရှေ့တိုးနောက်ဆုတ် ပုံစံနဲ့ ကစားရမှာ ဖြစ်ပေမဲ့ Camera View တွေကတော့ တော်တော်လေးကို မိုက်ပါတယ် Mobile ပေါ်မှာပဲ တော်တော်လေးကောင်းတဲ့ Graphic ရှိတဲ့အပြင် ကားတွေကို ကိုယ်စိတ်ကြိုက် အလှဆင်လို့ရတာတွေ ကားနောက်က ထွက်တဲ့ မီးခိုးကအစ အလှဆင်လို့ရမှာဖြစ်ပြီး Mobile ပေါ်မှာ ဒီလို ဂိမ်းမျိုးကလည်းရှားတာနဲ့ အတူ Developer ကပဲ ထုတ်ထားတဲ့ ဂိမ်းဖြစ်တာကြောင့် နောက် Season တွေမှာ ဘာတွေပါလာမလဲဆိုတာ စောင့်ကြည့်ရမှာ ဖြစ်ပါတယ် Gameplay ပိုင်းက‌တော့ တော်‌တော်လး ရင်ခုန်စရာကောင်းပြီး သူငယ်ချင်းတွေနဲ့ ဆော့ဆော့ တစ်ယောက်တည်းပဲဆော့ဆော့ ပျော်ဖို့ကောင်းမှာပါ Cross-play က‌တော့ ရမှာမဟုတ်ပါဘူး 

credit:Rocket League

Rocket League ဂိမ်းအကြောင်းကို သိပြီးသား လူတွေဆို Mobile ပေါ်ကို ရောက်လာတာ တော်တော်လေးမိုက်ကြောင်း သိကြမှာပါ နိုဝင်ဘာ 15 ရက်နေ့က တစ်နေရာမှာ ထွက်ရှိထားခဲ့ပြီး မနေ့ကမှ တစ်ကမ္ဘာလုံးမှာ ဆော့လို့ရတဲ့ ဂိမ်းအသစ်စက်စက်ဖြစ်တာကြောင့် စမ်းဆော့ကြည့်သင့်တဲ့ ဂိမ်းတစ်ခုဖြစ်ပါတယ်  

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။