ဇွန်ဘီတွေကို သတ်ချင်နေတဲ့ လူတွေများ ရှိကြလား တစ်ခါတုန်းကတော့ အကြီးကြီးမဟုတ်ခဲ့တဲ့ ဇွန်ဘီဂိမ်းတွေဟာ အခုတော့ Horror Game အမျိုးအစားထဲမှာဆို နေရာတော်တော်ယူလာတဲ့ ဂိမ်းတွေဖြစ်လာပြီး တဖြည်းဖြည်းပို ကြီးမားလာကြပါပြီ ဇွန်ဘီဂိမ်းတွေဟာ အရမ်းပျော်စရာကောင်းပြီး ပေးနိုင်တဲံ ခံစားချက်တွေကလည်း တော်တော်များပါတယ် အဲ့ထဲကမှ အဓိကနှစ်ခုကတော့ Shooting နဲ့ Survival တို့ပါ 2010 အလယ်ပိုင်းလောက်မှာ ဇွန်ဘီဂိမ်းတွေတော်တော်ငြိမ်သွားပေမဲ့ ဝုန်းကနဲ အောင်မြင်လာချိန်မှာကျတော့လည်း အမှီလိုက်ဖို့ ခက်ခဲပါတယ် ခုကတော့ ဖုန်းပေါ်မှာဆော့လို့ကောင်းတဲ့ ဇွန်ဘီဂိမ်းတချို့နဲ့ မိတ်ဆက်ပေးမှာပါ 

Dead Effect 2

Dead Effect 2 ဆိုတဲ့ ဇွန်ဘီဂိမ်းဟာ Play Store ‌ပေါ်မှာ free ရရှိနိုင်ပြီး သိပ်မဆိုးတဲ့ ဇွန်ဘီဂိမ်းတစ်ခုပါ ရုပ်ထွက်ပိုင်းလည်းလှလှပပရှိပြီး ဇွန်ဘီတွေ မကောင်းဆိုးဝါးတွေ တခြား sci-fi သတ္တဝါတွေအများကြီးကိုပါ စိတ်ကြိုက်ပစ်ခတ်ရလို့ရမှာပါ ကိုယ့်ရဲ့ ဇာတ်ကောင်ကို အဆင့်မြှင့်လို့ရပြီး Killing Machine ကြီးအဖြစ် ပြောင်းလဲပစ်လို့ရမှာပါ ကိုယ့်ဇာတ်ကောင်မှာ တပ်ဆင်လို့ရမဲ့ ပစ္စည်းပေါင်း 100 ကျော် လက်နက်ပေါင်း 40 ကျော်နဲ့ စုစုပေါင်း ဂိမ်းဆော့ချိန် နာရီ 30 လောက် ပါပါတယ် ဒီဂိမ်းက ဖုန်းပေါ်မှာပဲ ဆော့လို့ရတဲ့ Dead Space ဆိုတဲ့ ဂိမ်းနဲ့ ဆင်တူပါတယ် 

Kill Shot Virus

Kill Shot Virus ဆိုတဲ့ FPP ဂိမ်းမှာဆို ဇွန်ဘီတွေအများကြီး ပါပါတယ် အရမ်းကြီးမဆိုးတဲ့ ရုပ်ထွက် ရှင်းလင်းတဲ့ Control, Multiplayer Mode နဲ့ Leader Mode တွေပါ ပါပါတယ် မစ်ရှင်ပေါင်း 100 ကျော် အများကြီး လိုက်စု‌ဆောင်းရမဲ့ ဂီယာတွေလည်း ပါပါတယ် Freemium game ဖြစ်တာကြောင့် Freemium ဂိမ်းတွေမှာပါတတ်တဲ့ ပြဿနာလေးတွေတော့ရှိပေမဲ့လည်း Dead Trigger 2 တို့နဲ့ ခေတ်ပြိုင်လို့ ပြောလို့ရတဲ့ ဂိမ်းလေးပါပဲ Freemium ကြောင့်သာ ပြဿနာနည်းနည်းရှိတာပါ Gameplay ကကောင်းပါတယ် Freemium ဆိုတာက အစပိုင်းမှာ Free ပဲပေးဆော့ထားပေမဲ့ နောက်ပိုင်းကျ တကယ့်ပိုက်ဆံမသုံးရင် မနိုင်နိုင်တော့ ဒါမှမဟုတ် ဂိမ်းကို ရှေ့မဆက်နိုင်တော့တဲ့ အခြေအနေကို ပြောတာပါ 

