ပျော်စရာကောင်းတဲ့ ဆော့ကစားပုံ အမြဲဆန်းသစ်နေတဲ့ Event တွေနဲ့ Battle Royal ဂိမ်းတစ်ခုဖြစ်တဲ့ Fornite မှာ The Matrix ဇာတ်ကောင်တွေ နောက်လကစပြီး ပါတော့မယ်လို့ ဂိမ်းရဲ့ Content ဖန်တီးသူ ဂိမ်းအကြောင်းတွေကို ထုတ်ဖော်သူတစ်ဦးဖြစ်တဲ့ Hypex က Tweet တစ်စောင်နဲ့ ကြေညာခဲ့ပါတယ် ဇာတ်ကားထဲက အဓိကဇာတ်ကောင်တွေဖြစ်တဲ့ Neo နဲ့ Trinty တို့က အဲ့ဒီ Event မှာ Game skin တွေအနေနဲ့ ပါဝင်မယ်လို့ အရိပ်အမြွတ် ပြောကြားခဲ့ပါတယ် 

screenshot from Twitter

The Matrix Resurrections ဇာတ်ကားအသစ်ကလည်း ဒီဇင်ဘာ 24 ရက်နေ့မှာ ထွက်မှာဖြစ်တဲ့အတွက် ဒီ Crossover ဟာဖြစ်နိုင်ပါတယ် နောက်တစ်ခုက Hypex ဟာ ဒီလအစောပိုင်း ဂိမ်းထဲမှာ Naruto ပါလာလိမ့်မယ်လို့ ထုတ်ပြောခဲ့သူဖြစ်ပါတယ် အဲ့တုန်းကလည်း သူပြောတဲ့ သတင်းရင်းမြစ်ကနေပဲ ဖက်ရှင်အတွက် collaboration လုပ်မယ်လို့ ကြေညာခဲ့ပြီး မြင်ရတဲ့အတိုင်းပါပဲ

Naruto skin in Fornite

ဒါကမင်းသား Keanu Reeves ကို Fornite ထဲမှာ ပထမဆုံးမြင်ရတာတော့ မဟုတ်ပါဘူး 2019 တုန်းက သူ့ရဲ့ ဇာတ်ကောင် John Wick ကို ဒီဂိမ်းထဲမှာပဲ မြင်ခဲ့ရပါတယ် ဒီဂိမ်းနဲ့ ဒီကားကို တွဲမြင်ရတာဟာ စီးပွားရေးအရတော့ အဓိပ္ပါယ်ရှိပေမဲ့ ဇာတ်လမ်းအရတော့ သိပ်အဆင်မပြေပါဘူး ဇာတ်ကားက တကယ်မရှိတဲ့ ဒစ်ဂျစ်တယ် လောကတစ်ခုထဲကနေ ရုန်းထွက်ဖို့ ကြိုးစားကာ ဒီလောကက မကောင်းတဲ့အကြောင်း အသားပေးထားပေမဲ့ ဂိမ်းကတော့ ဒစ်ဂျစ်တယ်ကမ္ဘာထဲမှာ စိတ်လှုပ်ရှားစရာ အက်ရှင်တွေကို လိုက်ခံစားရမှာဆိုတော့ လုံးဝ ဆန့်ကျင်ဖက်နှစ်ခုလို ဖြစ်နေပါတယ်

John Wick in Fornite

Online ပေါ်ကဘဝဟာ မကောင်းကြောင်း ပြထားတဲ့ဇာတ်ကားနဲ့ ကိုယ့်ရဲ့ ပိုက်ဆံတွေ အချိန်တွေအားလုံးကို သူတို့ဆီမှာပဲ မြုပ်နှံထားစေချင်တဲ့ ဂိမ်းတို့ ပေါင်းစပ်မူ တစ်ခုပါပဲ

The Matrix က ဒီလိုမသက်ဆိုင်တဲ့ ကိစ္စတစ်ခုကိုလုပ်တာ ဒါပထမဆုံးမဟုတ်ပါဘူး Waner Bros. ကလည်း The Matrix ရဲ့ NFT တွေကို ထုတ်ရောင်းဖို့ စီစဥ်ထားတာကြောင့် ဖြစ်ပါတယ် ဒါပေမဲ့ ဘယ်လိုဖြစ်ဖြစ် Matrix ပရိသတ်တွေကတော့ ဒီသတင်းကြားပြီး ပျော်နေကြဦးမှာပါ နောက်လမှာ ထွက်မဲ့ Matrix ရုပ်ရှင်အသစ်ကိုကြည့်ပြီး Fornite ထဲမှာ Neo Skin နဲ့ ကြမ်းလို့ရမှာဖြစ်တာကြောင့် Fornite ကစားသူတွေလည်း စိတ်လှုပ်ရှားနေကြမှာပါ 

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။