ဟိုးအရင်ချိန်ကတည်းက နာမည်ကျော်လူကြိုက်များတဲ့ အဆိုတော် ကြက်ဖကိုပရိသတ်ကြီးတို့ အနေနဲ့ သိပြီးကြမယ်ထင်ပါတယ်။ "အရည်ထုတ်" သီချင်း ဟာဆိုရင် လူငယ်ပရိသတ်တွေကြားမှာ တဟုန်ထိုးပေါက်ခဲ့ပြီး အခုထိတိုင်နာမည်ကျော်ရေပန်းစားနေဆဲဖြစ်ပါတယ်။ အဆိုတော် ကြက်ဖဟာဆိုရင် လူကို အညွန့်တုံးစေတဲ့ မူးယစ်ဆေးဝါးကို အောင်မြင်စွာတွန်းလှန် နိုင်ခဲ့သူဖြစ်ပြီး မိသားစုနဲ့ ပြန်လည်ချစ်ချစ်ခင်ခင်နေ ထိုင်နိုင်တာပဲဖြစ်ပါတယ်။ အမေရဲ့ ဆိုဆုံးမ မှုတွေကို လိုက်နာပြီး မိသားစုအသိုင်းအဝိုင်းအားပေးစကားတွေကြောင့် အခုလို လူကောင်းပကတိအတိုင်းပြန်လည်နေထိုင်နိုင်တယ်လို့ social media တွေကို ဖွင့်ဟဝန်ခံထားတာပဲဖြစ်ပါတယ်။ အဆိုတော်ကြက်ဖဟာဆိုရင် ပညာတက်ဆေးကျောင်းသားတစ်ယောက်ဖြစ်ပြီး အတက်မဆန်းသင့်တဲ့ မူးယစ်ဆေးဝါးကို အစလုပ်ခဲ့မိတာကြောင့် မူးယစ်ကျေးကျွန်အဖြစ် အမှောင် လောကထဲ ရောက်ရှိခဲ့တာပဲဖြစ်ပါတယ်။



အခုချိန်မှာဆိုရင်တော့ ပရိသတ်တို့မြင်တွေ့နေရတဲ့ အတိုင်း ဘဝကို ကောင်းမွန်စွာဖြင့် ပြန်လည်ရှင်သန်ထမြောက်သူအဖြစ် ဖြတ်သန်းနေတာပဲဖြစ်ပါတယ်။ ဟိုတလောလေးက မှ " တစ်ယောက်ထဲတိုက်တဲ့တိုက်ပွဲ" ဆိုပြီး တစ်ကိုယ်တော် တေးအယ်လ်ဘမ် အသစ်ထွက်ရှိခဲ့တာလည်းဖြစ်ပါတယ်။ သူရဲ့ သီချင်းခွေအသစ်ထဲမှာဆိုရင်တော့ ဘဝနဲ့ဆိုင်တဲ့ ပညာပေးသီချင်းတွေများစွာပါဝင်ပြီး ပကာသနတွေကို ဘေးဖယ်ပြီး ထုတ်ဖော်ရေးစပ်ခဲ့ တဲ့ စာသားများနဲ့ သီကုံးရေးစပ်ထားတာဖြစ်ပါတယ်။ သူဘဝရဲ့ အမှားတွေကို နောင်လာနောက်သားတို့ မမှားရလေအောင် ပညာပေးအနေနဲ့ ထုစစ်ရေးစပ်ထားတဲ့ သီချင်းများစွာပါဝင်နေပါတယ်။ မြို့ပြတိုက်တွေရဲ့ ညဉ်းငွေ့ဖွယ် အငွေ့အသက်တွေကို ဖယ်ရှားနိုင်တဲ့ တော သဘာဝရဲ့ သာယယာအေးချမ်းဖွယ် အကြောင်းအရာတွေကို ထည့်သွင်းရေးဖွဲ့ ထားတဲ့ "တော" သီချင်းဟာဆိုရင်လည်း ပရိသတ်အများအပြားရဲ့ ရင်ထဲသို့ ရောက်ရှိခဲ့တာဖြစ်ပါတယ်။ သူငယ်ချင်းဖြစ်တဲ့ အဆိုတော် J me ဟာဆိုရင် လည်း "ကိုယ့်သူငယ်ချင်းမလို့ ကိုယ့်ငါးချဉ်ကိုယ်ချဉ်တာ မဟုတ်ဖူး၊ ချဉ်ရအောင်လည်း သူက ငါးမှမဟုတ်တာ၊ ကြက်ဖ" ပဲဆိုပြီးချီးမွန်းခန်းဖွင့်ထားပါသေးတယ်။ အဆိုတော် J me သာတင်မက ပဲ အခြားအနုပညာရှင်ပေါင်းများစွာကလည်း ချီးမွန်းသြဘာပေးထားတာလည်းဖြစ်ပါတယ်။



အဆိုတော်ကြက်ဖဟာဆိုရင် သီချင်းဆိုတာတင်မက သရုပ်ဆောင် အနုပညာလောက ကို ပါဝင်ရိုက်ကူးခဲ့တာကိုပရိသတ်ကြီးတို့အနေနဲ့ မြင်တွေ့ခဲ့ရမှာဖြစ်ပါတယ်။ သူရဲ့ လူမှုကွန်ယက်တစ်ခုဖြစ်တဲ့ facebook စာမျက်နှာပေါ်တွင် ဘာသာရေး စာများကို အများဆုံး share ထားတာကိုတွေ့ရမှာပါ။ ဘဝအတွက် ခွန်အားဖြစ်စေမဲ့ positive thinking စာပေတွေကို သူရဲ့ ပရိသတ်အတွက် မျှဝေပေးနေတာပဲဖြစ်ပါတယ်။ ဒါဟာသူတစ်ကယ်ကို လူကောင်းတစ်ယောက်အဖြစ် အတိတ်ကို အရိပ်မဲကြီးမှ ရုံးထွက်စွန့်လွှတ်နိုင်သူအဖြစ် သက်သေပြ ဝန်ခံကတိပြုနေခြင်းဖြစ်ပါတယ်။ အဆိုတော် ကြက်ဖဟာဆိုရင် အမြဲပြုံးပျော်နေတက်သူတစ်ဦးဖြစ်ပြီး ရယ်မောခြင်းကအသက်ရှည်ဆေး တစ်ခွက်ဆိုတာ သူ့ရဲ့ အမူအရာအဟန်ပန်တွင် ပရိသတ်တို့သိမြင်နိုင်အောင် ထုတ်ဖော်ပြသနေခြင်းဖြစ်ပါတယ်။ အခုမှာဆိုရင် လည်း "We love Kyat Pha" gp ကနေတင်တဲ့ သူရဲ့ အခွီ video ကိုပြန် share ထားတာဖြစ်ပါတယ်။ ရယ်မောခြင်းက အသက်ရှည်ဆေးလို့ဆိုတဲ့ ကြက်ဖရဲ့ Tik Tok video လေးကိုကြည့်ပြီး ပရိသတ်ကြီးတို့ လည်းရယ်မောပျော်ရွှင် အသက်ရှည်စေ ရအောင် ပြန်လည်မျှဝေပေးလိုက်ခြင်းဖြစ်ပါတယ်။
source Thant Zaw






"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။