Open World ဂိမ်းတွေထွက်ရှိလာတာ အချိန်တော်တော်ကြာနေပြီဖြစ်ပါတယ် အရင်တုန်းက open world game တွေထက် နောက်ထွက်လာတဲ့ ဂိမ်းတွေဟာ မြေပုံတွေ ပိုကျယ်လာသလို လုပ်စရာတွေလည်း ပိုများလာပါတယ် အိမ်ထဲကထိုင်ခုံပေါ်မှာထိုင်ပြီးတစ်နေရာနဲ့ တစ်နေရာမတူတဲ့ မြေပုံတွေထဲမှာ လျှောက်သွားပြီး လုပ်ချင်တာတွေလျှောက်လုပ်နေရတာဟာ Open World ဂိမ်းတွေရဲ့ အနှစ်သာရပါပဲ ဒါပေမဲ့ Open world ဆိုတဲ့အတိုင်း File Size တွေကြီးပြီး mobile နဲ့ အဆင်မပြေတဲ့ OWG ကများပါတယ် အခုကတော့ platform မျိုးစုံပေါ်က open world game တွေကြားထဲက Android အတွက် ပေါ့ပေါ့ပါးပါးနဲ့ အဆင်ပြေတဲ့ Open world game တွေကို ဖော်ပြပေးလိုက်ပါတယ် 

ပထမဆုံးကတော့ GTA San Andreas ပါ Story line ကောင်းကောင်းနဲ့ ဇာတ်လမ်းတွဲမဆော့ချင်ရင်လည်း မြေပုံအကျယ်ကြီးထဲမှာ လျှောက်သွားနေလို့ ရပါတယ် Mod တွေလည်းစိတ်ကြိုက်ထည့်သွင်းနိုင်ပြီး  Side Mission တွေလည်းတော်တော်များများပါပါတယ် PS2 မှာကတည်းက အားလုံးကြိုက်နှစ်သက်ကြတဲ့ ဂိမ်းပါ ဖုန်းပေါ်မှာလည်း Cheat လို့ရပြီး Third Party app တစ်ခုနဲ့ Cheat လို့ရပါတယ် အဓိကမြို့ကြီး ၄ မြို့ကို တလှည့်ဆီလျှောက်သွားပြီး Explore ရတဲ့ အရသာကို အားလုံး သဘောကျကြမှာပါ မကြာသေးခင်က ထွက်ထားတဲ့ GTA SA Remaster ကလည်း mobile မှာ ထွက်လာဦးမှာဖြစ်တာကြောင့် experience အသစ်တွေနဲ့ လာဦးမှာပါ

Photo credit to original uploader 

နောက်တစ်ခုကတော့ Gashin Impact ပါ Anime စတိုင် Graphic နဲ့ ကိုယ်ဆော့ရမဲ့ character တွေကို ဆော့နေရင်းနဲ့ collect လုပ်ရမှာဖြစ်ပြီး တစ်ယောက်ချင်းစီရဲ့ abaility တွေ skill တွေကိုလည်း ဆော့နေတဲ့တောက်လျှောက် Item တွေလိုက်စုပြီး မြှင့်ရမှာပါ ဂိမ်းရဲ့ Graphic ကအသေးစိတ်ကျတဲ့အပြင် မြေပုံကလည်းတော်တော်လေးကို ကျယ်ပါတယ် တောင်တွေပေါ် ကုတ်တက်လို့ရတဲ့အပြင် အမြင့်ကနေ Glide နဲ့ ခုန်ဆင်းလို့ရတဲ့အတွက် ဆော့ရတာတော်တော်လေးကို အရသာရှိပြီး ချစ်စရာကောင်းတဲ့ Anime Character လေးတွေကိုလည်း တောက်လျှောက်မြင်တွေ့ရမှာပါ ဒီဂိမ်းကတော့ Device သိပ်မကောင်းရင် Graphic setting အနိမ့်နဲ့ဆော့သင့်ပါတယ် မဟုတ်ရင် ဖုန်းပူတာတွေ Lag တာတွေဖြစ်တတ်တာကြောင့်ပါ

Photo credit to original uploader 

Earth And Legend ဆိုတဲ့ ဂိမ်းကလည်း တော်တော်လေးကို ကောင်းမွန်တဲ့ Open World ဂိမ်းတစ်ခုပါပဲ ဒီဂိမ်းကထွက်တာကြာထားပြီမလို့ Graphic တော့သိပ်မကောင်းပါဘူး ဒါပေမဲ့ ဂိမ်းရဲ့ size နဲ့ ဆော့ရတဲ့ဂိမ်းက တကယ်မယုံနိုင်စရာပါ  ရွာထဲမှာလျှောက်သွား ကိုယ့်ရဲ့ Weapon တွေကို Upgrade မြှင့်ရင်း Monster တွေကို Level အလိုက် တစ်ကောင်ချင်းစီလိုက်သတ်ရမှာပါ Level အနိမ့်လေးနဲ့ Monster အကြီးကြီးတွေကို သွားစရင်တော့ အဆင်မပြေပါဘူး control ပိုင်းကလည်း အကောင်းကြီးမဟုတ်ပေမဲ့ အဆင်ပြေတယ်လို့ ပြောလို့ရပါတယ် Story Line အစအဆုံးဆို ၅ နာရီလောက်ကြာနိုင်ပါတယ် 

Photo credit to original uploader 

နောက်ဆုံးတစ်ခုကတော့ Minecraft ပါပဲ ကမ္ဘာကြီးရဲ့ တကယ့်အရွယ်အစားထက် ပိုကြီးတဲ့ Map နဲ့ဆိုတော့ explore လုပ်ချင်တဲ့ ကစားသမားတွေအတွက် အကောင်းဆုံး Game ပါပဲ ဂိမ်းထဲမှာ တခြားသူတွေ ဆောက်ထားတာတွေကို လိုက်ကြည့်လို့ရမယ် ကိုယ်တိုင်လည်းစိတ်ကြိုက် ဒီဇိုင်းတွေတည်ဆောက်လို့ရမဲ့ ဂိမ်းပါ ဂိမ်းရဲ့ worldwide player က အများကြီးရှိပြီး နေ့တိုင်းတောက်လျှောက် လူတွေက explore လုပ်နေကြတာကြောင့် ဂိမ်းရဲ့ မြေပုံအဆုံးသတ်ကို သွားဖို့ဆိုတာ မဖြစ်နိုင်ပါဘူး ဒီဂိမ်းထဲမှာကို ကမ္ဘာကြီးရဲ့ ပုံစံအတိုင်း ပြန်တည်ဆောက်ဖို့ ကြိုးစားကြသူတွေတောင် ရှိဖူးပါတယ်

Photo credit to original uploader 

ခုပြောပြပေးခဲ့တဲ့ ဂိမ်းတွေကတော့ ဖုန်းပေါ်မှာပဲ Storage နည်းနည်းနဲ့ဆော့လို့ရတဲ့ ဂိမ်းတွေဖြစ်ပါတယ်  စိတ်ပြေလက်ပျောက် ဂိမ်းလည်းဆော့ချင်တယ် Open World လည်းဖြစ်ရမယ် Small Game တွေလည်းမဆော့ချင်ဘူးဆိုတဲ့ လူတွေအတွက် ဒီဂိမ်းတွေက ရွေးချယ်စရာကောင်းတွေပါပဲ

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။