အနုပညာအလုပ်တွေကို ဆက်လက်လုပ်ကိုင်ရင်း တစ်ဖက်မှာလည်း ပရဟိတအလုပ်တွေကို အားကြိုးမာန်တက် ကြိုးစားလုပ်ဆောင်နေတဲ့ သူကတော့ သရုပ်ဆောင် ခိုင်နှင်းဝေ ဖြစ်ပါတယ်။သူမက ခိုင်နှင်းဝေရင်သွေးလေးများ ဂေဟာကို တည်ထောင်ထားသူ ဖြစ်ပြီး ကလေးတွေကို မိခင်စိတ်အပြည့်နဲ့ ချစ်ခင်ကြင်နာစွာ ထိန်းသိမ်း စောင့်ရှောက်ပေးနေတာ ပဲဖြစ်ပါတယ်။
ဒါ့အပြင် ယခု ဖြစ်ပေါ်နေတဲ့ နိုင်ငံရေး အခြေ အနေတွေကြောင့် စားဝတ်နေရေး အခက်အခဲဖြစ်နေသူများကို အခြေခံစားသောက်ကုန်တွေကို သွားရောက် ကူညီလှူဒါန်းပေးနေတာ ဖြစ်ပါတယ်။သူမက ကဆုန်လပြည့်နေ့မှာ မွန်ပြည်နယ် ကျိုက်မရောမြို့ အတ္ထရံမြစ် ကမ်းဘေးတွင် တည်ထားကိုးကွယ်မယ့် ကိုးနဝင်း ဆုတောင်းပြည့် စေတီတော်ကြီးမှာ ထီးတော်တင် ပူဇော်ပွဲကို ရောက်ရှိနေကြောင်းကို ပြောပြထားတာ ဖြစ်ပါတယ်။
"အလှုရှင်များ နှင့် ခုနှစ်ရက် သားသမီးများ စုပေါင်း၍ တည်ထားကိုးကွယ်သော "ကိုးနဝင်း" စေတီတော်မြတ်ကြီး ထီးတော်တင် ပူဇော်ပွဲသို့ ပါရမီ ဖြည့် ကုသိုလ်ယူခဲ့ပါတယ်...ဝဠ်ကြွေးဟောင်းများ ကျေပြီး ဝဠ်ကြွေး အသစ်များ မဖြစ်စေရပဲ သာသနာ အကျိုးများ ဒီထက်မက သယ်ပိုးဆောင်ရွက်နိုင်ရပါစေ ရှင်..???"ဆိုပြီး ကြည်လင် အေးချမ်းလှတဲ့ ပုံရိပ်တွေနဲ့ အတူ မျှဝေပေးလာတာ ဖြစ်ပါတယ်။ပရိသတ်တွေကလည်း ဒီထက်မကသော ကုသိုလ်ကောင်းမှုတွေ ပြုလုပ်နိုင်ပါစေလို့ ဆုတောင်းကာ သာဓုခေါ်ထားကြတာ ပဲဖြစ်ပါတယ်။
သတင်းအရင်းမြစ်: Khine Hnin Wai FB Account
"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။