PUBG လို့ပြောလိုက်ရင်တော့ Gamer တွေကြားမှာ မသိသူမရှိပါဘူး ကမ္ဘာတစ်၀ှမ်းမှာ ဒိတ်ဒိတ်ကြဲ အောင်မြင်နေတဲ့ Battleroyal game တစ်ခုဖြစ်တဲ့အပြင် အာရှဒေသတွင်းမှာလည်း နာမည်အကြီးဆုံး ဂိမ်းတစ်ခုဖြစ်ပါတယ် PC,Mobile စတဲ့ Platform တွေပေါ်မှာ Event အသစ်အသစ်တွေ အလန်းစား skin တွေအများကြီးနဲ့ ကမ္ဘာတစ်၀ှမ်းက Player သန်းပေါင်းများစွာ စွဲစွဲလန်းလန်း ဆော့နေကြတဲ့ ဂိမ်းတစ်ခုပါ မကြာသေးတဲ့ November 11 ရက်နေ့ကမှ PUBG New State ဆိုတာ အသစ်ထွက်လာပါသေးတယ် Tencent company ရဲ့ PUBG မဟုတ်ပဲ ဂိမ်းရဲ့ မူရင်းဖန်တီးသူ PUBG Studio က ထုတ်လုပ်ထားတဲ့အတွက် ကိုရီးယား version PUBG လို့ အလွယ်ခေါ်ကြပါတယ် ဒါဆိုရင် Mobile မှာဆောလို့ရတဲ့ PUBG Mobile နဲ့ PUBG New State နှစ်ခုမှာ ဘာတွေကွာသွားလဲ In Game Graphic တွေ ဆော့ရတဲ့ခံစားချက်တွေကမှာ ဘယ်ဟာကပိုကောင်းမလဲ 

PUBG New State

အဓိက Gameplay ကတော့ PUBG နဲ့ အတူတူပဲဆိုပေမဲ့ မြေပုံအသစ်တွေ ပိုကောင်းလာတဲ့ Graphic အသစ်တွေ Battle ထဲမှာ အသုံးပြုလို့ရမဲ့ Drone တွေနဲ့အတူ ပို Realistic ဆန်တဲ့ Battleroyal gameplay ကို ခံစားရစေဖို့ ပြုလုပ်ထားပါတယ် ဂိမ်းဟာ 2051 ခုနှစ်မှာဇာတ်အိမ်တည်ထားပြီး ကစားသမားတွေဟာ အနာဂတ်က လက်နက်တွေ ယာဥ်တွေနဲ့ ကစားရမှာဖြစ်ပါတယ် ဒီဂိမ်းဟာ ခဏခဏ update လာပြီး player တွေက အမြဲတမ်း Event အသစ်တွေကို ရရှိနေမှာပါ Graphic ပိုင်းမှာဆိုရင်လည်း ပိုကောင်းလာပါတယ် New State မှာသုံးထားတဲ့ Global illumination နည်းပညာကြောင့် ကစားသူတွေဟာ အရင်ထက်ပိုကောင်းတဲ့ Visual Experience နဲ့ ဖုန်းတွေအတွက်အကောင်းမွန်ဆုံး Gunplay experience ကိုပါ ခံစားရမှာပါ In game item တွေအပိုင်းမှာဆိုရင်လည်း PUBG Studio ကသေချာပြုပြင်ပေးထားပါတယ် လက်နက်တွေကို ကိုယ်ကြိုက်တဲ့ Equipment တွေတပ်ဆင်နိုင်မှာဖြစ်ပြီး Drone တွေနဲ့ တခြားယာဥ်တွေအများကြီးလည်း ထည့်သွင်းထားပါတယ် ဒါ့အပြင် Shield အသစ်တွေလည်း ပါဝင်လာမှာကြောင့် ရန်သူတွေနဲ့ ရင်ဆိုင်ရာမှာ ပိုပြီးစိတ်လှုပ်ရှားစရာ ကောင်းလာမှာပါ

photo credit from original uploader

သိပ်မကွာသွားတာတစ်ခုကတော့ controll ပိုင်းပါ အရင် PUBG Mobile မှာလိုပဲ ပေါ့ပါးတဲ့ Touch control ကိုခံစားရမှာဖြစ်ပြီး ကိုယ်နဲ့အဆင်ပြေသလို ခလုပ်တွေအကုန်လုံးကို ရွှေ့ပြီး Control setting ကို ပြုပြင်လို့ရပါတယ် ဒါကတော့ PUBG Mobile နဲ့ အတူတူပါပဲ ဒါပေမဲ့ New State က Control ပိုင်းကပိုပြီးတော့ အသေးစိတ်ကျတယ်လို့ပြောကြပါတယ် ဘာလို့လဲဆို In Game Item တွေကိုလိုက်ပြီး ခလုပ်တွေကို ပိုသေးထားတယ် ပိုများများစားစားထည့်ထားတယ်ဆိုပေမဲ့ ဒီ Setting က PUBG Mobile မှာလည်းရတာမလို့ သိပ်ကွာတယ်တော့မဟုတ်ပါဘူး ပြီးတော့ PUBG Mobile လိုပဲ ဖုန်း‌ပေါ်မှာ Controller support မပါပါဘူး PUBG New State ကိုဆော့ဖို့အတွက် Android မှာဆို အနည်းဆုံး Ram 2.5 GB နဲ့ Android version 6 အထက်ရှိရမှာဖြစ်ပြီး IOS မှာဆိုရင်တော့ Ram2.5GB IOS version 10 ထိရှိရမှာဖြစ်ပါတယ် ဒါကြောင့်မလို့ Device ကောင်းကောင်းမရှိတဲ့ လူတွေအတွက်လည်း ရွေးချယ်စရာတစ်ခု ဖြစ်လာမှာပါ

photo credit from original uploader 

PUBG New State ဟာ သူ့ရဲ့ Ultra realistic graphic အရင်ဂိမ်းထက်ပိုကျယ်တဲ့ Map တွေ ပိုကောင်းလာတဲ့ Animation တွေကြောင့် Battleroyal ဂိမ်းတွေကြားထဲမှာ ဆရာတစ်ဆူဖြစ်လာဦးမှာပါ အခုလက်ရှိ Play Store ကနေ Free Download ဆွဲပြီးဆော့လို့ရနေပါပြီ Mobile တွေအတွက် Graphic ပိုင်းရော Audio ပိုင်းရော Game Play ကပါ တမူထူးခြားတဲ့ ဂိမ်းတစ်ခုလို့ ညွှန်းထားကြတာကြောင့် စမ်းဆော့ကြည့်သင့်တဲ့ ဂိမ်းတစ်ခုဖြစ်ပါတယ်

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။