Last Day On Earth

Last day on earth ကတော့ ဇွန်ဘီဂိမ်းလို့ပြောရမှာ‌ေတာင် နည်းနည်းခက်ပါတယ် ဇွန်ဘီတွေတင်မကပဲ စွန့်စားခန်းတွေရောနဲ့ Open world ဖက်ကို နည်းနည်းပါပါတယ် ကိုယ့်အထိုင် နေရာတစ်ခု တည်ဆောက်ထားရပြီး ပစ္စည်းတွေလိုက်ရှာ လိုက်ခိုးလိုက် ဇွန်ဘီတွေကို သတ်လိုက်နဲ့ ကစားရမှာပါ ရှူခင်းတွေ ပစ္စည်းတွေ တည်ဆောက်ရတာတွေနဲ့ တခြားလုပ်စရာတွေ တော်တော်များများ ပါပါတယ် ပြောရမယ်ဆိုရင်တော့ Survival ဂိမ်းတစ်ခုထဲမှာ ဇွန်ဘီဂိမ်းအငွေ့အသက်နည်းနည်းပါတာပါ ဘာလို့ဆို ဇွန်ဘီအသားပေး မဟုတ်တဲ့ ဂိမ်းထဲမှာ ဇွန်ဘီတွေကို မြင်ရတာလည်း ကောင်းပါတယ် ဒီဂိမ်းကလည်း Freemium ဂိမ်းပါပဲ 

Unkilled

Unkilled ကတော့ Death Trigger 2 နဲ့ အတူတူပါပဲ ကွာသွားတာဆိုလို့ နည်းနည်း ပိုကောင်းလာတဲ့ ရုပ်ထွက်ရယ် မစ်ရှင်တွေပိုပါတာရယ် Boss တွေကိုချရတာတွေရယ် Online PvP Mode ပါလာတာတွေပါပဲ ဒီဂိမ်းကတော့ hardware controller တွေနဲ့ ဆော့လို့ရပါတယ် မစ်ရှင်တွေလုပ် လက်နက်တွေစုရင်း PvP Mode နှစ်ခုနဲ့ပါ ပထမတစ်ခုက FPS ဖြစ်ပြီး ဒုတိယတစ်ခုက Skirmish Ops ဖြစ်ပါတယ် ထပ်ပြီး Freemium ဂိမ်းတစ်ခုပါပဲ ဒါပေမဲ့ အခုစာရင်းထဲက ဂိမ်းတွေထဲမှာတော့ အတောက်ပြောင်ဆုံး ဂိမ်းပါ

Into The Dead 2

နောက်ဆုံးတစ်ခုဖြစ်တဲ့ Into The Dead 2 ကတော့ ကာရိုက်တာဟာ တောက်လျှောက်ပြေးနေမှာဖြစ်ပြီး လမ်းမှာရှိသမျှ ဇွန်ဘီတွေကို ပစ်သွားရမှာပါ သွားနိုင်သမျှဝေးဝေးသွားရင်း မသေအောင် ကြိုးစားရမှာဖြစ်ပါတယ် တခြား မစ်ရှင်တွေ Challenge တွေလည်း အများကြီးပါပြီး ဇွန်ဘီတွေကို တိုက်ခိုက်ပေးမဲ့ အဖော်ခွေးပါ ခေါ်လို့ရပါတယ် ဒီဂိမ်းကလည်း ဆော့နေရင်းနဲ့မှ ပစ္စည်းတွေဝယ်ခိုင်းမဲ့ Freemium ဂိမ်းတစ်ခုဖြစ်ပြီး စဆော့ဖို့ကတော့ Free to Download ပါပဲ 

ဒီဂိမ်းတွေအကုန်လုံးက Freemium ဖြစ်နေတာကလွဲရင် ကျန်တာတွေက သိပ်ပြောစရာ မရှိပါဘူး ရုပ်ထွက်ပိုင်းရော Action ရော အသံတွေကပါ တော်တော်လေးပီပြင်တဲ့ ဂိမ်းတွေပါ အဲ့အပြင် ကိုယ်က အရမ်းစကေးကောင်းတဲ့ ဆရာကြီးဆို freemium တွေဘာတွေ ဂရုစိုက်စရာ မလိုတာကြောင့် ဇွန်ဘီဂိမ်းကြိုက်သူတွေ စမ်းဆော့ကြည့်သင့်တဲ့ ဂိမ်းတွေပါ

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။