ငယ်ငယ်တုန်းက P2 ဆိုင်မှာ တစ်နာရီ ၂၀၀ ပေးပြီး ဆော့ခဲ့ရတဲ့ Resident Evil 4 ကိုမှတ်မိကြမှာပါ သရဲတွေကို လိုက်သတ် ဆေးပင်တွေလိုက်ရှာ Mission တွေအများကြီး Boss တွေအများကြီးနဲ့ Storyline ကိုအကြာကြီးဆော့ခဲ့ရတဲ့ ဂိမ်းတစ်ခုဖြစ်ပါတယ် ကြောက်ဖို့ကောင်းတဲ့ Boss တွေ လွှစက်ကြီးနဲ့ကောင်တွေလက်ကနေ ပြေးရတာတွေ ကိုယ်သွားတဲ့တလျှောက်မှာရှိနေတဲ့ လက်နက်ရောင်းတဲ့ အဖိုးကြီး စတာတွေနဲ့ တစ်သက်မမေ့နိုင်စရာ ဂိမ်းပါ ခုပြောပြမှာကတော့ ဒီဂိမ်းက Oculus Quest ရဲ့ သမိုင်းတလျှောက် ရောင်းရအမြန်ဆုံး App ဖြစ်နေတယ်ဆိုတာပါပဲ ဆော့နေကျ PS2 Version တော့မဟုတ်ပါဘူး VR Version ပါ

Resident Evil 4

ဒါက ဒီ Platform ပေါ်မှာပဲရှိပါသေးတယ် RE4 ကိုထုတ်ခဲ့တဲ့ Platform တွေ များလွန်းတာကြောင့် လိုက်ခြေရာခံဖို့တောင် တော်တော်ခက်ခဲပါတယ် 2005 ခုနှစ် GameCube မှာ စထုတ်ခဲ့ကတည်းက RE4 ကို PS,Nintendo,Xbox တွေပေါ်မှာ ကစားလို့ရခဲ့ပါတယ် ဒါတောင် ဖုန်းပေါ်မှာ ဆော့လို့ရတာတွေကို ထည့်မပြောသေးပါဘူး Resident Evil 4 နဲ့ Skyrim တို့နှစ်ခုဟာ ဘယ်ဂိမ်းက Platform ပိုများလဲ ပြိုင်နေကြသလိုပါပဲ ဒီအပိုင်းမှာတော့ Skyrim က မဆိုစလောက်လေး သာတယ်ဆိုပေမဲ့ နှစ်ခုလုံး ဘယ် Platform ပေါ်မှာပဲဖြစ်ဖြစ် အမြဲတမ်း အောင်မြင်နေပါတယ်အဲ့ဒါကြောင့်လည်း ဂိမ်းတွေကို ဆက်ထုတ်နေကြတာပါ ဒီဂိမ်းထွက်လာပြီး အောင်မြင်တယ်ဆိုတာက ဆန်းတော့မဆန်းပါဘူး စထုတ်လိုက်ကတည်းက VR အတွက် ဂိမ်းကို သေချာကောင်းကောင်းမွန်မွန် ထုတ်ထားတယ်ဆိုတာတွေပဲ ကြားရတာကြောင့်ပါ အခုတော့ RE4 ဟာ ထိုက်တန်တဲ့ အောင်မြင်မူရခဲ့တယ်ဆိုတာ အတည်ပြုပြီးပါပြီ Metaverse က VP,Jason Rubin က RE4 ဟာ Oculus Quest သမိုင်းတလျှောက်မှာ ရောင်းရအမြန်ဆုံး  App တစ်ခုဖြစ်တယ်လို့ ထုတ်ပြောလိုက်ခြင်းကြောင့်ပါ 

Resident Evil 

“RE4 ဟာ VR ပိုင်းမှာ ဟိုးအရင်ကတည်းက စဆော့ခဲ့တဲ့ အမာခံပရီသတ်တွေအတွက်ရော VR ဂိမ်းကို အခုမှစဆော့မဲ့ သူတွေအတွက်ရော ထူးခြားတဲ့ ခြောက်ခြားစရာ ခံစားမူ တစ်ခုပေးနိုင်မယ်လို့ သိထားပြီးသားပါ” “RE4 ဟာ အခု Quest ရဲ့ သမိုင်းတလျှောက် ရောင်းရအမြန်ဆုံး App တစ်ခုဖြစ်နေတယ်ဆိုတာကို ပြောပြဖို့ စိတ်လှုပ်ရှားနေပါတယ်”လို့ Rubin က သူ့ Tweet တစ်ခုမှာ ပြောကြားခဲ့ပါတယ် ဆက်ပြီးတော့ နောက် Tweet တစ်ခုမှာ VR RE4 အတွက် Mercenaries Mode ကို 2022 မှာ ထုတ်ပေးမယ်ဆိုတဲ့ ကောလဟာလကိုလည်း အတည်ပြုပေးခဲ့ပါတယ် 

Photo credit

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။