ဝဝကစ်ကစ်ပုံစံလေးနဲ့ ပရိသတ်တွေရဲ့ အချစ်တွေကို သိမ်းကြုံးရယူထားသူလေးကတော့ ယွန်းဝတီလွင်မိုးရဲ့ သားလေး လွင်ထက်(ခ) Liam လေးပဲ ဖြစ်ပါတယ်။ သူဟာ ပရိသတ်တွေရဲ့ အချစ်တော်ဖြစ်နေရုံသာမကဘဲ အနုပညာရှင်များကပါ ချစ်မဝဖြစ်နေရသူလေးတစ်ယောက် ဆိုရင်လည်း မမှားနိုင်ပါဘူးနော်။ သားလေးဟာ တစ်နေ့ထက်တစ်နေ့ တီတီတာတာစကားတွေပိုပို ပြောတတ်လာပြီး တစ်အိမ်လုံးရဲ့ ဆည်းလည်းလေး ဖြစ်နေတာပါ။

Photo Credit -Yunnandy’s Instagram Account
Photo Credit -Yunnandy’s Instagram Account
Photo Credit -Yunnandy’s Instagram Account

Liam လေးကိုတော့ ဖိုးဖိုးလွင်မိုး နဲ့ဖွားဖွား မေသူတို့က အနီးကပ်ပြုစုဂရုစိုက် စောင့်ရှောက်နေတာပဲ ဖြစ်ပါတယ်။ လီလီလုံးလေးရဲ့ လှုပ်ရှားမှုဗီဒီယိုလေးတွေဟာလည်း အသည်းယားစရာကောင်းလွန်းလှပြီး ပရိသတ်တွေ မချစ်ဘဲ မနေနိုင်အောင်ကို ဖြစ်နေရတာလည်း ဖြစ်ပါတယ်။ အခုမှာလည်း တီတီယွန်းနဒီလွင်မိုးရဲ့ Instagram Story မှာ ဗီဒီယိုလေးတစ်ခု တင်ထားတာပဲ ဖြစ်ပါတယ်။

Photo Credit -Yunnandy’s Instagram Account
Photo Credit -Yunnandy’s Instagram Account
Photo Credit -Yunnandy’s Instagram Account

ဒါကတော့ တံခါးကိုခြေထောက်လေးထောက်ကာမရမကလှမ်းဖွင့်နေတဲ့ Liam လေးရဲ့ ချစ်စရာ ဗီဒီယိုဖိုင်လေးပဲ ဖြစ်ပါတယ်။ လီလီလုံးလေးဟာ တံခါးကိုဖွင့်လို့မရတာကြောင့် ပြန်လှည့်ကာ တစ်ယောက်တည်း ဆော့နေတာလေးကလည်း ကြည့်မိသူတိုင်းကို အသည်းယားစေမှာ အမှန်ပါပဲနော်။ ပရိသတ်တွေအတွက် Liam လေးရဲ့ ဗီဒီယိုဖိုင်လေးကို တင်ဆက်ပေးလိုက်ရပါတယ်နော်။

Source and Photo Credit- Yunnandy’s Instagram Story 

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။