MOBA Game နှစ်သက်သူတစ်ယောက်ဆိုရင်တော့ Riot Company ကိုသိကြမှာပါ နာမည်ကြီးဂိမ်းတွေဖြစ်တဲ့ League of Legend,Wild rift,Valorant ဂိမ်းတို့ကို ပိုင်ဆိုင်တဲ့ ဂိမ်း Company တစ်ခုဖြစ်ပါတယ် Riot ဟာ LOL game မှာတင် Music အလန်းစားတွေ Music Video ထဲကအတိုင်း Ingame skin တွေပေးထားယုံသာမက Game Champion တွေနဲ့ဖွဲ့ထားတဲ့ Kpop group တစ်ခုပါရှိပါတယ် မကြာသေးခင်ကလည်း Netflix မှာ LOL ဂိမ်းရဲ့ story Arcane ဇာတ်လမ်းတွဲကို ထုတ်လွှင့်ထားတာဖြစ်ပါတယ် ဒီလိုနယ်ပယ်မျိုးစုံမှာ ခြေဆန့်ထားတဲ့ Riot ဟာ နောက်ထပ်ခြေလှမ်းတစ်ခုလှမ်းလာပါပြီ 

အဲ့ဒါကတော့ Project L လို့အမည်ပေးထားတဲ့ project တစ်ခုပါ ဘာလဲဆိုရင်တော့ LOL MOBA ဂိမ်းကို Fighting ဂိမ်းအဖြစ် အသက်သွင်းလာတာဖြစ်ပါတယ် ပြီးခဲ့တဲ့ ရက်ပိုင်းကမှ Riot ဟာ Video တစ်ခုချပြသွားခဲ့ပြီး အဲ့ဒီ video ကတော့ LOL ကို Fighting Game အဖြစ်အသက်သွင်းထားတဲ့ Video ပါပဲ အရင်ကတည်းက Spin-off ဂိမ်းတစ်ခုပြဖို့ရှိတယ်လို့ ပြောထားခဲ့ပေမဲ့ ခုမှ ဂိမ်းရဲ့အသွင်အပြင်ကိုရော Playstyle ကိုပါ ချပြတာပါ

အဆုံးသတ်ထိမပြီးသေးတာတောင် ခုတင်ကြည့်ရတာတော်တော်လေး အဆင်ပြေပါတယ် ဘယ်‌တော့ ဂိမ်းကို Release မလဲမသိရသေးပေမဲ့ 2022 ကုန်တဲ့အထိတော့ လာဦးမှာ မဟုတ်သေးပါဘူး Developer တွေပြောပုံအတိုင်းဆို ဂိမ်းဟာပြင်ဆင်ဖို့အများကြီးလိုပါသေးတယ် စီစဥ်ထားတဲ့အတိုင်းဆို Project L မှာကစားသူဟာ Champion နှစ်ကောင်ယူလို့ရပြီး အဲ့ဒီနှစ်ကောင်ကို ပြောင်းကိုင်လို့ရမှာပါ LOL universe ထဲကမြေပုံတွေလည်းအစုံအလင်ပါဝင်ပါတယ် ဒီ Video ထဲမှာတော့ Control ပိုင်းကိုလည်းပြသွားပါသေးတယ် Developer တစ်ဦးဖြစ်တဲ့ Tom Cannon ပြောပုံအရဆို ဂိမ်းကစဆော့ဖို့တော့ လွယ်မှာဖြစ်ပြီး ကျွမ်းကျင်ဖို့တော့ ခက်ပါလိမ့်မယ် Fighting Game Fan တွေသဘောကျမဲ့တစ်ခုကတော့ ဂိမ်းမစခင် Character တစ်ယောက်နဲ့တစ်ယောက် စကားပြောကြတဲ့ Netcode ကိုအထူး အာရုံစိုက်ထားတယ်ဆိုတာပါပဲ ဂိမ်းက Storyline ကောင်းကောင်းရှိပြီးသားဖြစ်တာကြောင့် Netcode သာကောင်းမယ်ဆို တော်တော်လေး ဆော့လို့ကောင်းမှာပါ

နောက်ဂျွမ်းပြန်ထိုးတာတွေလည်းလုပ်လို့ရမှာဖြစ်ပြီး LOL နဲ့ Valorant တို့မှာသုံးထားတဲ့ Ping နဲ့ Lag ဖြစ်ခြင်းနည်းစေမဲ့ နည်းပညာကိုပါ အသုံးပြုထားပါတယ် ဂိမ်းရဲ့ Release date ကိုတော့ အသေအချာကြေညာထားတာမရှိပါဘူး ဂိမ်းရဲ့ Development နှစ်ခုကိုတော့ 2022 အတွင်းမှာချပြဖို့ရှိတယ်လို့သိရပါတယ် ဘယ် platform တွေမှာထွက်လာနိုင်လည်းဆိုရင်တော့ လောလောဆယ် PC လို့ပဲ ပြောရမှာပါ

ငယ်ငယ်က Character နှစ်ယောက်မျက်နှာချင်းဆိုင် Spell မျိုးစုံ တိုက်ကွက်မျိုးစုံနဲ့ ချကြတဲ့ Fighting Game တွေကို နှစ်သက်သူဆိုရင်တော့ စာဖတ်ပြီးတာနဲ့ ဂိမ်းကိုချက်ချင်းဆော့ချင်သွားကြမှာပါ ဒါပေမဲ့ Release date ကလည်း ဘာမှန်းမသိသေးတာရယ် ကြားထဲမှာတစ်ခုခုဖြစ်ရင် Game က Delay သွားနိုင်သေးတာကြောင့် တော်တော်လေးတော့စောင့်ရဦးမှာပါ အောင်မြင်နေပြီးသား Game တစ်ခုရဲ့ Spin-off Fighting Game တစ်ခုဖြစ်တာကြောင့် ထွက်လာရင်တော့ သေချာပေါက် အောင်မြင်ဦးမဲ့ ဂိမ်းတစ်ခုဖြစ်ပါတယ်

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။